Cele

အသက်(၂၀)ကျော်အရွယ်က ပထမဆုံးအကယ်ဒမီရယူခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ တလက်လက်တောက်ပနေတဲ့ အလှတရားများ…

အသက္(၂၀)ေက်ာ္အ႐ြယ္က ပထမဆုံးအကယ္ဒမီရယူခဲ့တဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕ တလက္လက္ေတာက္ပေနတဲ့ အလွတရားမ်ား…

လက္ရွိမွာအသက္ (၄၀) ေက်ာ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဝါရင့္သ႐ုပ္ေဆာင္အိျႏၵာေက်ာ္ဇင္ရဲ႕ အသက္ (၂၀) ေက်ာ္ဝန္းက်င္အ႐ြယ္က ပုံရိပ္ေတြဟာ လူမႈကြန္ယက္မွာ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။ အႏုပညာရွင္အျဖစ္နဲ႔ ႏွစ္ေပါင္းမ်ားစြာလုပ္ကိုင္လာခဲ့ၿပီး လက္ရွိမွာလည္း အမွန္တရားတစ္ခုအတြက္ ရဲရဲရင့္ရင့္နဲ႔

ရင္ဆိုင္ရင္း အက်ဥ္းက်ခံေနရတာမို႔ သူမရဲ႕ပရိသတ္ေတြက သူမအတြက္အရမ္းကို ဂုဏ္ယူေနခဲ့ပါတယ္။ အကယ္ဒမီႏွစ္ဆုထိ ထူးထူးခြၽန္ခြၽန္ဆြတ္ခူးႏိုင္ခဲ့တဲ့ မင္းသမီးဟာ သ႐ုပ္ေဆာင္ေကာင္း႐ုံတင္မကဘဲ ရပ္တည္ခ်က္ျပတ္သားတဲ့ အာဂမင္းသမီးတစ္ေယာက္လည္း ျဖစ္ပါတယ္။

အသက္အ႐ြယ္ရလာေလ ပိုလွလာေလျဖစ္တဲ့ သူမရဲ႕ႏုပ်ိဳမႈကေတာ့ အံ့မခန္းပါပဲ။ အသက္ (၄၀) ေက်ာ္ အ႐ြယ္ဟာ အသက္ (၂၀) ေက်ာ္အ႐ြယ္နဲ႔ ထူးမျခားနားလွေနဖို႔ဆိုတာ အေတာ္ေလးမလြယ္ပါဘူး။ ငယ္႐ြယ္စဥ္မွာ Gym ကစားခဲ့ေပမယ့္ လက္ရွိအသက္အ႐ြယ္မွာေတာ့ သူမက ေယာဂေလ့က်င့္ခန္းကို စနစ္တက်ေလ့က်င့္ရင္း က်န္းမာေကာင္းမြန္တဲ့ ခႏၶာကိုယ္ရႏိုင္ဖို႔ ႀကိဳးစားေနခဲ့ပါတယ္။ အက်ဥ္းက်ခံ ေနစဥ္မွာလည္း ဘုရားတရားလုပ္ၿပီး ေအးေအးေဆးေဆးေနထိုင္ေနေၾကာင္း ကနဦးသတင္းေတြအရ သိရပါတယ္။

သူမရဲ႕ပရိသတ္ေတြကလည္း သူမနဲ႔ခင္ပြန္းျဖစ္သူ ေျပတီးဦးတို႔ႏွစ္ေယာက္လုံး အျမန္ဆုံးလြတ္ေျမာက္ေစဖို႔ ဆုေတာင္းစကားေတြေျပာခဲ့ၾကပါတယ္။ ပရိသတ္ေတြခ်စ္တဲ့ မင္းသမီးအျဖစ္နဲ႔ရပ္တည္လာခဲ့ၿပီး လက္ရွိအခ်ိန္ထိလည္း သူမရဲ႕ရပ္တည္ခ်က္ကို လုံးဝမေျပာင္းလဲဘဲ

