News

ဘုန်းကြီးကျောင်းတွင်စစ်ကောင်စီက ၀င်ရောက်ရှာဖွေကာ တစ်ကျောင်းလုံးဖမ်းဆီးသွား

မန္တလေး ကျွဲဆည်ကန်အနီး ဘုန်းကြီးကျောင်းတွင်စစ်ကောင်စီက ၀င်ရောက်ရှာဖွေကာ တစ်ကျောင်းလုံးဖမ်းဆီးသွား

မန္တလေး ကျွဲဆည်ကန်သံလမ်းအနီးရှိ ဘုန်းကြီးကျောင်းတိုက်တစ်ခုကို ယနေ့စက်တင်ဘာ ၂၈ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များက ၀င်ရောက်စီးနင်းပြီး လက်နက်များတွေ့ရှိသည်ဟုဆိုကာ ကျောင်းထိုင်ဆရာတော်အပါအ၀င် သံဃာများကို ဖမ်းဆီးသွားပြီး တစ်ကျောင်းလုံးရှိသမျှ ပစ္စည်းများပါသိမ်းယူသွားကြောင်း ကနဦးသတင်းအရသိရသည်။

“နေ့ခင်း ၃ နာရီလောက်က အိမ်စီးကားတွေနဲ့ ၁၅ စီးလောက်ရှိမယ်။ လူအင်အား၊ လက်နက်အင်အားအပြည့်၊ ယူနီဖောင်းတော့၀တ်မထားဘူး။ ရောက်လာပြီး ကျောင်းကို၀င်ရှာတယ်။ ပထမသတင်းလွှင့်တာက ဘုန်းကြီးချင်းစကားများတာကိုလာဖြေရှင်းတယ်ပေါ့။

နောက်မှသိရတာက လက်နက်တွေတွေ့တာတဲ့။ အဲဒီကျောင်းတစ်ကျောင်းလုံးကို ကျောင်းထဲရှိတဲ့ဦးဇင်း၊ကိုရင်၊ လူရှိသမျှအကုန်လုံးကိုဖမ်းခေါ်သွားတယ်။ တစ်ယောက်မှမချန်ဘူး။ ပြီးတော့ ကားပါသိမ်းသွား တယ်” ဟု မျက်မြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်သံလမ်းအနီး၊ ချမ်းမြသာယာရပ်ကွက်၊ မဟာဝိဇိတာရာမကျောင်းတိုက်၀န်း အတွင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီလက်နက်ကိုင်များက သတင်းအရ၀င်ရောက်စီးနင်းရှာဖွေပြီး လက်နက်များတွေ့ရှိသည်ဟုဆိုကာ ကျောင်းထိုင်ဆရာတော်အပါအ၀င် ကျောင်းရှိသံဃာနှင့်လူပုဂ္ဂိုလ်များကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကအတည်ပြု သည်။

“ကျောင်းထိုင်ဘုန်းကြီးဘွဲ့က ဦးတေဇာလင်္ကာရတဲ့။ ဦးဇင်းတစ်ပါးကလွတ်သွားတယ်။ ကျောင်းမှာကျန်တဲ့ ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ဦးဇင်းတွေ၊ ကိုယ်တော်လေးတွေ အကုန် တစ်ကျောင်းလုံးကို ၀င်မွှေပြီးတော့၊ အကုန်ရှာပြီးတော့ ကျောင်းမှာရှိတဲ့ကားပါသိမ်းသွားတယ်။

များတာတော့ PDF ယူနီဖောင်းတော်တော်များတယ်။ သေတ္တာတွေနဲ့တင်နေတာ တင်တဲ့အသံတွေတောင်ကြားနေရတယ်။ သေတ္တာတွေကိုပစ်ပစ်တင်နေတဲ့အသံ တွေကြားနေရတယ်။ လက်လုပ်သေနတ်တွေနဲ့သေနတ်အစစ်တွေလည်းပါတယ်လို့ပြန်သိရတယ်” ဟု ဖြစ်စဉ်မြင်တွေ့လိုက်ရသူတစ်ဦးကဆိုသည်။

မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၂၈ရက် မွန်းလွဲ ၁ နာရီကျော်အချိန်ခန့်ကလည်း စစ်ကောင်စီလက်နက်ကိုင်များက ကင်း၀န်မင်းကြီးကျောင်းတိုက်အတွင်း၀င်ရောက်စီးနင်းပြီး သပိတ်စစ်ကြောင်းတွင်ပါ၀င်သည့်ရဟန်းတော်တစ်ပါးအား မော်တော်ယာဉ်နှင့်အတူဖမ်းဆီးသိမ်းယူသွားသည်။source-mizzima

Zawgyi

လး ကြၽဲဆည္ကန္အနီး ဘုန္းႀကီးေက်ာင္းတြင္စစ္ေကာင္စီက ၀င္ေရာက္ရွာေဖြကာ တစ္ေက်ာင္းလုံးဖမ္းဆီးသြား

