News

ျမန္မာစစ္တပ္အေနျဖင့္ ဖမ္းဆီးထားသူမ်ား ခ်က္ခ်င္းလႊတ္ရန္ႏွင့္ အၾကမ္းဖက္မႈ႔မ်ား ရပ္ရန္ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးႏွင့္ ထိုင္းဒုဝန္ႀကီးခ်ဳပ္တို႔ ေတာင္းဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken သည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကို ဝါရှင်တန်ဒီစီတွင် ယနေ့တွေ့ဆုံပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားပါသည်

ဝန်ကြီးနှစ်ဦးတွေ့ဆုံရာတွင် အမေရိကန်-ထိုင်း ဆက်ဆံရေး တိုးမြှင့်ရေး၊ ကိုဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ လူ့အခွင့်အရေးတိုးမြှင့်ရေး၊ ရာသီဥတုပြောင်းလဲမှုအကျပ်အတည်း၊ ၂၀၂၂ APEC အစည်းအဝေးကိုထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံမည့် ကိစ္စများ အပြင် မြန်မာအရေးကို အထူးဦးစားပေး ဆွေးနွေးကြောင်း သိရှိရပါသည်

ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့က လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အကျပ်အတည်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်နှင့် အကျပ်အတည်းကို ဖြေရှင်းရန် ၊ မြန်မာစစ်တပ်အနေဖြင့် အကြမ်း ဖက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးရန် ပူးတွဲ တောင်းဆိုခဲ့ကြပါသည်

zawgyi

အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken သည္ ထိုင္းနိုင္ငံဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ နိုင္ငံျခားေရးဝန္ႀကီး Don Pramudwinai ကို ဝါရွင္တန္ဒီစီတြင္ ယေန႔ေတြ႕ဆုံၿပီး ျမန္မာ့အေရး ေတြ႕ဆုံေဆြးေႏြးေၾကာင္း အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနက တရားဝင္ သတင္းထုတ္ျပန္ထားပါသည္

ဝန္ႀကီးႏွစ္ဦးေတြ႕ဆုံရာတြင္ အေမရိကန္-ထိုင္း ဆက္ဆံေရး တိုးျမႇင့္ေရး၊ ကိုဗစ္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရး၊ လူ႔အခြင့္အေရးတိုးျမႇင့္ေရး၊ ရာသီဥတုေျပာင္းလဲမႈအက်ပ္အတည္း၊ ၂၀၂၂ APEC အစည္းအေဝးကိုထိုင္းနိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံမည့္ ကိစၥမ်ား အျပင္ ျမန္မာအေရးကို အထူးဦးစားေပး ေဆြးေႏြးေၾကာင္း သိရွိရပါသည္

ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္နိုင္ငံျခားေရးဝန္ႀကီး၊ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးတို႔က လက္ရွိ ျမန္မာနိုင္ငံတြင္ ၾကဳံေတြ႕ေနရသည့္ အက်ပ္အတည္းႏွင့္ပတ္သက္ၿပီး စိုးရိမ္ပူပန္ေၾကာင္း၊ အာဆီယံ၏ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ႏွင့္ အက်ပ္အတည္းကို ေျဖရွင္းရန္ ၊ ျမန္မာစစ္တပ္အေနျဖင့္ အၾကမ္း ဖက္မႈမ်ားကို ခ်က္ခ်င္းရပ္ဆိုင္းရန္ႏွင့္ ဖမ္းဆီးထားသူမ်ားကို ခ်က္ခ်င္းလႊတ္ေပးရန္ ပူးတြဲ ေတာင္းဆိုခဲ့ၾကပါသည္