သိကၡာရွိရွိအက်ဥ္းက်ခံေနတဲ့ အာဂအမ်ိဳးသမီးမို႔ ပရိသတ္ေတြက ပိုၿပီးအခ်စ္တိုးတဲ့အေၾကာင္း မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။ သူမရဲ႕ပထမဆုံးအကယ္ဒမီဆုကို (၂၀၀၄) ခုႏွစ္မွာဆြတ္ခူးႏိုင္ခဲ့ၿပီး ႀကိဳးစားမႈရဲ႕ရလာဒ္အတြက္ ပီတိျဖစ္ေနတဲ့ အူဝဲရဲ႕ပုံရိပ္ေတြကို ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Pathy Pathy Eaindra Kyaw Zin Crazy’s FB Acc
Crd

Unicode

အသက်(၂၀)ကျော်အရွယ်က ပထမဆုံးအကယ်ဒမီရယူခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ တလက်လက်တောက်ပနေတဲ့ အလှတရားများ…

လက်ရှိမှာအသက် (၄၀) ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့ အသက် (၂၀) ကျော်ဝန်းကျင်အရွယ်က ပုံရိပ်တွေဟာ လူမှုကွန်ယက်မှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ အနုပညာရှင်အဖြစ်နဲ့ နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့ပြီး လက်ရှိမှာလည်း အမှန်တရားတစ်ခုအတွက် ရဲရဲရင့်ရင့်နဲ့

ရင်ဆိုင်ရင်း အကျဉ်းကျခံနေရတာမို့ သူမရဲ့ပရိသတ်တွေက သူမအတွက်အရမ်းကို ဂုဏ်ယူနေခဲ့ပါတယ်။ အကယ်ဒမီနှစ်ဆုထိ ထူးထူးချွန်ချွန်ဆွတ်ခူးနိုင်ခဲ့တဲ့ မင်းသမီးဟာ သရုပ်ဆောင်ကောင်းရုံတင်မကဘဲ ရပ်တည်ချက်ပြတ်သားတဲ့ အာဂမင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

အသက်အရွယ်ရလာလေ ပိုလှလာလေဖြစ်တဲ့ သူမရဲ့နုပျိုမှုကတော့ အံ့မခန်းပါပဲ။ အသက် (၄၀) ကျော် အရွယ်ဟာ အသက် (၂၀) ကျော်အရွယ်နဲ့ ထူးမခြားနားလှနေဖို့ဆိုတာ အတော်လေးမလွယ်ပါဘူး။ ငယ်ရွယ်စဉ်မှာ Gym ကစားခဲ့ပေမယ့် လက်ရှိအသက်အရွယ်မှာတော့ သူမက ယောဂလေ့ကျင့်ခန်းကို စနစ်တကျလေ့ကျင့်ရင်း ကျန်းမာကောင်းမွန်တဲ့ ခန္ဓာကိုယ်ရနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အကျဉ်းကျခံ နေစဉ်မှာလည်း ဘုရားတရားလုပ်ပြီး အေးအေးဆေးဆေးနေထိုင်နေကြောင်း ကနဦးသတင်းတွေအရ သိရပါတယ်။

သူမရဲ့ပရိသတ်တွေကလည်း သူမနဲ့ခင်ပွန်းဖြစ်သူ ပြေတီးဦးတို့နှစ်ယောက်လုံး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းစကားတွေပြောခဲ့ကြပါတယ်။ ပရိသတ်တွေချစ်တဲ့ မင်းသမီးအဖြစ်နဲ့ရပ်တည်လာခဲ့ပြီး လက်ရှိအချိန်ထိလည်း သူမရဲ့ရပ်တည်ချက်ကို လုံးဝမပြောင်းလဲဘဲ

သိက္ခာရှိရှိအကျဉ်းကျခံနေတဲ့ အာဂအမျိုးသမီးမို့ ပရိသတ်တွေက ပိုပြီးအချစ်တိုးတဲ့အကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။ သူမရဲ့ပထမဆုံးအကယ်ဒမီဆုကို (၂၀၀၄) ခုနှစ်မှာဆွတ်ခူးနိုင်ခဲ့ပြီး ကြိုးစားမှုရဲ့ရလာဒ်အတွက် ပီတိဖြစ်နေတဲ့ အူဝဲရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Pathy Pathy Eaindra Kyaw Zin Crazy’s FB Acc
Crd