News
unicode
INVINCIBLE ဇာတ်ကားထဲမှာ မေမြတ်နိုး ပြောလိုက်တဲ့ မြန်မာစကားက ဘာများဖြစ်မလဲ
ပရိသတ်ကြီးရေ အလှမယ် မေမြတ်နိုးကတော့ ကိုယ်ပိုင်အရည်အချင်း ရှိသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ မြန်မာရဲ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သူ တစ်ယောက်ဖြစ်လို့ အများက အသိအမှတ်ပြုခံထားရတဲ့ သူတစ်ယောက်ပါ။ သူမကတော့ အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ကိုယ်ရည်
ကိုယ်ေ.သ.ွးတွေ အပြည့်အဝရှိနေပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အညိုရောင် အသားအရည်ကြောင့်လည်း နိုင်ငံခြားသူတစ်ယောက်လို အလှမျိုးကို ပိုင်ဆိုင်ထားသူပါ။ အပြစ်ပြောရက်စရာ မရှိလောက်အောင် လှပလွန်းတဲ့ သူမရဲ့ မျက်နှာလေးကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာလည်း
ဖြစ်ပါတယ်။ မေမြတ်နိုးဟာဆိုရင် မြန်မာနိုင်ငံက professional model တစ်ဦးဖြစ်သလို နိုင်ငံတစ်ကာမှာလည်း အနုပညာလှုပ်ရှားမှုတချို့ ပြုလုပ်နေသူဖြစ်ပါတယ်။ ဟောလိဝုဒ်ဇာတ်ကားမှာ မြန်မာလူမျိုးမှန်းသိအောင် မြန်မာစကားထည့်ပြောဖို့ ခွင့်တောင်းခဲ့သူလေးကတော့ ပရိသတ်
တွေရဲ့ အချစ်တော် သရုပ်ဆောင်မေမြတ်နိုးပါ။ မေမြတ်နိုးဟာ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ INVILCIBLE ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီး တစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး အဲဒီဇာတ်ကားထဲမှာ သူမက အာရှမိန်းကလေးတစ်ဦးအဖြစ် ပါဝင်ခဲ့ရပြီး သူမဟာ မြန်မာ
လူမျိုးတစ်ဦး ဖြစ်ကြောင်းသိစေရန်နဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာစကားတစ်ခွန်းကို ဇာတ်ဝင်ခန်းထဲမှာ ပြောခဲ့ပါတယ်။ သူမပြောခဲ့တဲ့ မြန်မာစကားက ဘာလဲဆိုတာ ပရိသတ်ကြီးသိရအောင် တင်ဆက်ပေးလိုက်ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကတော့
သူမက မင်းသားကို စိတ်ပူတဲ့အနေနဲ့ မြန်မာလိုပီပီသသနဲ့ ”အာ့တာကိုပြောတာလေ၊ အဲ့တာကိုပြောနေတာ၊ ငါအဲ့လိုတွေဖြစ်မှာဆိုးလို့ နင့်ကိုပြောနေတာ” လို့ နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ခွင့် ရခဲ့ရုံမက မြန်မာစကားပါ ထည့်သွင်းပြောကြားခွင့် ရခဲ့တာကြောင့် မေမြတ်နိုး
အတွက် ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုက်ရပါတယ်။ ပရိသတ်ကြီးရေ အလှမယ် မေမြတ်နိုးအတွက် ဂုဏ်ပြုချီးကျူးစကားလေးတွေ ကောမန့်မှာပြောခဲ့ပါအုန်းနော်။ မြန်မာပြည်ကြီးလဲ စစ်အာဏာရှင် လက်အောက်ကနေ အမြန်ဆုံး လွတ်မြောက်ကြပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။