News

လြိဳင္ေကာ္ၿမိဳ႕နယ္ ကုန္းသာေက်းရြာတိုက္ပြဲ စစ္ေကာင္စီမွ …….

လြိဳင္ေကာ္ၿမိဳ႕နယ္ ကုန္းသာေက်းရြာတိုက္ပြဲ စစ္ေကာင္စီမွ ၃၀ ဦး ေသဆုံး၊ ၃၀ ဦးခန႔္ ဒဏ္ရာရၿပီး ကရင္နီပူးေပါင္းတပ္ဖြဲ႕မွ PDF ၄ ဦးႏွင့္ KNDF တပ္ဖြဲ႕ဝင္ ၁ ဦး က်ဆုံး

ရန္ကုန္၊စက္တင္ဘာ၂၉ရွမ္းကယားနယ္စပ္၊လြိဳင္ေကာ္ၿမိဳ႕နယ္ကုန္းသာေက်းရြာအနီးတြင္အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္းအားကရင္နီပူးေပါင္းတပ္ဖြဲ႕မွ ပိတ္ဆို႔တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲသည္ ေန႔လယ္ ၁၂ နာရီမွ ညေန ၅ နာရီအထိ တိုက္ပြဲ ျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီတပ္မွ ၃၀ ဦးေသဆုံးကာ ၃၀ ခန႔္

ဒဏ္ရာရေၾကာင္း၊ကရင္နီပူးေပါင္းတပ္ဖြဲ႕မွ ဖယ္ခုံ PDF ၄ ဦးႏွင့္ KNDF တပ္ဖြဲ႕ဝင္ ၁ ဦး က်ဆုံးေၾကာင္း KNDF မွ သတင္းထုတ္ျပန္သည္။
အဆိုပါတိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္းအား ကရင္နီပူးေပါင္းတပ္ဖြဲ႕မ်ားမွ ပိတ္ဆို႔တိုက္ခိုက္ခဲ့ကာ

လက္နက္ခဲယမ္းအျပည့္တင္ေဆာင္ထားေသာ စစ္ေကာင္စီကားတစ္စီးအား ပစ္ခတ္ဖ်က္ဆီးနိုင္ခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္မ်ားသည္ လက္ရွိအခ်ိန္ထိ လက္နက္ႀကီးမ်ား ပစ္ခတ္လၽွက္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အလားတူ ဖယ္ခုံၿမိဳ႕နယ္၊ မိုးျဗဲအေျခစိုက္ စစ္ေကာင္စီ၏ ၄၂၂ တပ္ရင္းအနီးရွိ ေခါင္းမိုင္းေတာင္ႏွင့္ မိုးျဗဲသဲေတာင္ရွိ စစ္ေကာင္စီ စခန္းအားမ်ား ဖယ္ခုံ PDF ႏွင့္ KNDF ပူးေပါင္းတပ္ဖြဲ႕မ်ားမွ တိုက္ခိုက္ခဲ့သျဖင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား ဆုတ္ခြာထြက္ေျပးသြားေၾကာင္း KNDF မွ ေဖာ္ျပထားသည္။

ယေန႔တိုက္ပြဲတြင္ က်ဆုံးသြားေသာ ဖယ္ခုံၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၄ ဦးႏွင့္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၁ ဦးအား ျပည္သူ႔လြတ္ေျမာက္ေရး အာဇာနည္သူရဲေကာင္းမ်ားအျဖစ္ အသိအမွတ္ျပဳ သမိုင္းမွတ္တမ္းတင္ အေလးျပဳေၾကာင္း KNDF မွ ထုတ္ျပန္သည္။ဓါတ္ပုံ – KNDF တပ္ဖြဲ႕ဝင္မ်ား

unicode

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတိုက်ပွဲ စစ်ကောင်စီမှ ၃၀ ဦး သေဆုံး၊ ၃၀ ဦးခန့် ဒဏ်ရာရပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ PDF ၄ ဦးနှင့် KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

ရန်ကုန်၊စက်တင်ဘာ၂၉ရှမ်းကယားနယ်စပ်၊လွိုင်ကော်မြို့နယ်ကုန်းသာကျေးရွာအနီးတွင်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအားကရင်နီပူးပေါင်းတပ်ဖွဲ့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲသည် နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၀ ဦးသေဆုံးကာ ၃၀ ခန့်

ဒဏ်ရာရကြောင်း၊ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဖယ်ခုံ PDF ၄ ဦးနှင့် KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်ခဲ့ကာ

လက်နက်ခဲယမ်းအပြည့်တင်ဆောင်ထားသော စစ်ကောင်စီကားတစ်စီးအား ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် လက်ရှိအချိန်ထိ လက်နက်ကြီးများ ပစ်ခတ်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ ၄၂၂ တပ်ရင်းအနီးရှိ ခေါင်းမိုင်းတောင်နှင့် မိုးဗြဲသဲတောင်ရှိ စစ်ကောင်စီ စခန်းအားများ ဖယ်ခုံ PDF နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေးသွားကြောင်း KNDF မှ ဖော်ပြထားသည်။

ယနေ့တိုက်ပွဲတွင် ကျဆုံးသွားသော ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးအား ပြည်သူ့လွတ်မြောက်ရေး အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြု သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း KNDF မှ ထုတ်ပြန်သည်။ဓါတ်ပုံ – KNDF တပ်ဖွဲ့ဝင်များ