News

စစ္ေကာင္စီ၏ ၅ လ အပစ္ရပ္စဲေရးအေပၚ ‌ေၾကျငာခ်က္ကိုလံုးဝမယုံၾကည္‌ဟု KNU ေျပၾကား

ငဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသ‌ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်း ရေး ရရှိရေးအတွက် သော်လည်းကောင်း၊ မကြာမီကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် (၅)လကြာ စစ်ရေးလှုပ်ရှားမှုများရပ်စဲကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်

အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ လက်တွေ့ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ယနေ့ အပစ်ရပ်ဆိုပြီး ယနေ့ စစ်ကြောင်း ထိုးတာမျိုးများကြောင့် ယုံကြည်၍မရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဆိုပါသည်

ပဒိုစောတောနီး တကယ်တမ်း လက်တွေ့ကျတာ လုပ်ရပ်ပေါ်မှာပဲ ကျနော်တို့ ကြည့်ရမှာ၊ ပြည်‌ထောင်စုနေ့ပဲ ပြောပြော၊ လွတ်လပ်ရေးနေ့ပဲ ပြောပြော၊ ဘာနေ့ပဲ ပြောပြော၊ တကယ်တမ်းကြတော့ ကျနော်တို့ အ ပေါ်မှာ စိတ်ထားက ဘယ်လိုရှိ တယ် လုပ်ရပ်တွေက ဘယ်လိုရှိတယ်

အဲတာတွေပဲ ကြည့်တာ အခုပါးစပ်နဲ့ ပြောတာ ဘယ်လိုမှ လက်ခံလို့မရဘူး လက်နဲ့ လုပ်ပြတဲ့ဟာပဲ ကျ‌နော်တို့ ယုံရတော့မှာ ဘာဖြစ်လို့လည်းဆိုတော့ အပစ်အခတ် ရပ်စဲရေးဆိုတာ ကျနော်တို့ အဖွဲ့မှ မဟုတ်ဘူး အားလုံးတူတူပဲ အပစ်အခတ်ရပ်စဲရေး ဒီနေ့လုပ်တယ် ဒီနေ့ပဲ ကျနော်တို့ ဆီ ဝင်ပြီးချတယ်။ ဒါဘယ်လိုလုပ် ယုံလို့ရမလဲ ဟု ပြောသည်

မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် အစိုးရ၏ လုံခြုံ ရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ  ၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့သည်

zawgyi

ငဗစ္ – ၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္၊ ကုသ‌ေရး လုပ္ငန္းမ်ားကို ထိေရာက္စြာ ေဆာင္ရြက္နိုင္ေရးႏွင့္ ထာဝရ ၿငိမ္းခ်မ္း ေရး ရရွိေရးအတြက္ ေသာ္လည္းေကာင္း၊ မၾကာမီက်ေရာက္မည့္ ၇၅ ႏွစ္ေျမာက္ စိန္ရတု ျပည္ေထာင္စုေန႔ကို ႀကိဳဆိုေသာ အားျဖင့္  ၅ လၾကာ စစ္ေရးလႈပ္ရွားမႈမ်ားရပ္စဲေၾကာင္း စစ္ေကာင္စီက စက္တင္ဘာ ၂၇ ရက္တြင္ ေၾကညာခဲ့သည္

အဆိုပါ အပစ္အခတ္ရပ္စဲေရးမွာ လက္ေတြ႕ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း၊ ယေန႔ အပစ္ရပ္ဆိုၿပီး ယေန႔ စစ္ေၾကာင္း ထိုးတာမ်ိဳးမ်ားေၾကာင့္ ယုံၾကည္၍မရေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ၏ နိုင္ငံျခားေရးတာဝန္ခံ ပဒိုေစာေတာနီးက ဆိုပါသည္

ပဒိုေစာေတာနီး တကယ္တမ္း လက္ေတြ႕က်တာ လုပ္ရပ္ေပၚမွာပဲ က်ေနာ္တို႔ ၾကည့္ရမွာ၊ ျပည္‌ေထာင္စုေန႔ပဲ ေျပာေျပာ၊ လြတ္လပ္ေရးေန႔ပဲ ေျပာေျပာ၊ ဘာေန႔ပဲ ေျပာေျပာ၊ တကယ္တမ္းၾကေတာ့ က်ေနာ္တို႔ အ ေပၚမွာ စိတ္ထားက ဘယ္လိုရွိ တယ္ လုပ္ရပ္ေတြက ဘယ္လိုရွိတယ္

အဲတာေတြပဲ ၾကည့္တာ အခုပါးစပ္နဲ႔ ေျပာတာ ဘယ္လိုမွ လက္ခံလို႔မရဘူး လက္နဲ႔ လုပ္ျပတဲ့ဟာပဲ က်‌ေနာ္တို႔ ယုံရေတာ့မွာ ဘာျဖစ္လို႔လည္းဆိုေတာ့ အပစ္အခတ္ ရပ္စဲေရးဆိုတာ က်ေနာ္တို႔ အဖြဲ႕မွ မဟုတ္ဘူး အားလုံးတူတူပဲ အပစ္အခတ္ရပ္စဲေရး ဒီေန႔လုပ္တယ္ ဒီေန႔ပဲ က်ေနာ္တို႔ ဆီ ဝင္ၿပီးခ်တယ္ ဒါဘယ္လိုလုပ္ ယုံလို႔ရမလဲ ဟု ေျပာသည္

ျမန္မာနိုင္ငံ တစ္ဝွမ္းလုံး၌ နိုင္ငံေတာ္ ကာကြယ္ေရးႏွင့္ အုပ္ခ်ဳပ္မႈဆိုင္ရာ ကိစၥရပ္မ်ားအျပင္ အစိုးရ၏ လုံျခဳံ ေရးႏွင့္ အုပ္ခ်ဳပ္ေရး ယႏၲရားမ်ားအား ေႏွာင့္ယွက္ထိပါး တိုက္ခိုက္ခ်ိန္မွအပ တပ္မေတာ္၏ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားကို ေအာက္တိုဘာ ၁ ရက္မွ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔အထိ  ၅ လၾကာ ထပ္မံတိုးျမႇင့္ ရပ္စဲလိုက္ေၾကာင္း စစ္ေကာင္စီက ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္