News

စစ္ေကာင္စီယာဥ္တန္းကို ခင္ဦး PDF က မိုင္းဆြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္ဘက္မွ အနည္းဆုံး ၁၂ဦး……..

စစ်ကောင်စီယာဉ်တန်းကို ခင်ဦး PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၂ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင်စက်တင်ဘာ၂၆ရက်ကနံနက်ပိုင်းကစစ်ကောင်စီတပ်ကားများကိုသုံးကြိမ်မိုင်းထောင်၍တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအနည်းဆုံး၁၂ဦး သေဆုံးကာ ဒဏ်ရာရရှိသူလည်း များပြားကြောင်း ခင်ဦးပြည်သူ့ကာ‌ကွယ်ရေးတပ်ဖွဲ့ (ခင်ဦး PDF) မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်

တစ်နေရာထဲ မိုင်းထောင်ရင် မသေမှာစိုးလို့ သူတို့ဖြတ်မဲ့လမ်းတွေမှာ သုံးကြိမ်သုံးနေရာ မိုင်းခွဲခဲ့တာပါ စစ်ကောင်စီဘက်က မြို့ပေါ်ကနေ လာကြပြီးအလောင်းလာကောက် ဒဏ်ရာရသူတွေကို ဆေးရုံပို့ကြတယ် အသက်ကယ်ရတော့မယ့် စစ်သားတွေကို ရွှေဘိုထိပို့တာ ရွှေဘို‌ဆေးရုံရောက်မှ ဆုံးတာ ၁၂ယောက်၊ ခင်ဦး‌ဆေးရုံ မှာတင် ဒဏ်ရာရလို့ ဆေးကုထားတာ လေးယောက်။ သေတာကလည်း ၁၂ယောက်မကလောက်ဘူး။ မိုင်းထိလို့ ဒဏ်ရာရသူကလည်း အများကြီး ဟု ခင်ဦး PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်

စစ်ကောင်စီတပ်များ ခင်ဦးမြို့နယ် မှန်တောရွာသို့ သွားပြီး ပြန်ထွက်လာရာ လမ်းတွင်တစ်ကြိမ်၊ မြကန်ရွာတွင် တစ်ကြိမ် ၊ကံသစ်ရွာနှင့် ခင်ဦးမြို့အကြားတွင်တစ်ကြိမ် မိုင်းဆွဲခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတွေ လာနိုင်မယ့်လမ်း ရွာသုံးရွာမှာ မြေမြှုပ်မိုင်းထောင်ခဲ့ကြတာပါ။ ရွာတစ်ရွာကိုဝင်စီးတယ်လို့ကြားလို့ လမ်းကနေစောင့်ပြီး ချိန်ကိုက်မိုင်းခွဲခဲ့တာပါ ခင်ဦး PDF အဖွဲ့ဝင် တစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်သားများသည် စက်တင်ဘာ ၂၆ ရက် နံနက် ၅နာရီအချိန်တွင် ခင်ဦးမြို့မှ ကံသစ်ရွာသို့ ဆိုင်ကယ် ၁၃စီး (၁စီးလျှင်‌ လူ နှစ်ယောက်)ဖြင့် ရောက်ရှိလာကာ ကံသစ်ရွာအရောက် စစ်ကားနှစ်စီး ဆိုင်ကယ်သုံးစီး ပြောင်းကာ နံနက်၅နာရီခွဲတွင် မှန်တောရွာကို ဝင်ရောက် မွှေနှောက်ခဲ့ကြောင်း သိရသည်။

ရွာဦးဘုန်းကြီးနဲ့ ကိုရင်တစ်ပါးကို ချုပ်ထားပြီး ရွာမှာသေနတ်တွေ အချက် ၅ဝလောက် ဖောက်တော့ တစ်ရွာလုံးထွက်ပြေးကြတာ။ အဲလိုပြေးကြတော့ သူတို့မြင်သမျှ လိုက်ပစ်တော့ ရွာသားတစ်ယောက် ခြေထောက်ကျည်ထိပီး

