News

သိႏၷီ ၿမိဳ႕တြင္ စစ္ေကာင္စီတပ္သားက LGBT လူငယ္အားအေၾကာင္းမဲ့ ရိုက္ႏွက္

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့တွင် ယမန်နေ့ စက်တင်ဘာ ၂၈ရက် မနက် ပိုင်းက သိန္နီမြို့စီးပွားရေးဘဏ် အစောင့်တပ်သားက

ဘဏ်ရှေ့ရှိ ဆံပင်ညှပ် ဆိုင်အတွင်းသို့ဝင်ကာ ဆံပင်ညှပ်ဆိုင်ပိုင်ရှင် LGBT လူငယ်တစ်ဦးအား ရိုက်နှက် မှုဖြစ်ပွားကြောင်းသိရသည်

စစ်ကောင်စီတပ်သားသည် မည်သည့်အကြောင်းပြချက်မှမရှိဘဲ ဆံပင်ညှပ် ဆိုင်တွင်းသို့ဝင်ကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရိုက်နှက်မှုဖြစ်စဉ်အား မျက်မြင်တွေ့သူ ဒေသခံတစ်ဦးကပြောသည်

စစ်သားက အရက်မူးနေတယ် ထင်တယ် ဒီတိုင်းဘာမှရန်မဖြစ်ဘဲ ဆိုင်ထဲ ဝင်တယ် အဲဒီကလေးကိုရိုက်တယ်

ပြီးတော့ခြေထောက်ကို စစ်ဖိနပ်နဲ့ အကြိမ်ရေအများကြီးနင်းတယ် သူ့နောက်မှာရဲလည်း ပါတယ်အဲဒီရဲကလည်းဘာမှမပြောဘူးပေါ့ဟု ၎င်းက ပြောသည်

ရိုက်နှက်ခံရသူ LGBT လူငယ်မှာ ရိုက်နှက်ခံရသည့်ဖြစ်စဉ်အသေးစိတ်ကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မူလကမျှဝေထားခဲ့သော်လည်း

၎င်း၏ နေအိမ်ကို သက်ဆိုင်ရာမှ လာရောက်ခြိမ်းခြောက်ပြီးနောက် မျှဝေမှုကို ဖျက်ပစ် ခဲ့ရသည်ဟု သိရသည်

အရိုက်နှက်ခံရသူနေအိမ်သို့ သိန္နီမြို့ရှိနယ်မြေခံတပ်မှ ဗိုလ်မှူးအချို့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများလာရောက်ပြီး

နောက်ထိုကဲ့သို့ ဖျက်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်နှက်ခံသူနှင့် နီးစပ်သူကပြောသည်

ခုနေ့လည်ပိုင်းသူ့အိမ်ကို တပ်ကကော ထွေအုပ်ကပါလာတယ် လျော်ကြေး ပေးမယ်ဆိုပြီး facebook အကောင့် တောင်းတယ်

သူတင်ထားတာတွေလည်း ဖျက်ပစ်တယ် သူ့အကောင့်ပါဖျက်လိုက်ရတယ် အခုထိဘာလျော်ကြေးမှ လည်းမရဘူးဟု ၎င်းကဆိုသည်

စစ်ကောင်စီတပ်သား၏ ရိုက်နှက်မှုကြောင့် အဆိုပါ LGBT လူငယ်မှာ မျက်နှာနှင့်ခြေထောက်တို့တွင်ဒဏ်ရာရထားပြီးနားတစ်ဖက်မှာလည်း ကောင်းစွာ မကြားရတော့ကြောင်းသိရသည်

zawgyi

ရွမ္းျပည္နယ္ေျမာက္ပိုင္း သိႏၷီၿမိဳ႕တြင္ ယမန္ေန႔ စက္တင္ဘာ ၂၈ရက္ မနက္ ပိုင္းက သိႏၷီၿမိဳ႕စီးပြားေရးဘဏ္ အေစာင့္တပ္သားက

ဘဏ္ေရွ႕ရွိ ဆံပင္ညႇပ္ ဆိုင္အတြင္းသို႔ဝင္ကာ ဆံပင္ညႇပ္ဆိုင္ပိုင္ရွင္ LGBT လူငယ္တစ္ဦးအား ရိုက္ႏွက္ မႈျဖစ္ပြားေၾကာင္းသိရသည္

စစ္ေကာင္စီတပ္သားသည္ မည္သည့္အေၾကာင္းျပခ်က္မွမရွိဘဲ ဆံပင္ညႇပ္ ဆိုင္တြင္းသို႔ဝင္ကာ ရိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါရိုက္ႏွက္မႈျဖစ္စဥ္အား မ်က္ျမင္ေတြ႕သူ ေဒသခံတစ္ဦးကေျပာသည္

စစ္သားက အရက္မူးေနတယ္ ထင္တယ္ ဒီတိုင္းဘာမွရန္မျဖစ္ဘဲ ဆိုင္ထဲ ဝင္တယ္ အဲဒီကေလးကိုရိုက္တယ္

ၿပီးေတာ့ေျခေထာက္ကို စစ္ဖိနပ္နဲ႔ အႀကိမ္ေရအမ်ားႀကီးနင္းတယ္ သူ႔ေနာက္မွာရဲလည္း ပါတယ္အဲဒီရဲကလည္းဘာမွမေျပာဘူးေပါ့ဟု ၎က ေျပာသည္

ရိုက္ႏွက္ခံရသူ LGBT လူငယ္မွာ ရိုက္ႏွက္ခံရသည့္ျဖစ္စဥ္အေသးစိတ္ကို ၎၏ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ မူလကမၽွေဝထားခဲ့ေသာ္လည္း

၎၏ ေနအိမ္ကို သက္ဆိုင္ရာမွ လာေရာက္ၿခိမ္းေျခာက္ၿပီးေနာက္ မၽွေဝမႈကို ဖ်က္ပစ္ ခဲ့ရသည္ဟု သိရသည္

အရိုက္ႏွက္ခံရသူေနအိမ္သို႔ သိႏၷီၿမိဳ႕ရွိနယ္ေျမခံတပ္မွ ဗိုလ္မႉးအခ်ိဳ႕ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားလာေရာက္ၿပီး

ေနာက္ထိုကဲ့သို႔ ဖ်က္ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း ရိုက္ႏွက္ခံသူႏွင့္ နီးစပ္သူကေျပာသည္

ခုေန႔လည္ပိုင္းသူ႔အိမ္ကို တပ္ကေကာ ေထြအုပ္ကပါလာတယ္ ေလ်ာ္ေၾကး ေပးမယ္ဆိုၿပီး facebook အေကာင့္ ေတာင္းတယ္

သူတင္ထားတာေတြလည္း ဖ်က္ပစ္တယ္ သူ႔အေကာင့္ပါဖ်က္လိုက္ရတယ္ အခုထိဘာေလ်ာ္ေၾကးမွ လည္းမရဘူးဟု ၎ကဆိုသည္

စစ္ေကာင္စီတပ္သား၏ ရိုက္ႏွက္မႈေၾကာင့္ အဆိုပါ LGBT လူငယ္မွာ မ်က္ႏွာႏွင့္ေျခေထာက္တို႔တြင္ဒဏ္ရာရထားၿပီးနားတစ္ဖက္မွာလည္း ေကာင္းစြာ မၾကားရေတာ့ေၾကာင္းသိရသည္