News

မြန်မာ့အရေး အိမ်ဖြူတော်ကနေ တောင်းဆိုကြပြန်ပြီ

နိုင်ငံခြားသားများအပါအဝင်ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့အမေရိကန်ဩစတေးလျဂျပန်နဲ့အိန္ဒိယ၄နိုင်ငံtheQuadအဖွဲ့ကအာဏာသိမ်းမြန်မာစစ်တပ်ကိုထပ်မံတောင်းဆိုလိုက်ပါတယ်စက်တင်ဘာ ၂၄ ရက်နေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ ၄ နိုင်ငံထိပ်သီးဆွေးနွေးပွဲ အပြီး ထုတ်ပြန်တဲ့ကြေ ညာချက်မှာ ထဲ့သွင်းတောင်းဆိုထားတာပါ။ အာဆီယံဘုံသဘောတူညီချက်တွေကို

အမြန်အကောင်အထည်ဖေါ်ဖို့နဲ့ အကြမ်းဖက်တာတွေချက်ချင်းရပ်ဆိုင်းဖို့နဲ့ ဒီမိုကရေစီအမြန်ပြန်အသက်သွင်းဖို့လည်း ထပ်မံတောင်းဆိုထားတာတွေ့ရပါတယ်အမေရိကန်သမ္မတရဲ့ ကုလသမဂ္ဂညီလာခံမှာ ပြောခဲ့တဲ့မိန့်ခွန်းအရဆိုရင် သံတမန်နည်းလမ်းဖိအားပေးမူတွေကိုအရင်ကျိုးစားမယ့်အနေအထားရှိနေပါတယ်။ သံတမန်နည်းလမ်းနဲ့ဘယ်လိုမှ ဖြေရှင်းမရမှ စစ်ရေးနည်းလမ်းအသုံးပြုမယ်လို့ သမ္မတ

ဘိုင်ဒန်ကပြောထားပါတယ်၄ နိုင်ငံ the Quadအဖွဲ့ဟာတရုတ်ကိုထိမ်းချုပ်ကန့်သတ်ဖို့ရည်ရွယ်တာမို့မြန်မာနိုင်ငံအရေးမှာလည်းမြန်မာစစ်တပ်ကိုလွှမ်းမိုးနိုင်တဲ့တရုတ်နိုင်ငံကိုပိုမိုဖိအားပေးလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။…

ပြည်တွင်း အိမ်ခြံမြေစီးပွါးရေးဂယက်နဲ့ အာဖဂန်အရေးတွေမှာ ဗျာများနေတဲ့ တရုတ်ကိုပဲ ဝိုင်းဖိအားပေးမဲ့အနေအထားလို့ လေ့လာသူတွေက ယူဆပါတယ်။တရုတ်ကို ပစ်မှတ်ထား ဖိအားပေးခြင်းဟာ တရုတ်လိုလားသူတွေပါဝင်နေတဲ့ အာဆီယံကိုပါ အလိုအလျောက်ဖိအားပေးပြီးဖြစ်မယ်လို့ သူတို့က သုံးသပ်ပါတယ်

လေးပွင့်ဆိုင်ကွာဒ့်အဖွဲ့အစည်းအဝေး၏ပူးတွဲကြေငြာချက်မြန်မာ့အရေးနဲ့မြောက်ကိုရီးယားအရေးကိုအဖြေရှာဖို့သမ္မတဂျိူးဘိုင်ဒန်ကလေးပွင့်ဆိုင်ကွာဒ့်အစည်းအဝေးမှာတွေ့ဆုံဆွေးနွေးပြီးကြေငြာချက်တစ်ရပ် ထုတ်လိုက်ပါတယ် ။ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်ဟာ ကုလညီလာခံမှာရောက်နေတဲ့ အိန္ဒိယ ၊ ဂျပန် ၊ သြစတေးလျခေါင်းဆောင်တွေနဲ့ အစီအစဉ်မရှိပဲတွေ့ဆုံခဲ့ကြတာပါ ။ ဒါဟာ

ကွာဒ့်အဖွဲ့ဝင် ခေါင်းဆောင်တွေရဲ့ ပထမဦးဆုံးအကြိမ်လူခြင်းတွေ့ဆုံဆွေးနွေးမှု့ပါကွာဒ့်အဖွဲ့ရဲ့ပူးတွဲကြေငြာချက်ကတော့မြန်မာနိုင်ငံကအကြမ်းဖက်မှု့တွေရပ်တန့်ဖို့နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တောင်းဆိုထားတာပါ ။ ဒါ့အပြင် ကုလဆုံးဖြတ်နဲ့အညီ မြောက်ကိုရီးယားရဲ့ နယူကလီးယားလက်နက် ဖျက်သိမ်းရေး ကတိကို အကော င်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားပါတယ် ။…

ပူးတွဲကြေငြာချက်မှာ မြောက်ကိုရီးယားဟာ ရန်စမှု့တွေကို ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ် ။ ”ခိုင်မာတဲ့ဆွေးနွေးရေးအတွက်စားပွဲဝိုင်းပေါ်ကိုလာခဲ့ပါ”လို့လည်းဖိတ်ခေါ်ထားပါတယ်ကွာဒ့်ခေါင်းတွေဟာ မြောက်ကိုရီးယားဘက်က ပြန်ပေးဆွဲထားတဲ့ ကိစ္စကို ချက်ချင်းဖြေရှင်းခိုင်းထားပါတယ် ။ နယူကလီးယား ဒုံးလက်နက်တွေ ဆက်လက်စမ်းသပ်မှု့မျိူး မလုပ်ဖို့လည်း ပြင်းထန်စွာ

တားမြစ်လိုက်ပါတယ်မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန်ဖြင့် ဒီမိုကရေစီ ပြန် လည်ထူထောင်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ် ။ ဒါ့အပြင်လေးနိုင်ငံထိပ်သီးခေါင်းဆောင်တွေဟာASEAN Five Point Consensus ကို အမြန်ဆုံး အကောင်အထည်ဖော်ခိုင်းပါတယ် ။ ပူးတွဲကြေငြာချက်မှာ အင်ဒို-ပစိဖိတ်နဲ့ အခြားဘက်တွေမှာ ဒီမိုကရေစီကြံ့ခိုင်မှု့ကို တည်ဆောက်နိုင်ဖို့ ကတိပြုခဲ့ကြပါတယ် ။…

မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှု့တွေကိုချက်ချင်းရပ်တန့်ဖို့လိုအပ်ပြီးငြိမ်းချမ်းသောအဖြေကိုရှာဖို့တိုက်တွန်းထားပါတယ်။ပါတီအားလုံးဟာအပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှု့တွေလုပ်ရလိမ့်မယ်လို့ တောင်းဆိုထားပါတယဒါကတော့ နယူးယောက်မှာရောက်နေတဲ့ ကွာဒ့်လေးနိုင်ငံရဲ့ ခေါင်းဆောင်တွေ ဆွေးနွေးပွဲအပြီး ၊ ပူးတွဲကြေငြာချက်ပါ စာရေးသူရဲ့ ဝေဖန်သုံးသပ်မှု့မပါဝင်ပါဘူး