News

TSYU ႐ုံးဝန္ထမ္းတစ္ဦးနဲ႔ TEC ေဘာ္ဒါေဆာင္က ေၾကာင္းဆရာ ၅ ဦး ဖမ္းဆီးခံရ

TSYU ရုံးဝန်ထမ်းတစ်ဦးနဲ့ TEC ဘော်ဒါဆောင်က ကျောင်းဆရာ ၅ ဦး ဖမ်းဆီးခံရ
ရွှေဖီ​မြေ၊ စက်တင်ဘာ ၂၇ ရက်၊ လားရှို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ (TSYU)ရဲ့ ရုံးဝန်ထမ်းတစ်ဦးနဲ့ တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC)မှ ကျောင်းဆရာ ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်

စက်တင်ဘာ ၂၅ ရက် မနက် ၁၂ နာရီကျော်မှာ TSYU ရုံးဝန်ထမ်းဖြစ်သူ မိုင်းအောင်သက်ဦးနဲ့ TEC ဘော်ဒါဆောင်မှ ကျောင်းဆရာ မိုင်းနိုင်ဝင်း၊ မိုင်းညီလွယ်၊ မိုင်းဘဦး၊ မိုင်းအောင်သန်းဌေး၊ မိုင်းကျော်ဝင်းတို့ ၅ ဦးကို ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်

မိုင်းအောင်သက်ဦးရဲ့ သူငယ်ချင်းတစ်ဦးက သူတို့က အုတ်တံတိုင်းကျော်ပြီး ဝင်လာကြတာ အခန်းထဲ ဝင်လာပြီး သေနတ်နဲ့ချိန်တယ် မျက်နှာကို ပိတ်တယ် မလှုပ်နဲ့ ပြောပြီးတော့ မီးမဖွင့်ခိုင်းဘူးတဲ့

ယောကျာ်းလေး ၅ ယောက်ကို အိမ်ရှေ့က သမံတလင်းမှာ ဝမ်းလျားမှောက်ခိုင်းထားတယ် မိန်းကလေးတစ်ယောက်ကိုတော့ ဒူးထောက်ခိုင်းတယ်။ အိမ်ထဲလည်း အကုန်ဝင်မွှေတယ်ပြောတယ် လို့ ပြောပါတယ်

အောင်သက်ဦး ဘယ်သူလဲလို့မေးတော့ သူက ထူးလိုက်တာ အဲလိုနဲ့ အိမ်ထဲ သူ့ကို ခေါ်သွားပြီး မျက်နှာကို Mask နဲ့ အုပ်တယ် လက်ထိပ်ခတ်လိုက်တာတဲ့ ကျန်တဲ့သူတွေက ပညာရေး လုပ်နေသူနဲ့ ဧည့်သည်တွေ နောက် သူတို့ရဲ့ ဖုန်းထဲ ဘာမှမတွေ့တော့ မဖမ်းဘူး အောင်သက်ဦးရဲ့ ကွန်ပြူတာထဲ ရုံးဝန်ထမ်းတွေ သတင်းအချက်လက်မျှဝေတာ၊ NUG ရဲ့ ပညာရေး အချက်လက်တွေ့တော့ သူ့ကိုပဲ ဖမ်းသွားတာ ဆိုပြီး ၎င်းက ဆက်ပြောပါတယ်

ရပ်ကွက်(၁)နေ မိုင်းအောင်သက်ဦးကို လာဖမ်းစဉ်မှာ စစ်ကား အချုပ်ကားတွေနဲ့ အင်အား (၂၀)ကျော် ပါဝင်တဲ့ စစ်တပ်၊ ရဲဝတ်စုံ ဝတ်သူတွေအပါအဝင် အရပ်ဝတ်နဲ့ သေနတ်ကိုင်ဆောင်သူတွေဖြစ်ပြီး အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ မပါဝင်ကြောင်း ၎င်းက ဆိုပါတယ်

 

၁၂ နာရီကျော်ကနေ ၃ နာရီကျော်အထိ မွှေနှောက်စစ်ဆေးခဲ့့ပြီးနောက် ဖုန်း ၂ လုံး၊ ကွန်ပျူတာ ၁ လုံး၊ Hard disk ၁ ခုနဲ့ Tablet ဖုန်း ၁ လုံးတို့ကို ယူဆောင်သွားကြောင်း သိရပါတယ်။

