News

အဖမ်းခံထားရတဲ့ ကျိုက်ထိုသူဌေးတွေ ပြန်မလွတ်သေး

အကြမ်းဖက်စစ်အုပ်စုဖမ်းဆီးထားတဲ့ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်အပါအဝင်မွန်ပြည်နယ်၊ကျိုက်ထိုမြို့ပေါ်ကစီးပွားရေးလုပ်ငန်းရှင်တွေကို ဒီနေ့ထိတိုင် ပြန်မလွှတ်သေးဘူး လို့ ကျိုက်ထိုမြို့ခံတချို့ကပြောပါတယ်

ကျိုက်ထိုမြို့၊တောင်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမှာနေတဲ့ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စက်တင်ဘာ၂၅ရက်နေ့ ညဦးပိုင်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာပါ ကျိုက်ထိုမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်၁ဝဦးထက်မနည်းကိုတော့ စက်တင်ဘာ၂၁ရက်နေ့ဝန်းကျင် လောက်မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်

ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်နဲ့နီးစပ်သူတစ်ဦးက ဒီနေ့ထိ ကိုနေထက်လည်းပြန်မလွတ်သေးဘူး။ကျွန် တော်တို့ကျိုက်ထိုက အဖမ်းခံထားရတဲ့ တခြားသူဌေးတွေလည်းပြန်လွတ်ပြီလို့မကြားမိဘူး။ ဘာ့ကြောင့် ဖမ်းသလဲဆိုတာလည်း သေချာမသိဘူး လို့ Delta News Agency ကိုပြောပါတယ်

ဖမ်းဆီးခံထားရတဲ့ကျိုက်ထိုကသူဌေးတွေကိုဘယ်နေရာမှာထိန်းသိမ်းထားသလဲဆိုတာကိုလည်းသူ့အနေနဲ့မသိသေးဘူးလို့ဆိုပါတယ်ကျိုက်ထိုသူဌေးတွေဟာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တာကြောင့် အဖမ်းခံရတာလို့

သတင်းထွက်ပေါ်နေပေမယ့် ဒါဟာ စစ်အုပ်စုက အကြောင်းပြတာသာဖြစ်နိုင် တယ်လို့ ကျိုက်ထိုအားကစားကွင်းနားမှာနေထိုင်တဲ့ သတင်းရင်းမြစ်တစ်ဦးကဆိုပါတယ်

စစ်တပ်ကသူဌေးတွေဆီကနေလိုချင်တာငွေပါပဲ။ဒေသခံပြည်သူတွေကိုဖိနှိပ်ဖို့ငွေလိုတဲ့အခါကျတော့ရန်ပုံငွေကိုကိုယ့်ဒေသမှာကိုယ့်ဘာသာရှာခိုင်းတယ်လို့ကြားတယ်အဲဒီလိုဆိုတော့ဒေသအာဏာပိုင်တွေကပြည်သူဖိနှိပ်တဲ့အလုပ်လုပ်ဖို့ရန်ပုံငွေလည်းရှာရင်း ကိုယ့်အိတ်ကတ်ထဲလည်း ထည့် တာပေါ့ လို့ သူကပြောပါတယ်

စစ်အုပ်စုအနေနဲ့ဘယ်ပြည်သူကိုမဆိုဘာမဆိုလုပ်နိုင်တဲ့အတွက်ဒေသအာဏာပိုင်တွေကကျိုက်ထိုသူဌေးတွေဟာပြည်သူ့ကာကွယ်ရေးတပ်တွေကိုထောက်ပံ့နေတယ်လို့ ခေါင်းစဉ်တပ်ပြီး ငွေညှစ်တာလို့ သူကကောက်ချက်ချပါတယ်

PDFတွေကိုထောက်ပံ့နေတာလို့ခေါင်းစဉ်တပ်လိုက်မယ်။ငွေမပေးရင်ပြန်မလွှတ်ရုံတင်မကဘူး၊သတ်ပစ်လိုက်လို့လည်ဘာမှမဖြစ်ဘူးဆိုတော့ ငွေညှစ်လို့ကောင်းတာပေါ့ လို့ သူကဆက်ပြောပါတယ် Ref: Delta News Agency