မႏၲေလး ကြၽဲဆည္ကန္သံလမ္းအနီးရွိ ဘုန္းႀကီးေက်ာင္းတိုက္တစ္ခုကို ယေန႔စက္တင္ဘာ ၂၈ရက္ မြန္းလြဲပိုင္းတြင္ စစ္ေကာင္စီလက္နက္ကိုင္တပ္ဖြဲ႕မ်ားက ၀င္ေရာက္စီးနင္းၿပီး လက္နက္မ်ားေတြ႕ရွိသည္ဟုဆိုကာ ေက်ာင္းထိုင္ဆရာေတာ္အပါအ၀င္ သံဃာမ်ားကို ဖမ္းဆီးသြားၿပီး တစ္ေက်ာင္းလုံးရွိသမွ် ပစၥည္းမ်ားပါသိမ္းယူသြားေၾကာင္း ကနဦးသတင္းအရသိရသည္။

“ေန႔ခင္း ၃ နာရီေလာက္က အိမ္စီးကားေတြနဲ႔ ၁၅ စီးေလာက္ရွိမယ္။ လူအင္အား၊ လက္နက္အင္အားအျပည့္၊ ယူနီေဖာင္းေတာ့၀တ္မထားဘူး။ ေရာက္လာၿပီး ေက်ာင္းကို၀င္ရွာတယ္။ ပထမသတင္းလႊင့္တာက ဘုန္းႀကီးခ်င္းစကားမ်ားတာကိုလာေျဖရွင္းတယ္ေပါ့။

ေနာက္မွသိရတာက လက္နက္ေတြေတြ႕တာတဲ့။ အဲဒီေက်ာင္းတစ္ေက်ာင္းလုံးကို ေက်ာင္းထဲရွိတဲ့ဦးဇင္း၊ကိုရင္၊ လူရွိသမွ်အကုန္လုံးကိုဖမ္းေခၚသြားတယ္။ တစ္ေယာက္မွမခ်န္ဘူး။ ၿပီးေတာ့ ကားပါသိမ္းသြား တယ္” ဟု မ်က္ျမင္သတင္းရင္းျမစ္တစ္ဦးကေျပာသည္။

မႏၲေလး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ကြၽဲဆည္ကန္သံလမ္းအနီး၊ ခ်မ္းျမသာယာရပ္ကြက္၊ မဟာဝိဇိတာရာမေက်ာင္းတိုက္၀န္း အတြင္းက ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းကို စစ္ေကာင္စီလက္နက္ကိုင္မ်ားက သတင္းအရ၀င္ေရာက္စီးနင္းရွာေဖြၿပီး လက္နက္မ်ားေတြ႕ရွိသည္ဟုဆိုကာ ေက်ာင္းထိုင္ဆရာေတာ္အပါအ၀င္ ေက်ာင္းရွိသံဃာႏွင့္လူပုဂၢိဳလ္မ်ားကို ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း ေနာက္ထပ္သတင္းရင္းျမစ္တစ္ဦးကအတည္ျပဳ သည္။

“ေက်ာင္းထိုင္ဘုန္းႀကီးဘြဲ႕က ဦးေတဇာလကၤာရတဲ့။ ဦးဇင္းတစ္ပါးကလြတ္သြားတယ္။ ေက်ာင္းမွာက်န္တဲ့ ေက်ာင္းထိုင္ဆရာေတာ္ႀကီးနဲ႔ ဦးဇင္းေတြ၊ ကိုယ္ေတာ္ေလးေတြ အကုန္ တစ္ေက်ာင္းလုံးကို ၀င္ေမႊၿပီးေတာ့၊ အကုန္ရွာၿပီးေတာ့ ေက်ာင္းမွာရွိတဲ့ကားပါသိမ္းသြားတယ္။

မ်ားတာေတာ့ PDF ယူနီေဖာင္းေတာ္ေတာ္မ်ားတယ္။ ေသတၱာေတြနဲ႔တင္ေနတာ တင္တဲ့အသံေတြေတာင္ၾကားေနရတယ္။ ေသတၱာေတြကိုပစ္ပစ္တင္ေနတဲ့အသံ ေတြၾကားေနရတယ္။ လက္လုပ္ေသနတ္ေတြနဲ႔ေသနတ္အစစ္ေတြလည္းပါတယ္လို႔ျပန္သိရတယ္” ဟု ျဖစ္စဥ္ျမင္ေတြ႕လိုက္ရသူတစ္ဦးကဆိုသည္။

မႏၲေလးတြင္ ယေန႔ စက္တင္ဘာလ ၂၈ရက္ မြန္းလြဲ ၁ နာရီေက်ာ္အခ်ိန္ခန္႔ကလည္း စစ္ေကာင္စီလက္နက္ကိုင္မ်ားက ကင္း၀န္မင္းႀကီးေက်ာင္းတိုက္အတြင္း၀င္ေရာက္စီးနင္းၿပီး သပိတ္စစ္ေၾကာင္းတြင္ပါ၀င္သည့္ရဟန္းေတာ္တစ္ပါးအား ေမာ္ေတာ္ယာဥ္ႏွင့္အတူဖမ္းဆီးသိမ္းယူသြားသည္။source-mizzima