News

စစ္ေကာင္စီက ဧရာဝတီႏွင့္ရန္ကုန္ ၿမိဳ႕ႀကီးမ်ားတြင္ လုံၿခဳံေရးခ်ထားေသာ စစ္သားမ်ားကို ျပန္႐ုတ္ၿပီး ေရွ႕တန္းပို႔

စစ်ကောင်စီက ဧရာဝတီနှင့်ရန်ကုန် မြို့ကြီးများတွင် လုံခြုံရေးချထားသော စစ်သားများကို ပြန်ရုတ်ပြီး ရှေ့တန်းပို့

ဧရာဝတီတိုင်းမ်—စက်တင်ဘာ ၂၈ ရက်

အာဏာသိမ်း စစ်ကောင်စီက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် လုံခြုံရေးချထားသည့် တပ်တချို့ကို ပြန်လည်ရုတ်သိမ်းကာ စစ်အင်အားလိုအပ်နေသည့် ကယားပြည်နယ်သို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း လှိုင်၊ သာကေတ၊ ကမာရွတ်မြို့နယ်များအပါအဝင်အခြားမြို့များရှိ လုံခြုံရေးချထားသည့်တပ်များနှင့် ဧရာဝတီတိုင်းရှိ ပုသိမ်၊ မအူပင်အပါအဝင် မြို့နယ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်ကြောင်း သိရပြီး ယမန်နေ့ စက်တင်ဘာနောက်ဆုံးပတ်မှ စတင်ကာ တပ်များပြန်လည်ရုတ်သိမ်းသွားကြောင်း သိရသည်။

“ရွာမကျောင်းလမ်းပေါ်မှာရှိတဲ့ ဓမ္မာရုံမှာတပ်စွဲထားတဲ့ စစ်သား ၅၀ လောက်ရှိတယ်။ အရင်ရက်တွေက သူတို့အချင်းချင်း ပြောတာတော့ တစ်ရက်နှစ်ရက်အတွင်း ကယားဘက်တက်ရမယ်လို့ ပြောတာကြားတယ်။ အခု အဲ့ဓမ္မာရုံမှာ စစ်သားတယောက်မှ မရှိတော့ဘူး“ ဟု လှိုင်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင်မြို့ခံတစ်ဦးကလည်း “မအူပင်မှာ အရင်က လုံခြုံရေးယူနေတဲ့စစ်သားက ၅၀ လောက်ရှိတယ်။ အခုက ၁၀ ယောက်လောက်ပဲ ရှိတော့တယ်။ ကင်းလှည့်တာတောင် အရင်က စစ်သားတွေနေ့တိုင်းလှည့်တာ။ အခု ရဲတွေပဲ လူအင်အား ၆ ယောက်လောက်နဲ့ ကင်းလှည့်တော့တာ”ဟု ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၇ ရက်နေ့) တွင် ရှမ်းပြည်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်နှင့်ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်များသို့ စစ်ကောင်စီ ယာဉ်တန်းအစီးရေ ၂၀ ခန့်ပေါ်တွင် စစ်သားများ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိကာ ကယားပြည်နယ်ကို ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်း လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်း၌ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းပြည်(တောင်ပိုင်း)ရှိ ကရင်နီတိုင်းရင်းသား အများစုနေထိုင်ရာ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် KNDF၊ KPDF၊ KA တပ်ဖွဲ့များ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

Zawgyi

စစ္ေကာင္စီက ဧရာဝတီႏွင့္ရန္ကုန္ ၿမိဳ႕ႀကီးမ်ားတြင္ လုံၿခဳံေရးခ်ထားေသာ စစ္သားမ်ားကို ျပန္႐ုတ္ၿပီး ေရွ႕တန္းပို႔

