အာဏာသိမ်းပြီးကတည်းက ဒန်အိုးတီးတာ တစ်ရက်မှ မပျက်တဲ့ အင်ဒိုနီးရှားသူ
မြန်မာအာဏာရူးစစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ည (၈) နာရီတိုင်း ဒန်အိုးတီး မပျက်သူကတော့ အင်ဒိုနီးရှား နိုင်ငံက Yuyun Wahyuningrum ပဲဖြစ်ပါတယ်။
Yuyun ဟာ အင်ဒိုနီးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်ဖြစ်ပါတယ်။ အာဆီယံအစိုးရနဲ့ အာဆီယံလူ့အခွင့်အရေးကော်မရှင်တွေတွေ့ဆုံဆွေးနွေးတိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အပြင်းအထန်ဝေဖန်ဆန့်ကျင်သူလည်းဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်တက်ရောက်ခဲ့တဲ့ Asean Intergovernmental Comission on Human Rights အစည်းအဝေးမှာ စစ်တပ်ရဲ့လူမဆန်မှုတွေနဲ့ပတ်သက်လို့ ဦးဝဏ္ဏမောင်လွင်ကို တိုက်ရိုက်ပြောဆို ဝေဖန်ရှုတ်ချခဲ့သူပါ။
စကစသတင်းတွေမှာတော့ သူတို့ကိုယ်စားလှယ်ဘာတွေပြောခဲ့တယ်ဆိုတာပဲဖေါ်ပြလေ့ရှိပြီး ဘယ်သူက ဘာတွေပြန်မေးခွန်းထုတ် လို့ ဘယ်လို ရှုတ်ချခဲ့လဲဆိုတာတွေဖေါ်ပြလေ့မရှိပါဘူး။
Yuyan ဟာ အင်ဒိုနီးရှားအပါအဝင်အာဆီယံနိုင်ငံတွေရဲ့ တွေဝေမှု ကြားနေအသံတိတ်မှုတွေကို အမြဲဝေဖန်နေသူလည်းဖြစ်ပါတယ်။
မြန်မာပြည်သူတွေဘက်က ရပ်တည်တယ်ဆိုတာ အင်ဒိုအစိုးရအပါအဝင်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသိဖို့ မြန်မာအချိန်ည ၈ နာရီတိုင်း ဒန်အိုးတီးနေတဲ့ပုံကို သူ့ရဲ့လူမှုကွန်ယက်မှာ နေ့စဉ်တင်နေသူ အမျိုးသမီးလည်းဖြစ်ပါတယ်။
Zawgyi
အာဏာသိမ္းၿပီးကတည္းက ဒန္အိုးတီးတာ တစ္ရက္မွ မပ်က္တဲ့ အင္ဒိုနီးရွားသူ
ျမန္မာအာဏာ႐ူးစစ္တပ္အာဏာသိမ္းၿပီးကတည္းက ျမန္မာျပည္သူေတြကို ေထာက္ခံအားေပးတဲ့အေနနဲ႔ ည (၈) နာရီတိုင္း ဒန္အိုးတီး မပ်က္သူကေတာ့ အင္ဒိုနီးရွား ႏိုင္ငံက Yuyun Wahyuningrum ပဲျဖစ္ပါတယ္။
Yuyun ဟာ အင္ဒိုနီးရွားႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ကိုယ္စားလွယ္ျဖစ္ပါတယ္။ အာဆီယံအစိုးရနဲ႔ အာဆီယံလူ႔အခြင့္အေရးေကာ္မရွင္ေတြေတြ႕ဆုံေဆြးေႏြးတိုင္းမွာ အာဏာသိမ္းစစ္တပ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကို အျပင္းအထန္ေဝဖန္ဆန္႔က်င္သူလည္းျဖစ္ပါတယ္။
အာဏာသိမ္း စစ္တပ္ကိုယ္စားလွယ္ ဦးဝဏၰေမာင္လြင္တက္ေရာက္ခဲ့တဲ့ Asean Intergovernmental Comission on Human Rights အစည္းအေဝးမွာ စစ္တပ္ရဲ႕လူမဆန္မႈေတြနဲ႔ပတ္သက္လို႔ ဦးဝဏၰေမာင္လြင္ကို တိုက္႐ိုက္ေျပာဆို ေဝဖန္ရႈတ္ခ်ခဲ့သူပါ။
စကစသတင္းေတြမွာေတာ့ သူတို႔ကိုယ္စားလွယ္ဘာေတြေျပာခဲ့တယ္ဆိုတာပဲေဖၚျပေလ့ရွိၿပီး ဘယ္သူက ဘာေတြျပန္ေမးခြန္းထုတ္ လို႔ ဘယ္လို ရႈတ္ခ်ခဲ့လဲဆိုတာေတြေဖၚျပေလ့မရွိပါဘူး။
Yuyan ဟာ အင္ဒိုနီးရွားအပါအဝင္အာဆီယံႏိုင္ငံေတြရဲ႕ ေတြေဝမႈ ၾကားေနအသံတိတ္မႈေတြကို အၿမဲေဝဖန္ေနသူလည္းျဖစ္ပါတယ္။
ျမန္မာျပည္သူေတြဘက္က ရပ္တည္တယ္ဆိုတာ အင္ဒိုအစိုးရအပါအဝင္အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြသိဖို႔ ျမန္မာအခ်ိန္ည ၈ နာရီတိုင္း ဒန္အိုးတီးေနတဲ့ပုံကို သူ႔ရဲ႕လူမႈကြန္ယက္မွာ ေန႔စဥ္တင္ေနသူ အမ်ိဳးသမီးလည္းျဖစ္ပါတယ္။