ပခုကၠူတြင္ ကင္းလွည့္ေနေသာ ရဲကား ဗံုးပစ္သြင္းခံရ
ပခုကၠဴတြင္ ကင္းလွည့္ေနေသာ ရဲကား ဗုံးပစ္သြင္းခံရၿပီး ၁ ဦးေသဆုံး၊ ၃ ဦး ဒဏ္ရာရ
ရန္ကုန္၊ စက္တင္ဘာ ၂၉
မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕၊ အာဇာနည္လမ္းနဲ႔ ဗိုလ္ခ်ဳပ္လမ္းဆုံနားမွာ ကင္းလွည့္ေနသည့္ ရဲကား ၁ စီး
စက္တင္ဘာလ ၂၈ ရက္ ညေနပိုင္းတြင္ ဗုံးပစ္သြင္းခံရၿပီး ရဲ ၁ ဦး ေသဆုံးကာ ၃ ဦး ဒဏ္ရာရသြားေၾကာင္း သတင္းရရွိသည္။
“မေန႔က ညေန ၅ နာရီေလာက္က ပခုကၠဴ ၁၀ ရပ္ကြက္၊ အာဇာနည္လမ္းနဲ႔ ဗိုလ္ခ်ဳပ္လမ္းဆုံက ဆြမ္းေလာင္းအသင္း႐ုံးနားမွာ ကင္းလွည့္ေနရင္း ဆိုင္ကယ္နဲ႔ ဗုံးလာပစ္သြားတာ။
ဗုံးက ေတာ္ေတာ္ျပင္းတယ္၊ ကားအမိုးေတြပါ ပြင့္ထြက္သြားတာ။ ကင္းလွည့္ေနတဲ့ ရဲမႉးကားလို႔လည္း ၾကားတယ္။
ရဲတပ္သား ၁ ေယာက္ကေတာ့ ေသသြားတယ္၊ က်န္ ၃ ေယာက္လည္း ဒဏ္ရာျပင္းတယ္၊ ေသြးေတြ ရဲေနတာပဲ။”ဟု မ်က္ျမင္ေဒသခံမွ ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။
ဗုံးေပါက္ကြဲအၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ အနီးနားရွိ ေနအိမ္မ်ားအား ဝင္ေရာက္စီးနင္းရွာေဖြမႈမ်ားျပဳလုပ္ခဲ့ၿပီး ဗုံးပစ္သြားသူမ်ားအား ဖမ္းဆီးရမိျခင္း မရွိေသးဟု သတင္းရရွိသည္။
ဓါတ္ပုံ – ပခုကၠဴၿမိဳ႕ရွိ ရဲတပ္ဖြဲ႕ဝင္မ်ား (ပုံအေဟာင္း)
khit thit media
Unicode
ပခုက္ကူတွင် ကင်းလှည့်နေသော ရဲကား ဗုံးပစ်သွင်းခံရ
ပခုက္ကူတွင် ကင်းလှည့်နေသော ရဲကား ဗုံးပစ်သွင်းခံရပြီး ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၂၉
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အာဇာနည်လမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံနားမှာ ကင်းလှည့်နေသည့် ရဲကား ၁ စီး
စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် ဗုံးပစ်သွင်းခံရပြီး ရဲ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
“မနေ့က ညနေ ၅ နာရီလောက်က ပခုက္ကူ ၁၀ ရပ်ကွက်၊ အာဇာနည်လမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံက ဆွမ်းလောင်းအသင်းရုံးနားမှာ ကင်းလှည့်နေရင်း ဆိုင်ကယ်နဲ့ ဗုံးလာပစ်သွားတာ။
ဗုံးက တော်တော်ပြင်းတယ်၊ ကားအမိုးတွေပါ ပွင့်ထွက်သွားတာ။ ကင်းလှည့်နေတဲ့ ရဲမှူးကားလို့လည်း ကြားတယ်။
ရဲတပ်သား ၁ ယောက်ကတော့ သေသွားတယ်၊ ကျန် ၃ ယောက်လည်း ဒဏ်ရာပြင်းတယ်၊ သွေးတွေ ရဲနေတာပဲ။”ဟု မျက်မြင်ဒေသခံမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဗုံးပေါက်ကွဲအပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးနားရှိ နေအိမ်များအား ဝင်ရောက်စီးနင်းရှာဖွေမှုများပြုလုပ်ခဲ့ပြီး ဗုံးပစ်သွားသူများအား ဖမ်းဆီးရမိခြင်း မရှိသေးဟု သတင်းရရှိသည်။
ဓါတ်ပုံ – ပခုက္ကူမြို့ရှိ ရဲတပ်ဖွဲ့ဝင်များ (ပုံအဟောင်း)
khit thit media