Knowledge

အရေးကြီးပါတယ် ဒီအချိန်လက်ထဲရှိတဲ့ငွေကို တန်ဖိုးထားပါ

မြန်မာနိုင်ငံ ရဲ့ စီးပွားရေးထိခိုက်မှုပမာဏက တဖြေးဖြေးနဲ့အလွန်သိသာလာပါလိမ့်မယ်ခင်ဗျာ။

လုပ်ငန်းလည်ပတ်ဖို့ငွေကို အသဲအသန်လိုလာကြပါလိမ့်မယ်။ ဘဏ်ချေးငွေမလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြသနာကို ‌‌ဖြေရှင်းဖို့ လုပ်ရမယ့်နည်းလမ်း ၂ ခုပဲရှိပါတယ်

လုပ်ငန်းတွေကိုပိတ်သိမ်းမလား ရှိတဲ့ပစ္စည်းတွေ ထုခွဲရောင်းချပြီး လုပ်ငန်းကိုဆက်လက်လည်ပတ်မလား လုပ်ငန်းတွေ လည်ပတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်။

 

(ရွှေ)အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ သို့သော်သာမာန်လုပ်ငန်းရှင်အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏအများကြီး မရှိကြပါဘူး။

(ကား) လုပ်ငန်းရှင်တိုင်းမှာရှိပါတယ်။ ဒုတိယအမြန်ဆုံး ငွေဖော်လို့ရတဲ့ပိုင်ဆိုင်မှုပါ။ လုပ်ငန်းရပ်တန့်သွားတဲ့ သူတွေရဲ့ ၈၀% ခန့်သူတို့ကားတွေ ပြန်ရောင်းကြပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲမြန်မာပြည်ကလူတွေဟာ ‌ငွေသားပိုင်ဆိုင်မှုပမာဏရဲ့ ၅၀% ကျော်ကို ကားဝယ်ဖို့လွဲမှားစွာ အသုံးပြုထားကြတဲ့အတွက်ပါ ဥပမာ ငွေသားသိန်း ၅၀၀ ချမ်းသာသူက သိန်း ၃၀၀ တန်ကားလောက် ဝယ်စီးထားကြပါတယ်။

နောက်တစ်ချက်နှစ်ရှည် အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေ လစဉ်ပုံမှန်ငွေဆက်သွင်းဖို့ ခက်လာကြပါလိမ့်မယ်။ တချို့သိန်းထောင်ဂဏန်းကားတွေဆို ၅ နှစ်အရစ်ကျဝယ်ရင် တစ်လကို ၁၈ သိန်းနဲ့ သိန်း ၂၀ ခန့်ဘဏ်ကို လစဉ်သွင်းကြရပါတယ်။

ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီးငွေဖော်ကြပါလိမ့်မယ်အိမ် ။ လက်ရှိအချိန်မှာ ငွေဖော်ရအခက်ဆုံး ပိုင်ဆိုင်မှုပါ။ နေရာကောင်းလေးတွေသာ ဗိုက်နာဈေးနဲ့ ငွေဖော်လို့ရမှာဖြစ်ပြီး ကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။ဒီအချိန်ဝယ်မည့်အစား ငှားနေတာပိုကိုက်ပါတယ်။

အဲ့ဒီတော့အိမ်ခြံမြေဈေးကျနိုင်ပါတယ်။ ဘဏ်ရာဖြတ်တွေရဲ့ ကာလပေါက်ဈေးထက် တန်ဘိုးပိုဖြတ်ကာ ဘဏ်မှာပေါင်ထားကြတဲ့အိမ်ခြံမြေတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာလဲ စဉ်းစားစရာပါ။ငွေသားကိုင်ထားတဲ့သူကတော့ အကောင်းဆုံးပါ။ မိမိကြိုက်ရာ နေရာမှာ ချက်ခြင်းရင်းနှီးမြုပ်နှံလို့ရပါတယ်။ liquitidy ဖြစ်တယ်လို့ခေါ်ပါတယ်။

ရေဟာလေးဒေါင့်ခွက်ထဲထည့်ရင် လေးဒေါင့်ဖြစ်ပြီး အဝိုင်းခွက်ထဲထည့်ရင် အဝိုင်းဖြစ်တဲ့သဘောကိုဥပမာပြတာပါ။ ဒီအချိန်အထူးသတိထားသင့်တာက မကျွမ်းကျင်တဲ့လှိုင်းကို စီးဖို့မကြိုးစားပါနဲ့။ ‌မည်သူ့ကိုမှငွေမချေးပါနဲ့။ ချေးမိရင် သေချာပေါက်ဆုံးမယ့်ကာလပါ။

အစားအစာမှလွဲပြီး ကျန်တဲ့ပစ္စည်းတွေဝယ်မယ်ဆို လိုအပ်လားဆိုတာ ၃ ခါလောက် ပြန်စဉ်းစားပါ။ လုပ်ငန်းတွေအသက်ဆက်ဖို့ မလိုအပ်ပဲခန့်ထားတဲ့ ဝန်ထမ်းတွေကိုလျှော့ချရပါမယ်။ မလိုအပ်ပဲငှားထားတဲ့ နေရာငှားခတွေကို လျှော့ချရပါမယ်။

အောင်မြင်မှုရာခိုင်နှုန်းအနဲဆုံးဖြစ်နေတဲ့ ထုတ်ကုန်ကိုရပ်ဆိုင်း ရပါမယ်။ ဝန်ထမ်းရောအလုပ်ရှင်ပါ ပိတ်ရက်မရှိအတူတကွ ရုန်းကန်ကြရပါမယ်။ စိတ်ကိုပျော်အောင်ကြိုးစားပြီးနေပါ။

ကျွန်တော်ဆိုဝင်ငွေရှိတာမရှိတာထက် အလုပ်မလုပ်ပဲနေရရင် လုံးဝစိတ်မပျော်ပါဘူး။ တော်တော်အားတင်းပြီးနေရပါတယ်။မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ

Credit”