ရပ်ကွက် (၁၀)ရှိ TEC ဘော်ဒါဆောင်မှာ လာရောက်စဉ် ဘော်ဒါဆောင်ဝန်းထဲ နေထိုင်တဲ့ ကျောင်းဆရာ ၅ ဦးကို ဖမ်းဆီးသွားခဲ့့ပြီး မျက်မြင်သက်သေ မရှိတဲ့အတွက် အသေးစိတ် အချက်လက် မသိရသေးကြောင်း

ဘော်ဒါဆောင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကား ၅ စီးနဲ့ ရောက်လာကြတယ်။ သိရသလောက်တော့ အုပ်ချုပ်ရေးမှူးတွေ မပါဘူး။

ဘေ်ဒါကိုရောက်မှ သူတို့က အုပ်ချုပ်ရေးမှူးကို လှမ်းအသိပေးတာတဲ့။ ဘော်ဒါဆောင်ထဲက အခန်းတွေမှာလည်း အကုန် ဝင်ရှာသွားကြတာ”
ဘော်ဒါဆောင်ထဲရှိ ဆိုင်ကယ် ၃ စီးလည်း ပျောက်ဆုံးနေပြီး စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားခြင်း ဟုတ်မဟုတ်ဆိုတာကိုတော့

သေချာမသိရသေးကြောင်းနဲ့ အာဏာသိမ်းတဲ့ ကာလအတွင်း ယခုကဲ့သို့ ၂ ကြိမ် လာရောက်စစ်ဆေးခံရပြီး ဖမ်းဆီးမှု မရှိကြောင်း ၎င်းက ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် မနေ့ စက်တင်ဘာ ၂၆ ရက်အထိ ၎င်းတို့ ၆ ဦးနဲ့ အဆက်သွယ် မရသေးကြောင်း သိရပါတယ်

zawgyi

TSYU ႐ုံးဝန္ထမ္းတစ္ဦးနဲ႔ TEC ေဘာ္ဒါေဆာင္က ေက်ာင္းဆရာ ၅ ဦး ဖမ္းဆီးခံရ
ေရႊဖီ​ေျမ၊ စက္တင္ဘာ ၂၇ ရက္၊ လားရွိုး

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရွိုးၿမိဳ႕အေျခစိုက္ တအာင္းေက်ာင္းသားနဲ႔ လူငယ္မ်ားအဖြဲ႕ (TSYU)ရဲ့ ႐ုံးဝန္ထမ္းတစ္ဦးနဲ႔ တအာင္းပရဟိတ ပညာေရးေဘာ္ဒါေဆာင္ (TEC)မွ ေက်ာင္းဆရာ ၅ ဦးကို စစ္ေကာင္စီတပ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားပါတယ္။

စက္တင္ဘာ ၂၅ ရက္ မနက္ ၁၂ နာရီေက်ာ္မွာ TSYU ႐ုံးဝန္ထမ္းျဖစ္သူ မိုင္းေအာင္သက္ဦးနဲ႔ TEC ေဘာ္ဒါေဆာင္မွ ေက်ာင္းဆရာ မိုင္းနိုင္ဝင္း၊ မိုင္းညီလြယ္၊ မိုင္းဘဦး၊ မိုင္းေအာင္သန္းေဌး၊ မိုင္းေက်ာ္ဝင္းတို႔ ၅ ဦးကို ဖမ္းဆီးသြားတာပဲ ျဖစ္ပါတယ္။

မိုင္းေအာင္သက္ဦးရဲ့ သူငယ္ခ်င္းတစ္ဦးက “သူတို႔က အုတ္တံတိုင္းေက်ာ္ၿပီး ဝင္လာၾကတာ။ အခန္းထဲ ဝင္လာၿပီး ေသနတ္နဲ႔ခ်ိန္တယ္။ မ်က္ႏွာကို ပိတ္တယ္။ မလႈပ္နဲ႔ ေျပာၿပီးေတာ့ မီးမဖြင့္ခိုင္းဘူးတဲ့။

ေယာက်ာ္းေလး ၅ ေယာက္ကို အိမ္ေရွ႕က သမံတလင္းမွာ ဝမ္းလ်ားေမွာက္ခိုင္းထားတယ္။ မိန္းကေလးတစ္ေယာက္ကိုေတာ့ ဒူးေထာက္ခိုင္းတယ္။ အိမ္ထဲလည္း အကုန္ဝင္ေမႊတယ္ေျပာတယ္” လို႔ ေျပာပါတယ္။