အခုခြေထောက်ဖြတ်လိုက်ရတယ်။ တစ်ယောက်ကတော့ သေသွားတယ်။ လာချောင်းကြည့်တဲ့ အသက်၃၅နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဖမ်းပီး လိုက်ပြခိုင်းတာ နောက်ကျမှ သူတို့ရှာချင်တာ ရှာမတွေ့လို့ ပြန်လွှတ်ပေးတယ်။ပြီးတော့ ပြန်ထွက်သွားတယ် ဟု ရွာခံတစ်ဦးက ပြောသည်။

ခင်ဦးမှာ စစ်ကောင်စီဘက်က ရွာတွေကို တောက်လျှောက်ဝင်ပီး ရှိတဲ့ပစ္စည်းတွေအကုန်ယူ ဓါးပြပုံစံ ဖြစ်လာတော့ ရွာတွေက စိုက်ပျိုးရေးတောင်ကောင်းကောင်းလုပ်မရတော့ဘူး။ ခင်ဦး-ရေဦးလမ်းမှာလည်း သူတို့မသင်္ကာရင် အကုန်ပစ်သတ် ရိုက်ဖမ်းနေတော့

လူမသွားကြတော့ဘူး။ ခင်ဦးမှာ စစ်ကောင်စီတွေဘက်က အသေဖိနှိပ်ထားသလို PDF တွေဘက်ကလည်း ဒလန်ရှင်းလင်းရေးနဲ့ တိုက်ခိုက်ရေးကို နေ့တိုင်းနီးပါးပြုလုပ်နေကြပါတယ် ဟု ခင်ဦးမြို့ခံ တစ်ဦးက ပြောသည်။

zawgyi

စစ္ေကာင္စီယာဥ္တန္းကို ခင္ဦး PDF က မိုင္းဆြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္ဘက္မွ အနည္းဆုံး ၁၂ဦး ေသဆုံး

စစ္ကိုင္းတိုင္း၊ခင္ဦးၿမိဳ႕နယ္တြင္စက္တင္ဘာ၂၆ရက္ကနံနက္ပိုင္းကစစ္ေကာင္စီတပ္ကားမ်ားကိုသုံးႀကိမ္မိုင္းေထာင္၍တိုက္ခိုက္ခဲ့ရာစစ္ေကာင္စီတပ္သားအနည္းဆုံး၁၂ဦး ေသဆုံးကာ ဒဏ္ရာရရွိသူလည္း မ်ားျပားေၾကာင္း ခင္ဦးျပည္သူ႔ကာ‌ကြယ္ေရးတပ္ဖြဲ႕ (ခင္ဦး PDF) မွ တာဝန္ရွိသူ တစ္ဦးက မဇၩိမကိုေျပာသည္

တစ္ေနရာထဲ မိုင္းေထာင္ရင္ မေသမွာစိုးလို႔ သူတို႔ျဖတ္မဲ့လမ္းေတြမွာ သုံးႀကိမ္သုံးေနရာ မိုင္းခြဲခဲ့တာပါ စစ္ေကာင္စီဘက္က ၿမိဳ႕ေပၚကေန လာၾကၿပီးအေလာင္းလာေကာက္ ဒဏ္ရာရသူေတြကို ေဆး႐ုံပို႔ၾကတယ္ အသက္ကယ္ရေတာ့မယ့္ စစ္သားေတြကို ေရႊဘိုထိပို႔တာ ေရႊဘို‌ေဆး႐ုံေရာက္မွ ဆုံးတာ ၁၂ေယာက္၊ ခင္ဦး‌ေဆး႐ုံ မွာတင္ ဒဏ္ရာရလို႔ ေဆးကုထားတာ ေလးေယာက္။ ေသတာကလည္း ၁၂ေယာက္မကေလာက္ဘူး။ မိုင္းထိလို႔ ဒဏ္ရာရသူကလည္း အမ်ားႀကီး ဟု ခင္ဦး PDF တပ္ဖြဲ႕ဝင္ တစ္ဦးက ေျပာသည္

