Knowledge

“ဖေ့စ်ဘုတ်သုံးနေတဲ့ မိန်းကလေးများ ဖတ်ရန်” (တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ)

fb သုံးနေတဲ့မိန်းကလေးများ ဖတ်ရန်ဖြစ်ရပ်မှန်ကို အနည်းငယ်သာပြောင်း၍ ရေးပါသည်

တစ်နေ့ ရုပ်ဖြောင့်ဖြောင့် လူလတ်ပိုင်းဓာတ်ပုံတင်ထားတဲ့ အကောင့်တစ်ခု မက်ဆင်ဂျာကနေ ညီမလေး အစ်ကိုစကားနည်းနည်း ပြောချင်လို့ ရလား “ဆိုပြီး စာဝင်လာတယ်

အကူအညီတစ်ခု တောင်းချင်လို့ပါတဲ့ ဟုတ်ကဲ့ လို့ရေးမိလိုက်တာနဲ့ ဗွီဒီယိုကော ခေါ်တာခံလိုက်ရတယ်။ ရုပ်ဖြောင့်သလောက် အပြောကောင်းလွန်းလှတဲ့သူ့ စကားတွေကြားမှာ ဖုန်းကို ပိတ်မပစ်ရက်အောင် ဖြစ်ခဲ့ရပါတယ်

”အပျိုလား” ဆိုတဲ့ သူ့စကားက ကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။ ခနလောက်ငိုင်နေပြီးမှ ကျမယောင်္ကျားနဲ့ ကျမ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ပို့ပေးလိုက်တယ်

“ညီမတို့ ချစ်သူတွေလား “ဆိုတဲ့ မေးခွန်းလေးက ကျမကို ကြည်နူးသွားစေပါတယ် ဘေးနားမှာ အိပ်ပျော်နေရှာတဲ့ သားလေးကို မလုံမလဲ ကြည့်လိုက်မိတယ်

ကျမယောကျာ်း လူရိုးကြီးကတော့ ယာတောက ပြန်မလာသေးပါဘူး။ ကျမ ထင်လိုက်တာက တစ်ခါတည်းနားအေးအောင် ဆိုပြီး အမှန်ကို ချပြလိုက်တာမှ ပိုဆိုးသွားပါတယ်

တိုတိုနဲ့ လိုရင်းကိုပြောရရင် ကျမ တို့ နေ့တိုင်းဖုန်းပြော ဖြစ်ခဲ့ပါတယ်။ သူ့ဖုန်းမလာရင် ကျမကစခေါ်တတ်နေပါပြီ ကျမယောက်ျား လူရိုးကြီးကတော့ ဘာမှ မသိရှာပါဘူး

သူ့ကတော့ ကျမကို သိပ်ပြီး ဂရုမစိုက်နိုင်ပါဘူး ယာတော နဲ့အိမ် ကူးနေတာနဲ့ သူ့ကျွဲတွေနဲ့တင် အချိန်ကုန်နေရှာတာပါ

ထင်ထားတဲ့အတိုင်း မျှော်လင့်ထားတဲ့အတိုင်း သူက ကျမကို သိပ်ချစ်ကြောင်းတွေ ပြောလာပါတော့တယ်။ ကျမအဖြေကိုတော့ မပြောတော့ပါဘူး သူက တစ်ဆင့်တက်လာပါတယ်

ကန်တော့ပါရှင် လင်မယားတွေကြားမှ ပြောရမဲ့စကားတွေကိုတစ် တစ်ခွခွပြောလာပါတယ်။ အစက နားမထောင်ရဲပေမဲ့ နောက်တော့ စွဲလမ်းလာပါတော့တယ်။ နောက်ဆုံးတော့ အပြင်မှာတွေ့ချင်တယ်တဲ့

ကျမယောက်ျားနဲ့ သားလေးမျက်နှာကို ဖြတ်ကနဲ မြင်ယောင်မိတယ်။ ကျမယောကျ်ားက ကျမကို သိပ်ချစ်ရှာပါတယ်။ သူရှာဖွေထားသမျှ ကျမကို အကုန်အပ်တယ်