ေအာင္သက္ဦး ဘယ္သူလဲလို႔ေမးေတာ့ သူက ထူးလိုက္တာ။ အဲလိုနဲ႔ အိမ္ထဲ သူ႔ကို ေခၚသြားၿပီး မ်က္ႏွာကို Mask နဲ႔ အုပ္တယ္။ လက္ထိပ္ခတ္လိုက္တာတဲ့။ က်န္တဲ့သူေတြက ပညာေရး လုပ္ေနသူနဲ႔ ဧည့္သည္ေတြ ေနာက္ သူတို႔ရဲ့ ဖုန္းထဲ ဘာမွမေတြ႕ေတာ့ မဖမ္းဘူး။ ေအာင္သက္ဦးရဲ့ ကြန္ျပဴတာထဲ ႐ုံးဝန္ထမ္းေတြ သတင္းအခ်က္လက္မၽွေဝတာ၊ NUG ရဲ့ ပညာေရး အခ်က္လက္ေတြ႕ေတာ့ သူ႔ကိုပဲ ဖမ္းသြားတာ” ဆိုၿပီး ၎က ဆက္ေျပာပါတယ္။

ရပ္ကြက္(၁)ေန မိုင္းေအာင္သက္ဦးကို လာဖမ္းစဥ္မွာ စစ္ကား အခ်ဳပ္ကားေတြနဲ႔ အင္အား (၂၀)ေက်ာ္ ပါဝင္တဲ့ စစ္တပ္၊ ရဲဝတ္စုံ ဝတ္သူေတြအပါအဝင္ အရပ္ဝတ္နဲ႔ ေသနတ္ကိုင္ေဆာင္သူေတြျဖစ္ၿပီး အုပ္ခ်ဳပ္ေရးမႉး၊ ဆယ္အိမ္မႉး၊ ရာအိမ္မႉးေတြ မပါဝင္ေၾကာင္း ၎က ဆိုပါတယ္။

၁၂ နာရီေက်ာ္ကေန ၃ နာရီေက်ာ္အထိ ေမႊေႏွာက္စစ္ေဆးခဲ့့ၿပီးေနာက္ ဖုန္း ၂ လုံး၊ ကြန္ပ်ဴတာ ၁ လုံး၊ Hard disk ၁ ခုနဲ႔ Tablet ဖုန္း ၁ လုံးတို႔ကို ယူေဆာင္သြားေၾကာင္း သိရပါတယ္။

ရပ္ကြက္ (၁၀)ရွိ TEC ေဘာ္ဒါေဆာင္မွာ လာေရာက္စဥ္ ေဘာ္ဒါေဆာင္ဝန္းထဲ ေနထိုင္တဲ့ ေက်ာင္းဆရာ ၅ ဦးကို ဖမ္းဆီးသြားခဲ့့ၿပီး မ်က္ျမင္သက္ေသ မရွိတဲ့အတြက္ အေသးစိတ္ အခ်က္လက္ မသိရေသးေၾကာင္း

ေဘာ္ဒါေဆာင္မွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
“ကား ၅ စီးနဲ႔ ေရာက္လာၾကတယ္။ သိရသေလာက္ေတာ့ အုပ္ခ်ဳပ္ေရးမႉးေတြ မပါဘူး။

ေဘ္ဒါကိုေရာက္မွ သူတို႔က အုပ္ခ်ဳပ္ေရးမႉးကို လွမ္းအသိေပးတာတဲ့။ ေဘာ္ဒါေဆာင္ထဲက အခန္းေတြမွာလည္း အကုန္ ဝင္ရွာသြားၾကတာ”
ေဘာ္ဒါေဆာင္ထဲရွိ ဆိုင္ကယ္ ၃ စီးလည္း ေပ်ာက္ဆုံးေနၿပီး စစ္ေကာင္စီတပ္ဖြဲ႕က ယူေဆာင္သြားျခင္း ဟုတ္မဟုတ္ဆိုတာကိုေတာ့

ေသခ်ာမသိရေသးေၾကာင္းနဲ႔ အာဏာသိမ္းတဲ့ ကာလအတြင္း ယခုကဲ့သို႔ ၂ ႀကိမ္ လာေရာက္စစ္ေဆးခံရၿပီး ဖမ္းဆီးမႈ မရွိေၾကာင္း ၎က ဆိုပါတယ္။

စစ္ေကာင္စီက ဖမ္းဆီးသြားၿပီးေနာက္ မေန႔ စက္တင္ဘာ ၂၆ ရက္အထိ ၎တို႔ ၆ ဦးနဲ႔ အဆက္သြယ္ မရေသးေၾကာင္း သိရပါတယ္