News

အီတိုးအား ဖမ်းဆီး ထိန်းသိမ်းရတဲ့ အကြောင်းပြချက်ကို စကစ ထုတ်ပြန်






unicode

ဇေယျာသော် နဲ့ ဆက်စပ်ပြီး ဖောက်ခွဲရေး ကိစ္စတွေမှာ ပတ်သက်နေတယ်လို့ အီတိုးကို စစ်ကောင်စီ စွပ်စွဲ

စစ်ကောင်စီရဲ့ ဖမ်းဆီး တာခံထား ရတဲ့ အဆိုတော်ဇော်ဝ င်းထွဋ်သား ဝင်းထွဋ်သော်တာ(ခ) အီတိုး(၃၁)နှစ် အီတိုးဟာ ဖြိုးဇေယျာသော် (၂၀၁၅ ဇမ္ဗူသီရိမြိုနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း နဲ့အဆက်အသွယ်လုပ်ပြီး ၊

ဖောက်ခွဲရေး လုပ်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီက ဒီနေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၅ရက်နေ့ တုန်းက ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အတူ တောင်ဥက္ကလာမှာ ဖမ်းမိခဲ့တဲ့

ကျော်ကိုလင်းနဲ့ စိုင်းပိုင်စိုးနောင်တို့ ဟာလည်း အီတိုးနဲ့ ဆက်စပ်ပတ်သက်နေ တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အီတိုး အပါအဝင် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး လက်လုပ်ဗုံး တွေနဲ့ အတူ ဖမ်းဆီးရမိတဲ့ တရားခံ တွေလို့ စစ်ကောင်စီက သူတို့ကို စွပ်စွဲ ထားပါတယ်

ပြီးတော့ TNLA အဖွဲ့မှာ အကြမ်းဖက် ဖောက်ခွဲရေး သင်တန်း တက်မယ့် လူငယ် ၄ ဦးကို အီတိုးက မေလတုန်းက အီတိုးက သူ့ကားနဲ့ ပြင်ဦးလွင် – နောင်ချိုကနေ တစ်ဆင့် မိုးကုတ်သွားတဲ့ ကားလမ်းပေါ်မှာရှိတဲ့ ပလောင်ရွာတစ်ရွာကို ပိုဆောင်ပေးခဲ့ပြီး၊ ဖြိုးဇေယျာသော် က တစ်ဆင့် NUG အဖွဲ့ကို အဖျက်လုပ်ငန်း စီမံချက် အကြံပြုစာတွေ Signal ကနေ မေလထဲမှာ ပေးပို့ခဲ့တယ်လို့ စွပ်စွဲထားပါသေးတယ်