News
ကျည်ကုန်သွားတာတောင် ဇွဲမလျှော့ဘဲ သူ့မှာရှိတဲ့လေးခွနဲ့ ကြိုးစားပမ်းစား
ယခုရက်ပိုင်းမှာတော့ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်မှာတိုက်ပွဲတွေနေ့စဥနဲ့အမျှဖြစ်ပွားနေတာတွေ့ရပါတယ်အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်ကအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် ကယားပြည်နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အားလုံးပူးပေါင်းတိုက်ခိုက်နေရတာ ဖြစ်ပါတယ်Demoso PDF,PDFLoikow,KNDF,KPDF ,K.A
တို့လိုကရင်နီတပ်ဖွဲ့တွေကအားလုံးပူးပေါင်းပြီးတိုက်ပွဲဝင်နေရတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ၂၅ရက်နေ့ကဖြစ်ပွားခဲ့တဲ့ကျောက်ဆည်ကန်တိုက်ပွဲမှာတော့LoikawPDFဘက်ကလူငယ်တစ်ဦးကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း ကျည်ကုန်သွားလို့ဆိုပြီး လေးခွနဲ့ပစ်နေတဲ့ PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်က လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့တာပဲ
ဖြစ်ပါတယ်ဒီဗီဒီယိုထဲPDFလူငယ်လေးကကျည်ကုန်သွားတာတောင်ဇွဲမလျှော့ဘဲသူ့မှာရှိတာလေးနဲ့ကြိုးစားပမ်းစားပစ်ခတ်နေတာဖြစ်ပါတယ်အဆုံးအစွန်အထိတိုက်ပွဲဝင်သွားမယ့်စိတ်ဓာတ်ကိုပြသခဲ့တဲ့PDF လူငယ်လေးရဲ့အပြုအမူကိုကြည့်ပြီး ပြည်သူတွေက လေးစားချီးကျူးနေကြသလို ဘေးကင်းစေဖို့ ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ် ။ KNDF
အဖွဲ့ကလူငယ်တစ်ဦးကတော့ဒီဗီဒီယိုဖိုင်ကိုမျှဝေပြီးပြည်သူတွေအနေနဲ့သူတို့လိုအပ်နေတာတွေကိုကူညီပေးဖို့တောင်းဆိုထားတာလည်းတွေ့ရပါတယ်ကျည်ကုန်သွားလို့ဆိုပြီးလေးခွထုတ်ကာကြိုးစားပမ်းစားလိုက်ပစ်နေတဲ့ PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်Source & Video Credit-Original Uploader
Zawgyi