News


မနက်မိုးလင်းတာနဲ့ ငါ့မိသားစုကို လွမ်းတယ် ငါ့မှာ အဖေခေါ်စရာ မရှိတော့ဘူး အမေခေါ်စရာမရှိတော့ဘူး မမခေါ်စရာ မရှိတော့ဘူး

ညီမလေး ခေါ်စရာမရှိတော့ဘူး တူမလေးခေါ်စရာမရှိတေ့ဘူး နစ်နာတာက မိသားစု နှစ်စု တစ်အိမ်လုံးလူ‌တွေကော မီးရှို့ခံရတာ ငါ့မိသားစု လေ နင်တို့မှာလည်း မိသားစုရှိတယ်

ရွာမီးလောင်တာပဲ မြင်ကြတယ် မိသားစု တစ်စုလုံးအရင်မီးရှို့သတ်ခံရတာက ဘယ်ပျောက်သွားရတာလဲ

ငါ့ကြောင့် ငါ့မိသားစုကြောင့် ငါရွာက ဘယ်ချိန်က ပြေးခဲ့ရဘူးလဲ ဘယ်ချိန်က ဒုက္ခရောက်ဖူးလဲ ဘယ်သူများ နစ်နာဖူး လဲ ကျီကုန်းရွာတစ်ရွာလုံးသိတယ် နင်တို့မိသားစုတွေ ဝဋ်မလည်ပါစေနဲ့ နင်တို့မိသားစုတွေ ငါရင်ကွဲသလို မကွဲပါစေနဲ့

ခု နင်တို့သတ်မယ်ဆိုတဲ့ ငါ့ဘဝကလည်း နင်တို့သတ်ပီးသာပါ ငါမိသားစုက ဒလန်မဟုတ်ခဲ့ဘူးနော် ဘယ်သူ့မှ ဒုက္ခ ‌မပေးခဲ့ဖူးဘူး ကျီးကုန်းရွာဘုန်းကြီး ကျောင်းမှာ သူစိမ်းတွေတည်းတယ်

သိတယ် အဖေက ကျီကုန်းကျောင်း ဘုန်းကြီးကို ယုံတယ် ရွာသားတွေကို ယုံတယ် ဘယ်သူမှ ဒီလိုလုပ်မယ်လို့ မထင် ထားဘူးနော် ကျီကုန်းရွာက ငါ့မိသားစု ရန်သူတွေ‌ဖြစ်မယ်မှန်း မသိခဲ့လို့ နောင်တရတယ် ရွာကိုယုံလို့ နောင်တရ တယ်

အမျိူးတွေကို အားကိုယုံခဲ့မိလို့ နောင်တရတယ် ငါ့မိသားစုက နင်တို့ အပေါ် ယုတ်မာခဲဖူးလို့ နင်တို့ဘဝတွေ ဖျက်ဆီးခံခဲရလို့ ခုလို ဝိုင်းလုပ်ကြံ ကြတာဆိုရင် ပြောပါအုံ မိသားစုတစ်စုလုံး မီးရှို့သတ်ရအောင်ထိ လုပ်ခဲ့ဖူးလား

ငါက ရဲဖြစ်နေလို့ လုပ်တာဆိုရင် ငါက ငါ့ရွာ ဒုက္ခပေးဖူးလား ငါက ငါ့ရွာကို ငါ အကောင်းမြင်ခဲ့တာချည်းပဲ ငါက င့ကို ဆဲဆိုနေတာတောင် ငါ ရန်ပြန်လုတ်ဖူး ငါအပြစ်မမြင်ခဲ့ဘူး တစ်ဖက်လူ အတွက် တွေးပေးခဲ့တာ ခုတော့ ငါ့မိသားစုကို ဝိုင်းလုပ်ကြံကြတယ်

ကျီးကုန်း ရွာကလူတွေ မိသားစုတွေ တစ်ကွဲတစ်ပြား မဖြစ်ပါစေနဲ့ ငါ့လို

မခံစားရပါစေနဲ့

source Yu Yu

Zawgyi







အမျိုးတွေကို အားကိုယုံခဲ့မိလို့ နောင်တရတယ် ငါ့မိသားစုက နင်တို့ အပေါ် ယုတ်မာခဲဖူးလို့ နင်တို့ဘဝတွေ ဖျက်ဆီးခံခဲရလို့ ခုလို ဝိုင်းလုပ်ကြံ ကြတာဆိုရင် ပြောပါအုံ မိသားစုတစ်စုလုံး မီးရှို့သတ်ရအောင်ထိ လုပ်ခဲ့ဖူးလား



မခံစားရပါစေနဲ့

source Yu Yu