News

ခရီးသွားလုပ်ငန်းများလုံခြုံစိတ်ချစွာပြန်စနိူင်အောင်စီစဉ်နေပြီလိုဆို

ကပ်ဘေးကန့်သတ်ချက်တွေကြောင့် မြန်မာကို လာရောက်လည်ပတ်တဲ့ နိုင်ငံတကာပြည်ဝင်ခရီးစဉ်တွေ ရပ်ဆိုင်းသွားခဲ့ပေမဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်း ပြန်စနိုင်ဖို့ လုပ်နေပြီဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာပါတယ်

စက်တင်ဘာလ ၂၇ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ရော နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပါ ပေးပို့တဲ့စာမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်

ခရီးသွားလုပ်ငန်းပြန်လည်စတင်ဖို့ ပြည်တွင်းအပြင် ပြည်ပခရီးသွားတွေရဲ့ ယုံကြည်မှုကို တည်ဆောက်ရေးဟာ အရေးပါတာကြောင့် ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအပြင် ဘေးကင်းတဲ့ဝန်ဆောင်မှု အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပြီလို့လည်းသူက ပြောပါတယ်

ခရီးသွားလုပ်ငန်းကဏ္ဍမှာ ဝန်ဆောင်မှု ပေးနေသူတွေကို ကပ်ရောဂါကာကွယ်ရေး သင်တန်းပေးတာ၊ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ကဏ္ဍတွေမှာ ကပ်ရောဂါဆိုင်ရာ ဘေးကင်းမှုစံနှုန်း၊ လမ်းညွှန်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေအဖြစ် ဒေသတွင်းအဆင့်၊ အမျိုးသားအဆင့်နဲ့ နိုင်ငံတကာအဆင့် အသိအမှတ်ပြုတဲ့လက်မှတ်တွေ ထုတ်ပေးသွားဖို့လည်းရှိတယ်လို့ သူကပြောပါထားတယ်

zawgyi

ကပ္ေဘးကန႔္သတ္ခ်က္ေတြေၾကာင့္ ျမန္မာကို လာေရာက္လည္ပတ္တဲ့ နိုင္ငံတကာျပည္ဝင္ခရီးစဥ္ေတြ ရပ္ဆိုင္းသြားခဲ့ေပမဲ့ ျပည္တြင္းခရီးသြားလုပ္ငန္းေတြနဲ႔ ခရီးသြားလုပ္ငန္း ျပန္စနိုင္ဖို႔ လုပ္ေနၿပီဆိုၿပီး အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာလာပါတယ္

စက္တင္ဘာလ ၂၇ ရက္ေန႔မွာက်ေရာက္တဲ့ ကမၻာ့ခရီးသြားလုပ္ငန္းေန႔ အခမ္းအနားမွာ စစ္ေကာင္စီဥကၠ႒အေနနဲ႔ေရာ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အေနနဲ႔ပါ ေပးပို႔တဲ့စာမွာ သူက အခုလို ေျပာလိုက္တာျဖစ္ပါတယ္

ခရီးသြားလုပ္ငန္းျပန္လည္စတင္ဖို႔ ျပည္တြင္းအျပင္ ျပည္ပခရီးသြားေတြရဲ့ ယုံၾကည္မႈကို တည္ေဆာက္ေရးဟာ အေရးပါတာေၾကာင့္ ကိုဗစ္ကပ္ေရာဂါကာကြယ္ေရးအျပင္ ေဘးကင္းတဲ့ဝန္ေဆာင္မႈ အသိအမွတ္ျပဳလက္မွတ္ေတြကို ထုတ္ေပးနိုင္ဖို႔ ေဆာင္ရြက္ေနၿပီလို႔လည္းသူက ေျပာပါတယ္

ခရီးသြားလုပ္ငန္းက႑မွာ ဝန္ေဆာင္မႈ ေပးေနသူေတြကို ကပ္ေရာဂါကာကြယ္ေရး သင္တန္းေပးတာ၊ ခရီးသြားလုပ္ငန္းနဲ႔ဆက္စပ္တဲ့က႑ေတြမွာ ကပ္ေရာဂါဆိုင္ရာ ေဘးကင္းမႈစံႏႈန္း၊ လမ္းညႊန္ခ်က္နဲ႔ ကိုက္ညီတဲ့ ဝန္ေဆာင္မႈေတြအျဖစ္ ေဒသတြင္းအဆင့္၊ အမ်ိဳးသားအဆင့္နဲ႔ နိုင္ငံတကာအဆင့္ အသိအမွတ္ျပဳတဲ့လက္မွတ္ေတြ ထုတ္ေပးသြားဖို႔လည္းရွိတယ္လို႔ သူကေျပာပါထားတယ္