ဧရာဝတီတိုင္းမ္—စက္တင္ဘာ ၂၈ ရက္

အာဏာသိမ္း စစ္ေကာင္စီက ဧရာဝတီတိုင္းႏွင့္ ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္တခ်ိဳ႕တြင္ လုံၿခဳံေရးခ်ထားသည့္ တပ္တခ်ိဳ႕ကို ျပန္လည္႐ုတ္သိမ္းကာ စစ္အင္အားလိုအပ္ေနသည့္ ကယားျပည္နယ္သို႔ ပို႔ေဆာင္ေနေၾကာင္း သတင္းရရွိသည္။

ရန္ကုန္တိုင္း လႈိင္၊ သာေကတ၊ ကမာ႐ြတ္ၿမိဳ႕နယ္မ်ားအပါအဝင္အျခားၿမိဳ႕မ်ားရွိ လုံၿခဳံေရးခ်ထားသည့္တပ္မ်ားႏွင့္ ဧရာဝတီတိုင္းရွိ ပုသိမ္၊ မအူပင္အပါအဝင္ ၿမိဳ႕နယ္မ်ားမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားပါဝင္ေၾကာင္း သိရၿပီး ယမန္ေန႔ စက္တင္ဘာေနာက္ဆုံးပတ္မွ စတင္ကာ တပ္မ်ားျပန္လည္႐ုတ္သိမ္းသြားေၾကာင္း သိရသည္။

“႐ြာမေက်ာင္းလမ္းေပၚမွာရွိတဲ့ ဓမၼာ႐ုံမွာတပ္စြဲထားတဲ့ စစ္သား ၅၀ ေလာက္ရွိတယ္။ အရင္ရက္ေတြက သူတို႔အခ်င္းခ်င္း ေျပာတာေတာ့ တစ္ရက္ႏွစ္ရက္အတြင္း ကယားဘက္တက္ရမယ္လို႔ ေျပာတာၾကားတယ္။ အခု အဲ့ဓမၼာ႐ုံမွာ စစ္သားတေယာက္မွ မရွိေတာ့ဘူး“ ဟု လႈိင္ၿမိဳ႕နယ္ရွိ ေဒသခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

မအူပင္ၿမိဳ႕ခံတစ္ဦးကလည္း “မအူပင္မွာ အရင္က လုံၿခဳံေရးယူေနတဲ့စစ္သားက ၅၀ ေလာက္ရွိတယ္။ အခုက ၁၀ ေယာက္ေလာက္ပဲ ရွိေတာ့တယ္။ ကင္းလွည့္တာေတာင္ အရင္က စစ္သားေတြေန႔တိုင္းလွည့္တာ။ အခု ရဲေတြပဲ လူအင္အား ၆ ေယာက္ေလာက္နဲ႔ ကင္းလွည့္ေတာ့တာ”ဟု ေျပာသည္။

ယမန္ေန႔ (စက္တင္ဘာလ ၂၇ ရက္ေန႔) တြင္ ရွမ္းျပည္(ေတာင္ပိုင္း) ဖယ္ခုံၿမိဳ႕နယ္ႏွင့္ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္မ်ားသို႔ စစ္ေကာင္စီ ယာဥ္တန္းအစီးေရ ၂၀ ခန႔္ေပၚတြင္ စစ္သားမ်ား လက္နက္အျပည့္အစုံျဖင့္ ေရာက္ရွိကာ ကယားျပည္နယ္ကို ထိုးစစ္ဆင္ရန္ အင္အားျဖည့္တင္း လာခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

လက္ရွိတြင္ ကယားျပည္နယ္အတြင္း၌ ဒီးေမာ့ဆို၊ လြိဳင္ေကာ္ႏွင့္ ရွမ္းျပည္(ေတာင္ပိုင္း)ရွိ ကရင္နီတိုင္းရင္းသား အမ်ားစုေနထိုင္ရာ ဖယ္ခုံ၊ မိုးၿဗဲၿမိဳ႕နယ္တို႔တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား ျဖစ္သည့္ KNDF၊ KPDF၊ KA တပ္ဖြဲ႕မ်ား တိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြားေနေၾကာင္း သိရသည္။