News

ပူတာအို-PDF မှ စစ်အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်မည့် ပူတာအိုတွင် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီ

ပူတာအို-PDF မွ စစ္အာဏာသိမ္း အၾကမ္းဖက္ေခါင္းေဆာင္ မင္းေအာင္လွိုင္ သြားေရာက္မည့္ ပူတာအိုတြင္ တိုက္ပြဲဝင္ရန္ အဆင္သင့္ျဖစ္ေနၿပီ
*************************

စစ္အာဏာသိမ္း အၾကမ္းဖက္ေခါင္းေဆာင္ မင္းေအာင္လွိုင္ သြားေရာက္မည့္ ပူတာအိုတြင္ ပူတာအို-PDF မွ တိုက္ပြဲဝင္ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ယေန႔ စက္တင္ဘာလ (၂၈) ရက္ေန႔တြင္ ထုတ္ျပန္သည္။

ယခုလကုန္ပိုင္းႏွင့္ ေနာက္လ လဆန္းပိုင္းတြင္ စစ္အာဏာသိမ္း အၾကမ္းဖက္ေခါင္းေဆာင္ မင္းေအာင္လွိုင္ ပူတာအိုသို႔ လာေရာက္မည္ျဖစ္ေၾကာင္း မပခႏွင့္နီးစပ္သူတစ္ဦးမွ NBung Dat Kasa သို႔ ေျပာဆိုသည္။

လုံျခဳံေရးႀကိဳတင္ျပင္ဆင္ထားၿပီး ပူတာအို၊ ေနာင္မြန္ႏွင့္ ေခါင္လန္ဖူး တို႔မွ ျပည္သူ႔စစ္အဖြဲ႕ႏွင့္ ရပ္မိရပ္ဖမ်ားအား လာေရာက္ေတြ႕ဆုံမည္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီ အာဏာသိမ္းေခါင္းေဆာင္ မင္းေအာင္လွိုင္မွ ၿပီးခဲ့တဲ့ စက္တင္ဘာလ (၁၉) ရက္ေန႔ ပူတာအိုသို႔ သြားေရာက္ရန္စီစဥ္ခဲ့ေသာ္လည္း ၎၏လုံျခဳံေရးတပ္ဖြဲ႕မ်ားအား KIA မွ ျဖတ္သန္းခြင့္မျပဳသျဖင့္ ခရီးစဥ္ဖ်က္သိမ္းခဲ့ေသးသည္။

ပူတာအို-PDF သည္ ကခ်င္ေဒသႏွင့္ဆိုေသာ လုံျခဳံေရးႏွင့္ကာကြယ္ေရးတာဝန္ကို KIO/KIA ၏ ဦးေဆာင္မႈေအာက္တြင္ အျပည့္အဝပါဝင္ေၾကာင္း ၿပီးခဲ့တဲ့ စက္တင္ဘာလ (၂၂) ရက္ေန႔တြင္ ထုတ္ျပန္ထားသည္။ NBungDatKasa

Unicode

ပူတာအို-PDF မှ စစ်အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်မည့် ပူတာအိုတွင် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီ
*************************

စစ်အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်မည့် ပူတာအိုတွင် ပူတာအို-PDF မှ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ထုတ်ပြန်သည်။

ယခုလကုန်ပိုင်းနှင့် နောက်လ လဆန်းပိုင်းတွင် စစ်အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုသို့ လာရောက်မည်ဖြစ်ကြောင်း မပခနှင့်နီးစပ်သူတစ်ဦးမှ NBung Dat Kasa သို့ ပြောဆိုသည်။

လုံခြုံရေးကြိုတင်ပြင်ဆင်ထားပြီး ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူး တို့မှ ပြည်သူ့စစ်အဖွဲ့နှင့် ရပ်မိရပ်ဖများအား လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်နေ့ ပူတာအိုသို့ သွားရောက်ရန်စီစဉ်ခဲ့သော်လည်း ၎င်း၏လုံခြုံရေးတပ်ဖွဲ့များအား KIA မှ ဖြတ်သန်းခွင့်မပြုသဖြင့် ခရီးစဉ်ဖျက်သိမ်းခဲ့သေးသည်။

ပူတာအို-PDF သည် ကချင်ဒေသနှင့်ဆိုသော လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်ကို KIO/KIA ၏ ဦးဆောင်မှုအောက်တွင် အပြည့်အဝပါဝင်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ထုတ်ပြန်ထားသည်။ NBungDatKasa