News

အစားအသောက်ရှားပါးလွန်းလို့ မုန့်ဟင်းခါးအလှူရှင်လေး ပေါ်လာတုန်း အားပါးတရစားနေကြတဲ့ PDF လေးတွေရဲ့ ပုံရိပ်တစ်ချို့





Unicode

အစစအရာရာရှားပါးလွန်းတဲ့ အရပ်ဒေသမှာ ပျော်ရွှင်မှုတွေ လွတ်လပ်မှုတွေအားလုံးကိုစတေးပြီး ပြည်သူ့အောင်ပွဲအတွက် အနစ်နာခံ အပင်ပန်းခံပြီး စွန့်လွှတ်စွန့်စားနေကြတဲ့ PDF လူငယ်လေးတွေဟာ အစားအသောက်ရှားပါးတဲ့ပြဿနာအပြင် အနေအထိုင်ဆင်းရဲတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်နေကြ ရပါတယ်။ ရှိတာလေးနဲ့ဖြစ်သလိုစားသောက်နေထိုင်ပြီး ပင်ပန်းလွန်းတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို

အပြင်းအထန်ကြိုးစားနေတဲ့ PDF လေးတွေရဲ့ဘဝဟာ ထင်ထားတာထက်ပိုပြီးခက်ခဲကြမ်းတမ်းလွန်းပါ တယ်တခြားလူငယ်တွေကိုပျော်ရွှင်ရတာတွေမရှိဘဲ အသက်စွန့်ပြီးတောထဲသွားကာပင်ပန်းလွန်းတဲ့ စစ်ပညာတွေကိုကြိုးကြိုးစားစားသင်ယူနေခဲ့တာပါ။ ဒီနေ့မှာလည်း အလှူရှင်တစ်ယောက်က မုန့်ဟင်းခါး လှူဒါန်းပေးတဲ့အချိန်မှာ မစားရတာကြာတဲ့ အရသာမို့

ခေါင်းမဖော်စတမ်းစားနေကြတဲ့PDFတွေရဲ့ပုံရိပ်တွေဟာလူမှုကွန်ယက်မှာပျံ့နှံ့လာခဲ့ပါတယ်။ဇွန်းမရှိလို့မုန့်ဟင်းခါးပူပူကိုလက်နဲ့အားရပါးရစားနေကြတဲ့ပုံရိပ်တွေဟာဂရုဏာသက်စရာပါ။အားရပါးရစားနေတဲ့ PDF လေးတွေရဲ့ပုံရိပ်ကိုကြည့်ပြီး ပြည်သူတွေက ဂရုဏာသက်ကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။ ခက်ခဲပင်ပန်းတဲ့နေ့ရက်တွေကို

ရင်ဆိုင်ကျော်ဖြတ်ပြီးပြည်သူ့အောင်ပွဲအတွက်ကြိုးစားပေးနေကြသူတွေမို့ကျေးဇူးတင်ကြောင်းတွေလည်းပြောခဲ့ကြပါသေးတယ်မစားရတာကြာပြီဖြစ်တဲ့အရသာရှိရှိမုန့်ဟင်းခါတစ်ပွဲကိုအားရဝမ်းသာနဲ့စားနေကြပုံတွေဟာ အလှူရှင်တွေကိုရော ပုံရိပ်တွေမြင်တွေ့ရသူတွေအတွက်ပါ တကယ်ကို ပီတိဖြစ်စရာကောင်းလွန်းပါတယ်။သတင်းအရင်းမြစ်: Shine Htet Zaw’s FB Acc