တစ်ဖက်နဲ့တစ်ဖက်လုံးဝအလျော့မပေးဘဲတိုက်ပွဲပြင်းထန်နေတဲ့အချိန်ဟာအတော်လေးကိုဆိုးဝါးတဲ့အခြေအနေပါပဲဒီမော့ဆိုမြို့မှာအကြမ်းဖက်လက်နက်ကိုင်တွေနဲ့PDFတပ်သားတွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် PDF တပ်သားနှစ်ဦးဟာ ပြင်းထန်လွန်းတဲ့တိုက်ပွဲတွေကြားမှာ အဖွဲ့နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက် အဖွဲ့ဝင်တွေဟာလည်း
အတော်လေးကိုစိုးရိမ်ပူပန်နေခဲ့ကြပါတယ်ကံကောင်းထောက်မစွာနဲ့ပျောက်ဆုံးသွားသူနှစ်ဦးဆုံးစခန်းကိုဘေးမသီရန်မခဘဲပြန်လာနိုင်ကြပါတယ်ပြန်လာတဲ့လမ်းမှာလည်းအကြမ်းဖက်လက်နက်ကိုင်တွေရဲ့ရန်ကို ရှောင်ရှားနိုင်အောင် အမျိုးမျိုး ရုန်းကန်ခဲ့ရပြီး ကိုယ့်စခန်းကို အရောက်ပြန်လာနိုင်ခဲ့ကြတာပါ။ မိသွားခဲ့ရင် နှစ်ယောက်လုံး ရှင်သန်နိုင်ဖို့ဆိုတာ
ဘယ်လိုမှကိုမဖြစ်နိုင်ပါဘူးကံရောဉာဏ်ပါကောင်းလွန်းလို့ကိုယ့်စခန်းကိုအကောင်းအတိုင်းပြန်လာနိုင်တာကြောင့်လည်းတပ်ဖွဲ့ဝင်တွေကဝမ်းသာအားရနဲ့တပ်သားတွေဘေးကင်းကြောင်းလူမှုကွန်ယက်မှာ ပြောပြလာခဲ့ပါတယ်။ပြည်သူတွေဟာလည်း အခုလိုပြင်းထန်လွန်းတဲ့တိုက်ပွဲတွေကြားမှာ ဘေးလွတ်အောင် ရှောင်ပုန်းပြီး
ကိုယ့်စခန်းကိုအရောက်ပြန်လာနိုင်တဲ့တပ်သားလေးတွေအတွက် ဆုတောင်းစကားနဲ့ ဝမ်းသာစကား မှတ်ချက်တွေပေးခဲ့ကြပါတယ်။ အန္တရာယ်တွေကြားထဲက စခန်းကို အရောက်ပြန်နိုင်ခဲ့တဲ့ တပ်သားလေး နှစ်ယောက်ဟာလည်း အတော်လေးကိုကံကောင်းသူတွေပါပြင်းထန်လွန်းတဲ့တိုက်ပွဲတွေအမြန်အဆုံးသတ်ပြီးအရင်လိုပျော်ရွှင်လွတ်လပ်တဲ့မြန်မာပြည်ကြီးဖြစ်စေဖို့ပြည်သူအားလုံးမျှော်လင့်နေကြပါတယ်။
Zawgyi