Articles

ကနီPDFရဲ့ ခုခံတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူ့ရဲဘော် (၃၆) ဦး

ကနီPDFရဲ့ ခုခံတိုက်ပွဲတွေအတွင်း ပြည်သူ့ရဲဘော် ၃၆ဦး ကျဆုံးခဲ့ရ

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဟာ ဧပြီလအတွင်းကနေ စတင်ပြီး ဒီကနေ့ အထိ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ပွဲများစွာ ဆင်နွှဲ

ထားခဲ့ပြီး ပြည်သူ့ရဲဘော် ၃၆ဦး ကျဆုံးခဲ့ရတယ်လို့ People’s Defense Force Kani ကသတင်းထုတ်ပြန်ခဲ့ပါတယ်

စက်တင်ဘာလ ၃၀ရက်နေ့မှာ People’s Defense Force Kani ရဲ့ ထုတ်ပြန်ချက်တွေအရ ကနီမြို့နယ် ကနီမြို့နယ်စပ်ဒေသတွေမှာ ဧပြီလကနေ ဇူလိုင်လအထိ

အကြမ်းဖက်စစ်အုပ်စုနဲ့ ကနီ PDFတို့ တိုက်ပွဲပေါင်း ၃၅ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ရဲဘော် ၃၅ဦးဟာ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တယ်လို့ ဖော်ပြထားပါ

တယ်

စက်တင်ဘာလ ၂၉ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေယာဉ်ကိုလည်း နေရာ ၄ခုကနေ ခုခံတိုက်ပွဲဆင်နွှဲခဲ့ရာ

မှာ ပြည်သူ့ရဲဘော်တစ်ဦး ထပ်မံကျဆုံးခဲ့ရပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ၅ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်

ကျဆုံးသူရဲကောင်းတွေနဲ့ ပက်သက်ပြီး ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မှတ်တမ်းတင်ဂုဏ်ပြုထားပြီး အကြမ်းဖက်စစ်အုပ်စုပြုတ်ကျသည်အထိဆက်လက်

တိုက်ပွဲဝင်သွားမယ်လို့ People’s Defense Force Kani က ကြေညာထားပါတယ်

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သာလွန်တဲ့ လက်နက်အင်အား လက်နက်ကြီးတွေကို အသုံးပြုကာ အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေ

ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ခေတ်မှီလက်နက်ကရိယာတွေ အမြန်လိုအပ်နေတယ်လို့ သိရပါတယ် Ref: Delta News Agency