ကျမ ပျင်းနေမှာစိုးလို့ဆိုပြီး ဖုန်းကိုတောင် သူမကိုင်ဘဲ ကျမကိုပဲပေးကိုင်ရှာတာပါ။ ငွေဆိုလည်းမစားရက် မသောက်ရက်နဲ့ သိန်းနှစ်ဆယ်လောက် စုမိနေပါပြီ။ ဒါနဲ့ပဲ မဖြစ်နိုင်ဘူး ထင်ပါတယ်ရှင် ဆိုပြီး ငြင်းဆန်လိုက်မိပါတယ်

သူက စိတ်မဆိုးတဲ့အပြင် မိန်းကလေး ပီသလို့ ပိုတောင်တန်ဖိုးထားမိပါတယ်ဆိုပြီး ပြောလာပါတယ်။ တစ်နေ့မှတော့ ကျမယောကျ်ားဝါးတောသွားတဲ့နေ့ သူ့ ဖုန်းဝင်လာပါတယ်

သူ ကျမတို့ ရွာထိပ်မှာရောက်နေတယ်တဲ့ တွေ့ချင်လွန်းလို့ အဝေးကြီးက လာခဲ့ရတာပါတဲ့ ခနလေးတွေ့ပါရစေတဲ့ မဆွတ်ခင်ကညွတ်မခြွေခင်က ကြွေချင်နေတဲ့ ကျမသားလေး အိပ်မောကျ ချိန်မှာ သွားတွေ့ဖြစ်ခဲ့ပါတယ်

ဘယ်လိုမှ ပြင်မရတော့တဲ့ အမှားပါပဲ မ ကျမ်းကျေလွန်းလှတဲ့ သူ့လက်တွင်းမှာ သူပြသမျှ နုခဲ့မိပါတော့တယ်။ လင်မေ့ သားမေ့နဲ့ မိုးလင်းခါနီးမှ အိမ်ပြန်ဖို့ သတိရပါတော့တယ်

သူကိုသူက “ကလေး”ကျမကသူကို “မောင်”ဆိုပြီး အခေါ်အဝေါ်တွေ ပြောင်းကုန်တဲ့ အထိပါပဲ။ ကျမ နောင်တမရပါဘူး အိမ်ကဟာကြီးလည်း အားမနာတော့ပါဘူး ကျမဘဝမှာ မောင်မှမောင်ပါပဲ

နောက်တစ်နေ့မောင်က မက်ဆင်ဂျာကနေ ကျမက မောင့်ပါးလေးကို နမ်းနေတဲ့ ပုံ လေးတစ်ပုံပို့တယ်။ နောက်တစ်ပုံ မောင်က ကျမ နှုတ်ခမ်းလေးကို နမ်းနေတဲ့ ပုံ ထပ်ပို့အပြီးမှာ ကျမ အံ့သြသွားတယ် မောင် ဘယ်အချိန်ရိုက်ထားပါလိမ့်

နောက်တစ်ခုက ဗွီဒီယိုမောင်နဲ့ ကျမနဲ့ ဘုရား,…. ဘုရား ရှက်လိုက်တာရှင် … နောက်တစ်ခါ ထပ်တွေ့အပြီးမှာတော့ ကျမလေ ကျမမောင့်လက်ခုပ်တွင်းက ရေ ဖြစ်သွားပါပြီ ဆားငံရည်သောက်မိတဲ့ ကျမ

လူရိုးကြီးနဲ့ သားလေးကို ရှိတယ်တောင် မထင်တော့ပါဘူး ကျမဘဝက မောင်မှမောင်ပါပဲ .. ကျမမျှော်လင့်ခဲ့ရတဲ့ တစ်နေ့ ဆိုက်ဆိုက်ရောက်လာခဲ့ရပါပြီ မောင်ကဘဝသစ်ထူ ထောင်ကြမယ်တဲ့ ဒီနေ့ည လာခိုးမယ်တဲ့ အရင်းအနှီးနဲ့ လုပ်ကိုင်စားသောက်ဖို့ ရှိသမျှငွေ ယူခဲ့ပါတဲ့ …

ကောင်းလိုက်တဲ့အကြံ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး ရှိရှိသမျှမချန် သားလေးလည်ပင်းက ခမည်းပေးထားတဲ့ ဆွဲကြိုးလေးတောင် အသာလေးဆွဲဖြုတ် မောင်နဲ့ ဘဝသစ်တစ်ခု ဖန်တီးဖို့ ဘယ်သူ့မှ မညှာနိုင်ပေါင် အပျော်ဆုံးည မောင်က ကိုယ်ပိုင်ကားလေးနဲ့ ကျမနေတဲ့ ရွာအထိ

