Cele






Credit:Celelucky

unicode

ဘေးကင်းရာသို့ တိမ်းရှောင်ရင်း ကျွတ်ကျွတ်အိတ်ထဲ ရှိတာလေးထည့်ပြီးစားနေရပေမယ့် လုံးဝနောင်တမရကြောင်း ပြတ်သားစွာပြောလိုက်တဲ့ လူရွှင်တော် ပိုးလေး

ပရိသတ်ကြီးရေ လူရွှင်တော် ပိုးလေးကတော့ အာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန် သူတွေထဲတွင် တစ်ဦး အပါအဝင် ဖြစ်ပြီး လက်ရှိ မှာလည်း လွတ်မြောက်နယ်မြေ တစ်နေရာသို့ ရောက်ရှိနေပါတယ်နော်။ တော်လှန်ရေး တိုက်ပွဲအတွက် ရောက်ရာနေရာကနေ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်နော်။အခုလက်ရှိမှာတော့ တောထဲမှာ လုံခြုံမှုမရှိတဲ့အတွက် ဘေးကင်းရာသို့ တိမ်းရှောင်နေရပါတယ်နော်။

ဒါ့ကြောင့် သုံးရက်လောက် ဆိုရှယ်မီဒီယာ ပေါ်ကနေ ပျောက်ကွယ်နေ ခဲ့တာ ဖြစ်ပါတယ်နော်။ လိုင်းမိမိချင်းမှာပဲ ပိုးလေးရဲ့ လူမှုကွန်ယက် တွင် ပုံလေးတစ်ချို့ တင်ပေးလာခဲ့တာ ဖြစ်ပါတယ်နော်။ ဒါကတော့ ဘေးကင်းရာသို့ တိမ်းရှောင်ရင်း ကျွတ်ကျွတ်အိတ်ထဲ ရှိတာလေးထည့်ပြီးစားနေရပေမယ့် လုံးဝနောင်တမရကြောင်း ယတိပြတ်ပြောလာခဲ့တာ ဖြစ်ပါတယ်နော်။

သူကလည်း ” မင်း နောင်တရနေပြီ လားလို ့မမေးနဲ့ ဘယ်တော့ မှနောင်တမရဘူး။ဒါပေမယ့် မတူညီတဲ့ ဘဝတွေ မှာအတွေ့ကြုံတွေတော့အများကြီးရတယ်။ အာဏာရှင်တွေကို ဘယ်လိုပဲတော်လှန်ရ တော်လှန်ရ ကျေနပ်တယ်။ လို့ရေးသားလာခဲ့ပါတယ်နော်။ ပရိသတ်တွေကလည်း အာဏာရှင်တွေကို တော်လှန်နေတဲ့ လူရွှင်တော် ပိုးလေး အတွက် အားပေးစကားများ ပြောပေးသွားကြပါဦးနော်။

Credit:Celelucky