ပခုက္ကူမြို့မှာ ကင်းလှည့်ရဲကားပေါ်ဗုံးပေါက်ကွဲ 2ဦးသေ
ပခုက္ကူမြို့ပေါ် လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်းနဲ့ အာဇာနည်လမ်းဆုံအနီးမှာ ကင်းလှည့် ရဲကားအတွင်း ဗုံးပစ်ထည့်ခံရပြီး ပေါက်ကွဲ
ကာ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြို့ပေါ်ဒေသခံတွေဆီက သိရပါတယ်
စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်
ကားက အရှေ့ကနေ ဗိုလ်ချုပ်လမ်းအတိုင်း အနောက်ကို ဦးတည်သွားနေတာ ဆိုင်ကယ်နဲ့ လာတဲ့လူတွေက ကားပေါ်ကို ဗုံးပစ်ထည့်သွား
တာ၊ ချက်ချင်း ပေါက်ကွဲမှုဖြစ်တာပဲ၊ နေရာမှာတင် နှစ်ဦးသေတယ်။ ၃ ဦးက ဒဏ်ရာရတယ်။ ကားပေါ်မှာတော့ ဘယ်နှယောက် ပါမှန်းမသိလိုက်ဘူး
သေတာကတော့ ကားယားလေးတွေပဲ၊ ဝုန်းခနဲ အသံကြားလိုက်တော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်
ပခုက္ကူမြို့ပေါ်မှာ ရဲကား၊ စစ်ကားတွေက ညနေ ၅ နာရီဝန်းကျင်မှာ မြို့ပေါ်မှာ အမြဲ ကင်းလှည့်ပတ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါ
တယ်။ ပေါက်ကွဲမှုကြောင့် ရဲကားမှာ အမိုးပွင့်လှန်သွားတယ်လို့ သိရပါတယ်။
zawgyi
ပခုကၠဴၿမိဳ႕မွာ ကင္းလွည့္ရဲကားေပၚဗုံးေပါက္ကြဲ 2ဦးေသ
ပခုကၠဴၿမိဳ႕ေပၚ လမ္းမႀကီးေတြျဖစ္တဲ့ ဗိုလ္ခ်ဳပ္လမ္းနဲ႔ အာဇာနည္လမ္းဆုံအနီးမွာ ကင္းလွည့္ ရဲကားအတြင္း ဗုံးပစ္ထည့္ခံရၿပီး ေပါက္ကြဲ
ကာ ႏွစ္ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့တယ္လို႔ ၿမိဳ႕ေပၚေဒသခံေတြဆီက သိရပါတယ္။
စက္တင္ဘာ ၂၈ ရက္ ညေန ၅ နာရီေလာက္က ျဖစ္ပြားခဲ့တာျဖစ္ၿပီး ၃ ဦး အျပင္းအထန္ ဒဏ္ရာရရွိခဲ့ကာ ႏွစ္ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ကားက အေရွ႕ကေန ဗိုလ္ခ်ဳပ္လမ္းအတိုင္း အေနာက္ကို ဦးတည္သြားေနတာ ဆိုင္ကယ္နဲ႔ လာတဲ့လူေတြက ကားေပၚကို ဗုံးပစ္ထည့္သြား
တာ၊ ခ်က္ခ်င္း ေပါက္ကြဲမႈျဖစ္တာပဲ၊ ေနရာမွာတင္ ႏွစ္ဦးေသတယ္။ ၃ ဦးက ဒဏ္ရာရတယ္။ ကားေပၚမွာေတာ့ ဘယ္ႏွေယာက္ ပါမွန္းမသိလိုက္ဘူး။
ေသတာကေတာ့ ကားယားေလးေတြပဲ၊ ဝုန္းခနဲ အသံၾကားလိုက္ေတာ့ ဘယ္သူမွ ထြက္မၾကည့္ရဲၾကဘူး လို႔ မ်က္ျမင္ေဒသခံတစ္ဦးက ေျပာပါတယ္။
ပခုကၠဴၿမိဳ႕ေပၚမွာ ရဲကား၊ စစ္ကားေတြက ညေန ၅ နာရီဝန္းက်င္မွာ ၿမိဳ႕ေပၚမွာ အျမဲ ကင္းလွည့္ပတ္ေလ့ရွိတယ္လို႔ ေဒသခံေတြက ဆိုပါ
တယ္။ ေပါက္ကြဲမႈေၾကာင့္ ရဲကားမွာ အမိုးပြင့္လွန္သြားတယ္လို႔ သိရပါတယ္။