လာခိုးမှာတဲ့ မျှော်တုန်းမျှော်စဲမှာပဲ ကိုယ်ပိုင်ကားလေးနဲ့ မောင်ရောက်လာခဲ့ပါတယ်။ ပျော်ရွှင်ခြင်းများစွာနဲ့ မောင်ခေါ်ရာ လိုက်ခဲ့မိပါပြီ။ ကားလေးပေါ်မှာပဲ ကျမ ဆန္ဒတွေပြည့်ဝခဲ့ရပါပြီ မနက်လင်းတော့မြို့တစ်မြို့တည်းမောင်းဝင်ခဲ့ကြတယ်

မောင်က မောင်တို့နှစ်ယောက် ဒီကားလေးနဲ့ ဆက်သွားရင် နောက်ကလိုက်လာ တဲ့သူတွေ ရိပ်မိသွားနိုင်တယ် အဲဒီတော့မောင်တို့ ကားပြောင်းစီးကြမယ်တဲ့ ရန်ကုန်က လူလိမ် လူရှုပ်တွေ များတယ်တဲ့ ကလေးစီက ရွှေငွေပစ္စည်းတွေဖုန်းနဲ့ငွေတွေ မောင့်စီပေးထားတဲ့

မောင့်ပစ္စည်းတွေနဲ့ ပေါင်းထားမယ်တဲ့ အရာရာ မောင့်သဘောပါမောင် တစ်နေရာရောက်တော့ လူတစ်ယောက်က ကျမနဲ့ မောင်စီးလာတဲ့ ကားလေးကို လာယူသွားတယ်။ ကားဂိတ်ကို ခြေလျင်လျောက်ကြတယ်

ကားဂိတ်ရောက်တော့ ကားတစ်စီးပေါ်မှာ နေရာယူလိုက်ကြတယ်။ မောင်က လူတွေရိပ်မိမှာစိုးလိုတဲ့ သူ့ကိုယ်သူ ဦးထုပ်ကို မျက်နှာမပေါ်အောင်ခပ်ငိုက်ငိုက်ဆောင်းထားပြီး ကျမခေါင်းကို ပုဝါခြုံခိုင်းထားတယ် မောင်ကကျမကို ခပ်တိုးတိုးလေးပြောတယ် ကလေးတဲ့ ….

မောင်တို့ တစ်ညလုံး ဘာမှမစားရသေးဘူးတဲ့ မောင်အစားအစာတွေ သွားဝယ်အုန်းမယ်တဲ့…. လိုက့်ခဲ့မယ်ဆိုတော့ လူတွေရိပ်မိမယ်တဲ့ ကားနေရာပျောက်မယ်တဲ့… ဆိုပြီး တစ်ယောက်တည်း ထွက်သွားတယ်

တော်တော်နဲ့ ပြန်မလာဘူး စိုးရိမ်လို့ ဖုန်းဆက်မယ်လုပ်တော့ ဖုန်းကမောင့်စီပါသွားပြီ ကားကထွက်တော့မယ် မောင်ကပေါ်မလာ။ ကားဆရာကြီးကို တောင်းပန်ပြီး ဆက်စောင့်ကြတယ် .. ။ ၁၅မိနစ်ထိမောင်က ပေါ်မလာတော့ခရီးသည်တွေက တင်းပြီ ကားဆရာကြီးလည်း

မတတ်သာတော့ ကျမကိုချထားခဲ့ပြီး ကားထွက်သွားခဲ့ပြီ … ကျမစိုးထိတ်စွာ ရပ်တည်မရစွာနဲ့ မောင့်ကို ဆက်စောင့်ခဲ့ပါတယ်။ နောက်ဆုံးတော့ မရှက်နိုင်တော့ပါဘူး ဟိုလူ့အကူညီတောင်း သည်လူ့ အကူညီတောင်းနဲ့ ရဲစခန်းရောက်ခဲ့ပါတော့တယ်

အထောက်အထား ဘာမှ မရှိ မှတ်မိတဲ့ မောင့်ဖုန်းနံပါတ် ကျမဖုန်းနံပါတ်တွေ ဆက်ကြည့်ကြတော့ တပ်ဆင်ထားခြင်းမရှိပါတဲ့…

