အိုမင္းမစြမ္း ျဖစ္ေနတဲ့ အေဖကို သားျဖစ္သူက စားေသာက္ဆိုင္တစ္ခုကို ေခၚသြားတယ္ အေဖျဖစ္သူဟာ အိုမင္းမစြမ္း ျဖစ္ေနတာေၾကာင့္
စားေသာက္တဲ့အခါအစားအစာေတြဟာေဘးကိုဖိတ္စင္ကုန္တယ္ အေဖရဲ႕ေဘာင္းဘီနဲ႔အက်ႌေတြေပၚမွာလဲေပက်ံလို႔ေနခဲ့ပါတယ္
တျခားဝိုင္းက လူေတြဟာအေဖျဖစ္သူကို႐ြံရွာတဲ့အျမင္နဲ႔ၾကည့္လို႔ေနေပမယ့္ သားျဖစ္သူကေတာ့ ေအးေအးေဆးေဆးပါပဲ
အေဖစားလို႔ေသာက္လို႔အၿပီးမွာေတာ့ သူ႔အေဖခုလိုျဖစ္ေနတာကို
လုံးဝမရွက္မိတဲ့ သားဟာထိုင္ခုံကထလို႔အေဖ့ကို တြဲကာသန႔္စင္ခန္းေခၚသြားပါတယ္
သန႔္စင္ခန္းထဲမွာေပက်ံေနတာေတြကို ေသခ်ာသုတ္တယ္
အက်ႌကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပန္ တည့္ေပးတယ္။ ဆံပင္ကိုညီေနေအာင္ေသခ်ာဂ႐ုစိုက္ လို႔ ၿဖီးေပးတယ္
မ်က္မွန္ကိုသုတ္ၿပီးတည့္တည့္ျဖစ္ေအာင္ ျပန္တပ္ေပးတယ္
သူတို႔ ၂ ေယာက္သန႔္စင္ခန္းထဲကျပန္ ထြက္လာတဲ့အခါမွာေတာ့စားေသာက္ဆိုင္တစ္ခုလုံးကလူေတြဟာ
ေျပာမျပတတ္ေအာင္သူတို႔ကိုယ္သူတို႔အႀကီးအက်ယ္ရွက္မိလို႔ ၿငိမ္သက္ေနခဲ့တယ္
သားျဖစ္သူဟာက်သင့္ေငြကိုရွင္းၿပီး ျပန္ဖို႔အတြက္သူ႔အေဖကို လွမ္းတြဲလိုက္တဲ့အခ်ိန္မွာ
ေဘးဝိုင္းကအဘိုးအိုတစ္ေယာက္ဟာသားျဖစ္သူကိုလွမ္းေအာ္ေျပာလိုက္ပါတယ္
သားေရ… တစ္ခုခုမ်ားက်န္ခဲ့တယ္လို႔ မထင္ဘူးလားကြယ့္ မက်န္ခဲ့ပါဘူးခင္ဗ် လို႔
သားျဖစ္သူလူငယ္က ေျဖတယ္ အဘိုးအိုက က်န္ခဲ့တာေပါ့ကြယ္
ဒီစားေသာက္ဆိုင္ထဲမွာရွိေနတဲ့ သားတိုင္းအတြက္သင္ခန္းစာက်န္ခဲ့သလို
အေဖတိုင္းအတြက္ေမွ်ာ္လင့္ခ်က္ေတြ တပုံႀကီးကိုက်န္ခဲ့ပါတယ္ကြယ္
စားေသာက္ဆိုင္တစ္ခုလုံးဟာေစာေစာကထက္ကိုပိုၿငိမ္သက္သြားခဲ့တယ္
#crd
unicode
အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖေကို သားဖြစ်သူက စားသောက်ဆိုင်တစ်ခုကို ခေါ်သွားတယ် အဖေဖြစ်သူဟာ အိုမင်းမစွမ်း ဖြစ်နေတာကြောင့်
စားသောက်တဲ့အခါအစားအစာတွေဟာဘေးကိုဖိတ်စင်ကုန်တယ်။အဖေရဲ့ဘောင်းဘီနဲ့အကျႌတွေပေါ်မှာလဲပေကျံလို့နေခဲ့ပါတယ်
တခြားဝိုင်းက လူတွေဟာအဖေဖြစ်သူကိုရွံရှာတဲ့အမြင်နဲ့ကြည့်လို့နေပေမယ့် သားဖြစ်သူကတော့ အေးအေးဆေးဆေးပါပဲ
အဖေစားလို့သောက်လို့အပြီးမှာတော့ သူ့အဖေခုလိုဖြစ်နေတာကို
လုံးဝမရှက်မိတဲ့ သားဟာထိုင်ခုံကထလို့အဖေ့ကို တွဲကာသန့်စင်ခန်းခေါ်သွားပါတယ်
သန့်စင်ခန်းထဲမှာပေကျံနေတာတွေကို သေချာသုတ်တယ်
အကျႌကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန် တည့်ပေးတယ် ဆံပင်ကိုညီနေအောင်သေချာဂရုစိုက် လို့ ဖြီးပေးတယ်
မျက်မှန်ကိုသုတ်ပြီးတည့်တည့်ဖြစ်အောင် ပြန်တပ်ပေးတယ်
သူတို့ ၂ ယောက်သန့်စင်ခန်းထဲကပြန် ထွက်လာတဲ့အခါမှာတော့စားသောက်ဆိုင်တစ်ခုလုံးကလူတွေဟာ
ပြောမပြတတ်အောင်သူတို့ကိုယ်သူတို့အကြီးအကျယ်ရှက်မိလို့ ငြိမ်သက်နေခဲ့တယ်
သားဖြစ်သူဟာကျသင့်ငွေကိုရှင်းပြီး ပြန်ဖို့အတွက်သူ့အဖေကို လှမ်းတွဲလိုက်တဲ့အချိန်မှာ
ဘေးဝိုင်းကအဘိုးအိုတစ်ယောက်ဟာသားဖြစ်သူကိုလှမ်းအော်ပြောလိုက်ပါတယ်
သားရေ တစ်ခုခုများကျန်ခဲ့တယ်လို့ မထင်ဘူးလားကွယ့် မကျန်ခဲ့ပါဘူးခင်ဗျ လို့
သားဖြစ်သူလူငယ်က ဖြေတယ်။အဘိုးအိုက ကျန်ခဲ့တာပေါ့ကွယ်
ဒီစားသောက်ဆိုင်ထဲမှာရှိနေတဲ့ သားတိုင်းအတွက်သင်ခန်းစာကျန်ခဲ့သလို
အဖေတိုင်းအတွက်မျှော်လင့်ချက်တွေ တပုံကြီးကိုကျန်ခဲ့ပါတယ်ကွယ်
စားသောက်ဆိုင်တစ်ခုလုံးဟာစောစောကထက်ကိုပိုငြိမ်သက်သွားခဲ့တယ်
#crd