News





Unicode

စစ်ကိုင်းတိုင်း PDF တပ်ဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး လက်တွဲညီညီတိုက်ခိုက်ရန်အသင့်ဖြစ်ကြောင်းကြေငြာ
ဧရာဝတီတိုင်းမ်စက်တင်ဘာ ၂၉ ရက်

စစ်ကောင်စီမှ ဖိနှိပ်ထိုးစစ်ဆင်လျက်ရှိသော စစ် ကိုင်းတိုင်းအတွင်း PDF ၆ဖွဲ့မှပူးပေါင်း၍လက်တွဲ ညီညီပြန်လည်ခုခံတိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပူးတွဲကြေငြာချက်ထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များဖြစ်သည့် PDF-ချောင်းဦး၊PDF- မုံရွာ၊PDF- ရေဦး၊တော်လှန်ရေးအင်အားစု(အရာတော်)၊PDF -တန့်ဆည်၊PDF-ကနီ ၆ဖွဲ့၏ စုပေါင်းအားဖြင့် စစ် အာဏာရှင်စနစ်ကျဆုံးသည်အထိ ခုခံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။