News

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးက မီးစိမ်းပြလိုက်ပြီ

ပြီးသွားတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှာ မြန်မာ့အရေးဟာ ကြိတ်ပုန်းခုတ်တဲ့ ညှိနှိုင်း ကြိူးပမ်းမှု့တွေ ရှိနေတယ်လို့ အမည်မဖော်လိုသူ သံတမန်တစ်ဦးက ရိုက်တာသတင်းဌာနကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ဖြေကြားထားပါတယ်

WION သတင်းဌာနကတော့ ကုလညီလာခံ ဥက္ကဌဖြစ်သူ အဗဒူလာရှာဟစ်နဲ့ တွေ့ဆုံမေးမြန်ထားပါတယ်  မြန်မာသံအမတ်ကို စကားမပြောခွင့်မပေးတဲ့အပေါ် ခင်ဗျား ဘာသိသလဲ” လို့ သတင်းထောက်က မေးမြန်းပါတယ်  မစ္စတာရှာဟစ်က

စစ်အာဏာသိမ်းထားပြီး ပြဿနာတွေနဲ့မို့ ကုလလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရတာပါ  သူကိုယ်တိုင်ကလည်း ( ဦးကျော်မိုးထွန်း ) စကားပြောခွင့် မတောင်းပါဘူး ။ ငါထင်တာတော့ ညီလာခံမတိုင်ခင်မှာ အမေရိကန် ၊ ရုရှား ၊ တရုတ်တို့ဟာ မြန်မာ့အရေးအတွက် ကြိူတင်ညှိနှိုင်းချက်အရလို့ ထင်ပါတယ်  လို့ ဖြေကြားခဲ့ပါတယ်

ကုလညီလာခံအပြီးမှာတော့ အံ့သြဖွယ်ရာ အစီရင်ခံစာတစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှု း ANTONIO GUTERRES က ထုတ်ပြန်လိုက်ပါတယ်  ဒီထုတ်ပြန်ချက်ကတော့ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့တဲ့ မြန်မာ့အကျပ်အတည်းကို နိုင်ငံတကာမှ အမြန်ဆုံး တုံ့ပြန်ကြဖို့ တောင်းဆိုလိုက်တာပါ ။ ( နိုင်ငံရေး ၊ စစ်ရေး နှစ်ခုစလုံးလို့ ယူဆရပါတယ်

လတ်တလောအရေးနဲ့ ရိုဟင်ဂျာပြဿနာတွေဟာ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှု့အောက်မှာ ကိုင်တွယ်ဖို့ ခက်ခဲလာပါလိမ့်မယ်  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ပြန်ရောက်လာအောင် ကူညီဖို့ နိုင်ငံတကာရဲ့ တုံ့ပြန်မှု့အရေးတကြီး လိုအပ်ပါတယ်  လို့ ကုလညီလာခံက ထုတ်ပြန်လိုက်တာပါ

ဒီ ထုတ်ပြန်ချက် အစီရင်ခံစာကို ကုလညီလာခံ နောက်ဆုံးနေ့မှာ အဖွဲ့ဝင်နိုင်ငံအားလုံးကို မဲခွဲ အတည်ပြုပေးခိုင်းတာပါ  မဲပေးတဲ့အခါ တရုတ်နိုင်ငံက မဲမပေးပဲနေခဲ့ပြီး ၊ ဘီလာရုစ်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်  ၊ မဲအပြတ်အသပ်နဲ့ အောင်မြင်ခဲ့တာပါ

နိုင်ငံတကာရဲ့ ကြိူးပမ်းမှု့မှာ သမ္မတဦးဝင်းမြင့် ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ အခြားအစိုးရအရာရှိတွေနဲ့ နိုင်ငံရေးသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ပါဝင်တယ်လို့ မစ္စတာဂူတာရတ် က အစီရင်ခံစာမှာ ဖော်ပြ အကူအညီတောင်းထားပါတယ် နိုင်ငံတကာရဲ့ တုံ့ပြန်မှု့ကို လက်မခံခဲ့ရင် စစ်တပ်ဟာ သူ့ရဲ့ ကာကွယ်ပိုင်ခွင့် ကျဉ်းမြောင်းသွားလိမ့်မယ် လို့လည်း မစ္စတာဂူတာရတ်က အသိပေးထားပါတယ်

ဒီမိုကရေစီအစိုးရက ခန့်အပ်ထားတဲ့ မြန်မာသံအမတ် ဦးကျော်မိုးထွန်းရဲ့ ထိုင်ခုံအတွက် ဆက်လက် စောင့်ရှောက်ပေးထားပြီး စစ်ကောင်စီကို ဆန့်ကျင်ပါတယ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ စဉ်းစားကြပါစို့ ” လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်

ကောင်းပြီ …. မြန်မာ့အရေး ပြီးပြီလား …. ? ။ ကုလညီလာခံမှာ NUG ကို အပြီးအပြတ် အသိအမှတ်မပြုခဲ့လို့ နွေဦးတော်လှန်ရေးဟာ မတင်မကျနဲ့ ပေရှည်နေဦးမလား … ?
ဆိုတဲ့ မေးခွန်းတွေကို သုံးသပ်ချင်ပါတယ်

မြန်မာ့အရေး မပြီးသေးပါဘူး ။ စိတ်ဓာတ်မကျပါနဲ့ ။ သားစဉ်မြေးဆက် လက်ဆင့်ကမ်းရမယ့် အခက်အခဲဆုံး ၊ အကျပ်အတဉ်းဆုံး အချိန်ကာလကြီးကို စိတ်ရှည်စွာ ဆက်လက်လျှေက်လှမ်းရပါလိမ့်မယ် ။နွေဦးတော်လှန်ရေးဟာ ပေရှည်မလား ၊ ပြီးဆုံးတော့မလားဆိုတာတော့နိုင်ငံတကာရဲ့ တုံ့ပြန်မှု့နဲ့ ပြည်တွင်းတော်လှန်ရေး အင်အားစုအပေါ်မှာ မူတည်ပါတယ် ။သုံးသပ်ရရင် …၊ ကုလအတွင်းအရေးမှုးက

စစ်အာဏာသိမ်းမှု့ကို ဆန့်ကျင်ပြီး ဒီမိုကရေစီလမ်းပေါ် ပြန်လျှောက်ဖို့ ၊ နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့အတွက် နိုင်ငံတကာကို ဖိအားပေး ၊ ကူညီကြဖို့ မီးစိမ်းပြလိုက်ပါတယ် ။မနေ့ကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မြန်မာ့အရေးအပေါ်မှာ ရှောင်ကွင်းနေမှု့ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာကို ကမ္ဘာ့ခေါင်းဆောင် တော်တော်များများက

ကြိူဆိုထားကြပါတယ် ဆိုရရင် …၊ ညီလာခံအတွင်းမှာ ကြိတ်ပုန်းခုတ်ထားတဲ့ ညှိနှိုင်းမှု့တွေဟာ ဘွားကနဲ ပေါ်လာခဲ့ပါပြီ ။ နိုင်ငံတကာကို တုံ့ပြန်ဖို့ မီးစိမ်းပြလိုက်တဲ့အတွက် မြန်မာ့အရေးအတွက် သံတမန်နည်းနဲ့ ကြိူးပမ်းလိုသူ ၊ စစ်ရေးနဲ့ဖြေရှင်းကူညီချင်သူ အားလုံးကို လမ်းဖွင့်ပေးလိုက်တာပါ ။ သေချာတာက ၈၈ လို စိတ်ကူးယဉ်လို့ မရတော့ပါဘူးဘကြီးအောင် LA