News

တောရောမြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာ

တောရောမြိုပါမကျန်နည်းမျိုးစုံဖြင့်စစ်ဆင်ရေးလုပ်နေတဲ့စစ်ကောင်စီကအပစ်ရပ်ကြောင်းကြေညာမော်လမြိုင်စက်တင်ဘာ၂၈စစ်တပအာဏာသိမ်းပြီးနောက်တောရောမြို့ပါမကျန်နည်းမျိုးစုံဖြင့်စစ်ဆင်ရေး လုပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်ကြောင်း စက်တင်ဘာလ ၂၇ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ်သက်တမ်း၅လကြာထပ်တိုးကြောင်းစစ်ကောင်စီရဲ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အပစ်ရပ်ကာလကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ၂၈ရက်နေ့အထိ၅လကြာထပ်မံတိုးမြှင့်အပစ်ရပ်ဆိုင်းပေးတယ်လို့ဆိုထာပေမယ့်ခြွင်းချက်မရှိအပစ်ရပ်ဆိုင်းပေးထားတာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်

စစ်ကောင်စီရဲ့ကာကွယ်ရေးနဲ့အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေအပြင်လုံခြုံရေးနဲ့အုပ်ချုပ်ရေးယန္တရားတွေကိုနှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပတပ်မတော်ရဲ့စစ်ရေးလှုပ်ရှားမှုကိုရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်

အာဏာသိမ်းစစ်ကောင်စီဟာအပစ်ရပ်စဲကြောင်းတိုးမြှင့်ကြေညာနေပေမယ့်မြေပြင်မှာတော့တိုင်းရင်းသားနယ်မြေတွေထဲကိုစစ်အင်အားတိုးချဲ့တာ၊စစ်ရေးလှုပ်ရှားမှုတွေပိုမိုလုပ်ဆောင်လာနေတာဖြစ်ပါတယ်

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။သတင်းသံလွင်တိုင်းမ်

zawgyi





အာဏာသိမ်းစစ်ကောင်စီဟာအပစ်ရပ်စဲကြောင်းတိုးမြှင့်ကြေညာနေပေမယ့်မြေပြင်လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။သတင်းသံလွင်တိုင်းမ်