News

ဒေါ်လာဈေးကွက်ပျက်ပြီး တစ်ဒေါ် လာ ၂၇၀၀ အထိ မြင့်တက်၊ ရွှေဈေး ၂၂ သိန်းရောက်ရှိ ၊ မြန်မာကျပ်ငွေတန်ဖိုးကျမှု စကစ ထိန်းမနိုင်တော့

ေဒၚလာေဈးကြက္ပ်က္ၿပီး တစ္ေဒၚ လာ ၂၇၀၀ အထိ ျမင့္တက္၊ ေ႐ႊေဈး ၂၂ သိန္းေရာက္ရွိ ၊ ျမန္မာက်ပ္ေငြတန္ဖိုးက်မႈ စကစ ထိန္းမႏိုင္ေတာ့

၊ျပည္တြင္းေငြလဲေဈးကြက္တြင္ ျမန္မာက်ပ္ေငြတန္ဖိုးထိုးက်ေနမႈကို မထိန္းႏိုင္ေတာ့ဘဲ ေဒၚလာေငြလဲေဈးကြက္ပ်က္စီးကာ ေဈးႏႈန္းမ်ားမွာလည္း ေငြလဲေကာင္တာ တစ္ခုႏွင့္တစ္ခု မတူေတာ့ဘဲ အေမရိကန္တစ္ေဒၚလာ ျမန္မာက်ပ္ေငြ ၂၄၀၀ မွ ၂၇၀၀ အၾကား ေဈးဖြင့္လ်က္ရွိေၾကာင္း ေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

ရန္ကုန္ၿမိဳ႕ Chase Money Changer က ယေန႔မြန္းတည့္ ၁၂ နာရီတြင္ ေဒၚလာေဈးကို အေမရိကန္တစ္ေဒၚလာ ေရာင္းေဈး ၂၇၀၀ က်ပ္ျဖင့္ ေဈးႏႈန္းဖြင့္လွစ္ထားေၾကာင္း သိရွိရသည္။ “အခု က်ပ္ေငြက တအားကို ထိုးက်ေနတာဗ်။ အဓိက ေဒၚလာဝယ္တဲ့သူက မ်ားတယ္။ ဘယ္ေငြလဲေကာင္တာျဖစ္ျဖစ္ ေဒၚလာ ဝယ္မရဘူး။

ေဈးကြက္က ပရမ္းပတာကို ျဖစ္ေနတာ။ ဗဟိုဘဏ္က ထုတ္ေရာင္းတယ္ဆိုတာကလည္း ေၾကညာခ်က္ပဲ ထြက္ေနတာ။ တကယ့္ေဈးကြက္ထဲ ေရာက္မလာတဲ့သေဘာျဖစ္ေနတယ္” ဟု မဂိုလမ္း(ေ႐ႊဘုံသာလမ္း)မွ ေငြလဲဒိုင္တစ္ဦးက ေျပာသည္။ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းကမူ

စက္တင္ဘာလ (၂၈) ရက္ နံနက္ ၁၁ နာရီ ၃၅ မိနစ္တြင္ အကယ္ဒမီမီးလင္းေ႐ႊအဖြင့္ေဈး ၂၀၅၀၀၀၀ က်ပ္(ႏွစ္ဆယ္သိန္း ငါးေသာင္း)ျဖင့္ ေဈးဖြင့္ထားၿပီး ေဈးကြက္တြင္ အေခါက္ေ႐ႊတစ္က်ပ္သား ၂၂ သိန္းအထိ ေဈးေရာက္ရွိၿပီး အေရာင္းအဝယ္လုပ္ေနေၾကာင္း သိရွိရသည္။

crd-

Unicode

ဒေါ်လာဈေးကွက်ပျက်ပြီး တစ်ဒေါ် လာ ၂၇၀၀ အထိ မြင့်တက်၊ ရွှေဈေး ၂၂ သိန်းရောက်ရှိ ၊ မြန်မာကျပ်ငွေတန်ဖိုးကျမှု စကစ ထိန်းမနိုင်တော့

၊ပြည်တွင်းငွေလဲဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုးထိုးကျနေမှုကို မထိန်းနိုင်တော့ဘဲ ဒေါ်လာငွေလဲဈေးကွက်ပျက်စီးကာ ဈေးနှုန်းများမှာလည်း ငွေလဲကောင်တာ တစ်ခုနှင့်တစ်ခု မတူတော့ဘဲ အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၂၄၀၀ မှ ၂၇၀၀ အကြား ဈေးဖွင့်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ Chase Money Changer က ယနေ့မွန်းတည့် ၁၂ နာရီတွင် ဒေါ်လာဈေးကို အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၂၇၀၀ ကျပ်ဖြင့် ဈေးနှုန်းဖွင့်လှစ်ထားကြောင်း သိရှိရသည်။ “အခု ကျပ်ငွေက တအားကို ထိုးကျနေတာဗျ။ အဓိက ဒေါ်လာဝယ်တဲ့သူက များတယ်။ ဘယ်ငွေလဲကောင်တာဖြစ်ဖြစ် ဒေါ်လာ ဝယ်မရဘူး။

ဈေးကွက်က ပရမ်းပတာကို ဖြစ်နေတာ။ ဗဟိုဘဏ်က ထုတ်ရောင်းတယ်ဆိုတာကလည်း ကြေညာချက်ပဲ ထွက်နေတာ။ တကယ့်ဈေးကွက်ထဲ ရောက်မလာတဲ့သဘောဖြစ်နေတယ်” ဟု မဂိုလမ်း(ရွှေဘုံသာလမ်း)မှ ငွေလဲဒိုင်တစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ

စက်တင်ဘာလ (၂၈) ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေး ၂၀၅၀၀၀၀ ကျပ်(နှစ်ဆယ်သိန်း ငါးသောင်း)ဖြင့် ဈေးဖွင့်ထားပြီး ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂၂ သိန်းအထိ ဈေးရောက်ရှိပြီး အရောင်းအဝယ်လုပ်နေကြောင်း သိရှိရသည်။

crd-