မြိုအနှံ့ရှာကြ၊ စုံစမ်းစစ်ဆေးကြပေမဲ့ ခြေရာလည်းပျောက် ရေလည်း နောက်ခဲ့ပါပြီ နောက်ဆုံးတော့ သဘောကောင်းလွန်းတဲ့ ရဲကြီးတွေက ငွေကြေးကအစ ကူညီပေးကြလို့သာ ကျမရွာပြန်ရောက်ခဲ့ပါတယ်။ ကျမ ထင်ခဲ့တာ ဒီလိုမဟုတ်ဘူး ။ ကျမ မျှော်မှန်းခဲ့တာ တာ ဒီလိုတွေ မဟုတ်ခဲ့ဘူး

ကျမ မှားသွားပြီ မောင်အထင်ကြီးခဲ့သမျှ အားလုံး အလကားပဲ ဆိုတဲ့အတွေးတွေ နှမချင်းမစာနာ လုပ်ရက်လိုက်တာဆိုတဲ့ ဒေါသတွေထက် ကျမ ဘယ်လို အင်အားနဲ့ ရွာကိုဝင်ရမလဲ လူရိုးကြီးနဲ့ သားလေးထံ ဘယ်မျက်နှာနဲ့ပြန်ရမလဲ ကျမ ဝမ်းနည်းစိတ်ကြောင့် ငိုမိတယ် . . .

ကျမ မိဘတွေရဲ့ မျက်နှာကျမ ဆွေမျိုးတွေ ရဲ့မျက်နှာ ကျမ ပတ်ဝန်းကျင်မှာ ကျမ ဘယ်လိုမျက်နှာပြရမလဲ။ ကျမသာ အရင်ကတည်းက လင်နဲ့သားအပေါ်ကိုယ့်ချင်းစာစိတ် ရှိရင်ကျမတို့ မိသားစုဘဝလေး အခုလို ပျက်စီးမှာ မဟုတ်ဘူး

ခုတော့ ကျမ ခလေးတစ်ဖက်နဲ့ ကျမ ဘဝ ပျက်ပါပြီ .ကိုယ့်ကြောင့် မိသားစုဘဝ ပျက်ခဲ့တာကိုယ့် ယုံစားခဲ့တာ ။ FB က ပရိုဖိုင်လေးမှာကော်လံကတုံးအဖြူလေးနဲ့ ဆံပင်အတိုယောပုဆိုးလေးနဲ့ မောင်ကိုကျမ လူကြီး လူကောင်း ဆန်တယ်ဆိုပြီး

ယုံစားမိခဲ့တာ အဖေ အမေ မျက်နှာရယ် လင်နဲ့သားမျက်နှာရယ် တစ်သက်လုံး စောင့်ထိန်းခဲ့တဲ့ ကိုယ့်ကျင့်တရားရယ် ကိုယ့်ပေးဆပ်ရတော့မယ့် အရှက်သိက္ခာ အကြီးကြီးရယ် ။နောက်ထပ် သတိရတာက နိုင်လွန်ကြိုးခွေ တစ်ခု အခု ကျမ ဘာလုပ်သင့်လည်း

အစ်မ တို့ ညီမတို့ကော အဲလို ကြုံကြိုက်ခဲ့ရင် ဘယ်လိုဖြေရှင်း မလဲအရေးကြီးတယ် ။လိမ်နည်းအသစ်တွေ နဲ့ချည်းကပ်တက်တယ် ။ အမျိုးကောင်းသား ပုံစံနဲ့ချဉ်းကပ်ပါလိမ့်မယ်

ရိုးသားယောင်ဆောင် ချိုချိုသာသာ မိန်းမကြိုက် စကားတွေပြောပြီး ဆွဲဆောင် ပါလိမ့်မယ်။ သမီးရည်းစား အဆင့်ထိ ဆွဲယူပြီး အပြင်မှာ ချိန်းတွေ ဓါတ်ပုံတွေ တွဲရိုက်ပါလိမ့်မယ်

အဲ့ဒီအချိန်ရောက်ပြီဆိုရင် ရုန်းထွက်ဖို့ ခက်ပါလိမ့်မယ် သတိထားကြပါ။ လေလှိုင်းထဲက အချစ်တွေ စိတ်သာယာမှုတွေ နောက်မလိုက်ကြပါနဲ့။ မမြင်ဖူးတဲ့ လူတွေကို မယုံကြပါနဲ့။ မသင့်သော အရေးအသားမျာ းပါဝင်ပါက တောင်းပန်အပ်ပါသည်