စစ္ေကာင္စီတပ္မ်ား ခင္ဦးၿမိဳ႕နယ္ မွန္ေတာရြာသို႔ သြားၿပီး ျပန္ထြက္လာရာ လမ္းတြင္တစ္ႀကိမ္၊ ျမကန္ရြာတြင္ တစ္ႀကိမ္ ၊ကံသစ္ရြာႏွင့္ ခင္ဦးၿမိဳ႕အၾကားတြင္တစ္ႀကိမ္ မိုင္းဆြဲခဲ့ၾကျခင္းျဖစ္သည္။

စစ္ေကာင္စီေတြ လာနိုင္မယ့္လမ္း ရြာသုံးရြာမွာ ေျမျမႇုပ္မိုင္းေထာင္ခဲ့ၾကတာပါ။ ရြာတစ္ရြာကိုဝင္စီးတယ္လို႔ၾကားလို႔ လမ္းကေနေစာင့္ၿပီး ခ်ိန္ကိုက္မိုင္းခြဲခဲ့တာပါ ခင္ဦး PDF အဖြဲ႕ဝင္ တစ္ဦးကဆိုသည္။

စစ္ေကာင္စီတပ္သားမ်ားသည္ စက္တင္ဘာ ၂၆ ရက္ နံနက္ ၅နာရီအခ်ိန္တြင္ ခင္ဦးၿမိဳ႕မွ ကံသစ္ရြာသို႔ ဆိုင္ကယ္ ၁၃စီး (၁စီးလၽွင္‌ လူ ႏွစ္ေယာက္)ျဖင့္ ေရာက္ရွိလာကာ ကံသစ္ရြာအေရာက္ စစ္ကားႏွစ္စီး ဆိုင္ကယ္သုံးစီး ေျပာင္းကာ နံနက္၅နာရီခြဲတြင္ မွန္ေတာရြာကို ဝင္ေရာက္ ေမႊေႏွာက္ခဲ့ေၾကာင္း သိရသည္

ရြာဦးဘုန္းႀကီးနဲ႔ ကိုရင္တစ္ပါးကို ခ်ဳပ္ထားၿပီး ရြာမွာေသနတ္ေတြ အခ်က္ ၅ဝေလာက္ ေဖာက္ေတာ့ တစ္ရြာလုံးထြက္ေျပးၾကတာ။ အဲလိုေျပးၾကေတာ့ သူတို႔ျမင္သမၽွ လိုက္ပစ္ေတာ့ ရြာသားတစ္ေယာက္ ေျခေထာက္က်ည္ထိပီး

အခုေျခေထာက္ျဖတ္လိုက္ရတယ္။ တစ္ေယာက္ကေတာ့ ေသသြားတယ္။ လာေခ်ာင္းၾကည့္တဲ့ အသက္၃၅ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ကို ဖမ္းပီး လိုက္ျပခိုင္းတာ ေနာက္က်မွ သူတို႔ရွာခ်င္တာ ရွာမေတြ႕လို႔ ျပန္လႊတ္ေပးတယ္။ၿပီးေတာ့ ျပန္ထြက္သြားတယ္ ဟု ရြာခံတစ္ဦးက ေျပာသည္။

ခင္ဦးမွာ စစ္ေကာင္စီဘက္က ရြာေတြကို ေတာက္ေလၽွာက္ဝင္ပီး ရွိတဲ့ပစၥည္းေတြအကုန္ယူ ဓါးျပပုံစံ ျဖစ္လာေတာ့ ရြာေတြက စိုက္ပ်ိဳးေရးေတာင္ေကာင္းေကာင္းလုပ္မရေတာ့ဘူး။ ခင္ဦး-ေရဦးလမ္းမွာလည္း သူတို႔မသကၤာရင္ အကုန္ပစ္သတ္ ရိုက္ဖမ္းေနေတာ့

လူမသြားၾကေတာ့ဘူး။ ခင္ဦးမွာ စစ္ေကာင္စီေတြဘက္က အေသဖိႏွိပ္ထားသလို PDF ေတြဘက္ကလည္း ဒလန္ရွင္းလင္းေရးနဲ႔ တိုက္ခိုက္ေရးကို ေန႔တိုင္းနီးပါးျပဳလုပ္ေနၾကပါတယ္ ဟု ခင္ဦးၿမိဳ႕ခံ တစ္ဦးက ေျပာသည္။