News

လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္အမ်ားျပည္သူမ်ားထိခိုက္နစ္နာမႈမရွိေအာင္ေဆာင္႐ြက္ရမည္လို႔ဆို

အကြမ်းဖက်လုပ်ငန်းများ၌အချို့ EAO များ ပါဝင်ပတ်သက် နေမှုရှိနေသော်လည်း EAO အများစုမှာ လက်ခံမှုမရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်အောင် တတ်နိုင်သမျှထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက်လုပ်ငန်းများနှင့် မသက်ဆိုင်သည့်ပြည်သူများ၏ လွတ်လပ်ခွင့်ကိုလည်း မထိခိုက်ရန်လိုကြောင်း။” စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာနဲ့ ဆက်ဆံဆောင်ရွက်တဲ့အခါမှာ မိမိတို့နိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီဖို့နဲ့ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှုရှိဖို့လိုကြောင်း၊ လိုအပ်တဲ့ နည်းဥပဒေတွေ၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လက်ရှိပကတိအခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ လိုကြောင်း၊ လွယ်ကူရှင်းလင်းတဲ့ စီမံခန့်ခွဲမှုစနစ်နဲ့ အုပ်ချုပ် မှုစနစ်ဖြစ်ရန်လိုကြောင်း၊ ဒါမှသာ Good Governance စနစ်ကို ဖော်ဆောင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနတွေ အချင်းချင်းပူးပေါင်းဆောင်ရွက်ရာမှာ ပေါင်းစပ်ဆောင်ရွက်မှုတွေ အားနည်းတာကို တွေ့ရှိရကြောင်း၊ လုပ်ငန်းတွေ ဆောင်ရွက်နေသူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ ဥပဒေတွေကိုသိရှိအောင် လေ့လာထားမှသာ လုပ်နိုင်စွမ်း တိုးတက်လာမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

မော်တော်ဆိုင်ကယ်တွေ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲဖို့၊ မြို့မြေတွေတိုးချဲ့ ဖော်ဆောင်ရာမှာ နောင်အနာဂတ်ကာလအထိ စဉ်းစားဆောင်ရွက်ကြဖို့၊ မဖြစ်မနေလိုအပ်တဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ အားကစားကွင်းတွေထည့်သွင်း တည်ဆောက်တာနဲ့ မြို့သာယာလှပရေးအတွက် လမ်းနယ်နိမိတ်တွေ၊ အရိပ်ရလေကာပင်တွေ စိုက်ပျိုးတာကို စနစ်တကျ ထည့်သွင်း တည်ဆောက်ဖို့ လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

Zawgyi

အၾကမ္းဖက္လုပ္ငန္းမ်ား၌အခ်ိဳ႕ EAO မ်ား ပါဝင္ပတ္သက္ ေနမႈရွိေနေသာ္လည္း EAO အမ်ားစုမွာ လက္ခံမႈမရွိေၾကာင္း၊ ယင္းကိစၥမ်ားႏွင့္ ပတ္သက္၍ မိမိတို႔အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို မထိခိုက္ေအာင္ တတ္ႏိုင္သမွ်ထိန္းသိမ္း ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အၾကမ္းဖက္လုပ္ငန္းမ်ားႏွင့္ မသက္ဆိုင္သည့္ျပည္သူမ်ား၏ လြတ္လပ္ခြင့္ကိုလည္း မထိခိုက္ရန္လိုေၾကာင္း။” စစ္ေခါင္းေဆာင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းေနၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ အညီ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံတကာနဲ႔ ဆက္ဆံေဆာင္႐ြက္တဲ့အခါမွာ မိမိတို႔ႏိုင္ငံရဲ႕ ပကတိအေျခအေနနဲ႔ ကိုက္ညီဖို႔နဲ႔ အေျခခံဥပေဒ၊ တည္ဆဲဥပေဒေတြနဲ႔ ကိုက္ညီမႈရွိဖို႔လိုေၾကာင္း၊ လိုအပ္တဲ့ နည္းဥပေဒေတြ၊ အမိန႔္နဲ႔ ၫႊန္ၾကားခ်က္ေတြကို လက္ရွိပကတိအေျခအေနနဲ႔ ကိုက္ညီေအာင္ ေဆာင္႐ြက္ဖို႔ လိုေၾကာင္း၊ လြယ္ကူရွင္းလင္းတဲ့ စီမံခန႔္ခြဲမႈစနစ္နဲ႔ အုပ္ခ်ဳပ္ မႈစနစ္ျဖစ္ရန္လိုေၾကာင္း၊ ဒါမွသာ Good Governance စနစ္ကို ေဖာ္ေဆာင္ၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္ႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဝန္ႀကီးဌာနေတြ အခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္ရာမွာ ေပါင္းစပ္ေဆာင္႐ြက္မႈေတြ အားနည္းတာကို ေတြ႕ရွိရေၾကာင္း၊ လုပ္ငန္းေတြ ေဆာင္႐ြက္ေနသူေတြအေနနဲ႔ ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ၊ လုပ္ထုံး လုပ္နည္းေတြနဲ႔ ဥပေဒေတြကိုသိရွိေအာင္ ေလ့လာထားမွသာ လုပ္ႏိုင္စြမ္း တိုးတက္လာမယ္လို႔လည္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။

ေမာ္ေတာ္ဆိုင္ကယ္ေတြ ယာဥ္အႏၲရာယ္ ကင္းရွင္းေရးအတြက္ လိုအပ္တဲ့ ဥပေဒ၊ နည္းဥပေဒေတြ ေရးဆြဲဖို႔၊ ၿမိဳ႕ေျမေတြတိုးခ်ဲ႕ ေဖာ္ေဆာင္ရာမွာ ေနာင္အနာဂတ္ကာလအထိ စဥ္းစားေဆာင္႐ြက္ၾကဖို႔၊ မျဖစ္မေနလိုအပ္တဲ့ စာသင္ေက်ာင္း၊ ေဆး႐ုံနဲ႔ အားကစားကြင္းေတြထည့္သြင္း တည္ေဆာက္တာနဲ႔ ၿမိဳ႕သာယာလွပေရးအတြက္ လမ္းနယ္နိမိတ္ေတြ၊ အရိပ္ရေလကာပင္ေတြ စိုက္ပ်ိဳးတာကို စနစ္တက် ထည့္သြင္း တည္ေဆာက္ဖို႔ လည္း စစ္ေခါင္းေဆာင္က ေျပာသြားပါတယ္။