News

စစ်‌ကောင်စီတပ်သားများ ထွက်‌ပြေး

ကနီမြို့နယ်အတွင်း စက်တင်ဘာလ ၁၃ရက်နေ့က စစ်ကောင်စီတပ်များ တောင်တွင်းချောင် မိုင် ၄၀-၄၅ရှိ ခြေလျှင်ခရီးအဖြစ် နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် တပ်သား ၁၆ ဦး ထွက်ပြေးခဲ့တယ်လို့ နယ်မြေခံပြည်သူကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်

“ကျနော်တို့ဆီ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်‌နေ့က CDM လုပ်လာတဲ့ စစ်သား ၂ ဦး ရှိခဲ့တယ်။ နယ်မြေလုံခြုံရေးနဲ့ သူတို့လုံခြုံရေးထိခိုက်မှာစိုးတာကြောင့် သတင်းမထုတ်သေးဘဲ နေခဲ့တာဗျ။ အခုတော့ သူတို့ကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေစခန်းဆီ ပို့ခဲ့ပြီဗျ

အတူ ထွက်ပြေးခဲ့တာ သူတို့အပါအဝင် ၁၆ ဦးလို့ ပြောတယ်။ အကုန် နှစ်ယောက်တစ်စု၊ သုံးယောက် တစ်စုခွဲပြီး ပြေးခဲ့ကြတယ်လို့တော့ ပြောတာပဲ” လို့ ကနီမြို့ ပြည်သူ့တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက ပြောပါတယ်

ကနီမြို့နယ်က ထွက်ပြေးပြီး CDM ပြုလုပ်ခဲ့တဲ့ စစ်သား ၂ ဦးဟာ ဖြိုးဝေစိုးနဲ့ ဝင်းဇော်ထူးတို့ ဖြစ်ကြပါတယ်

ကျန်တပ်သားတွေကတော့ ဝင်းကိုကို၊ နေလင်းထွန်း၊ ဟိန်းမင်း၊ ထက်နောင်ထွန်း၊ လက်တင်သောင်၊ စောထူဝါး၊ ရန်နိုင်ထွန်း၊ ထက်လင်းအောင် (ကရင်)၊ ကျော်လင်းဦး၊ အောင်ဌေးကျော် (စနိုက်ဘာ)၊ အောင်ကောင်းမြတ်တို့ ၁၁ ဦးဖြစ်ပြီး ကျန်သူတွေက အမည်မသိရသေးဘူးလို့ ဆိုပါတယ်

အခု ထွက်ပြေးလာတဲ့ စစ်သားတွေဟာ မော်လိုက်မြို့ အခြေစိုက် ခမရ (၃၆၅) က ဖြစ်တယ်လို့ ကနီမြို့နယ်ပြည်သူကာကွယ်ရေးခေါင်ဆောင်ဆီက သိရပါတယ်source-DVB

Zawgyi

ကနီၿမိဳ႕နယ္အတြင္း စက္တင္ဘာလ ၁၃ရက္ေန႔က စစ္ေကာင္စီတပ္မ်ား ေတာင္တြင္းေခ်ာင္ မိုင္ ၄၀-၄၅ရွိ ေျခလွ်င္ခရီးအျဖစ္ နယ္ေျမရွင္းလင္းေရးဝင္ေရာက္စဥ္ တပ္သား ၁၆ ဦး ထြက္ေျပးခဲ့တယ္လို႔ နယ္ေျမခံျပည္သူကာကြယ္ေရးအဖြဲ႕ေတြဆီက သိရပါတယ္

“က်ေနာ္တို႔ဆီ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၃ ရက္‌ေန႔က CDM လုပ္လာတဲ့ စစ္သား ၂ ဦး ရွိခဲ့တယ္။ နယ္ေျမလုံၿခဳံေရးနဲ႔ သူတို႔လုံၿခဳံေရးထိခိုက္မွာစိုးတာေၾကာင့္ သတင္းမထုတ္ေသးဘဲ ေနခဲ့တာဗ်။ အခုေတာ့ သူတို႔ကို တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမစခန္းဆီ ပို႔ခဲ့ၿပီဗ်

အတူ ထြက္ေျပးခဲ့တာ သူတို႔အပါအဝင္ ၁၆ ဦးလို႔ ေျပာတယ္။ အကုန္ ႏွစ္ေယာက္တစ္စု၊ သုံးေယာက္ တစ္စုခြဲၿပီး ေျပးခဲ့ၾကတယ္လို႔ေတာ့ ေျပာတာပဲ” လို႔ ကနီၿမိဳ႕ ျပည္သူ႔ေတာ္လွန္ေရး ေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္

ကနီၿမိဳ႕နယ္က ထြက္ေျပးၿပီး CDM ျပဳလုပ္ခဲ့တဲ့ စစ္သား ၂ ဦးဟာ ၿဖိဳးေဝစိုးနဲ႔ ဝင္းေဇာ္ထူးတို႔ ျဖစ္ၾကပါတယ္

က်န္တပ္သားေတြကေတာ့ ဝင္းကိုကို၊ ေနလင္းထြန္း၊ ဟိန္းမင္း၊ ထက္ေနာင္ထြန္း၊ လက္တင္ေသာင္၊ ေစာထူဝါး၊ ရန္ႏိုင္ထြန္း၊ ထက္လင္းေအာင္ (ကရင္)၊ ေက်ာ္လင္းဦး၊ ေအာင္ေဌးေက်ာ္ (စႏိုက္ဘာ)၊ ေအာင္ေကာင္းျမတ္တို႔ ၁၁ ဦးျဖစ္ၿပီး က်န္သူေတြက အမည္မသိရေသးဘူးလို႔ ဆိုပါတယ္

အခု ထြက္ေျပးလာတဲ့ စစ္သားေတြဟာ ေမာ္လိုက္ၿမိဳ႕ အေျခစိုက္ ခမရ (၃၆၅) က ျဖစ္တယ္လို႔ ကနီၿမိဳ႕နယ္ျပည္သူကာကြယ္ေရးေခါင္ေဆာင္ဆီက သိရပါတယ္ source-DVB