News

NUG အေနနဲ႔ ေအာင္ျမင္မယ္လို႔ယုံၾကည္ရင္ ခင္ဗ်ားတို႔ကိုယ္တိုင္ထြက္လာခဲ့လို႔ ေျပာဆိုလိုက္သည့္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း

NUG အနေနဲ့ လုပ်ရပ်တွေ အောင်မြင်မယ်လို့ယုံကြည်ရင် ခင်ဗျားတို့ကိုယ်တိုင်ထွက်လာခဲ့လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။စက်တင်ဘာ ၃၀ ရက်နေ့၌ နေပြည်တော်တွင်ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း စာရှင်းလင်းပွဲတွင် ၎င်းမှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်

အဆိုပါရှင်းလင်းပွဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များမှ ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခြင်းခံ ခဲ့ရသည့် သူများနှင့်ပတ်သက်ပြီး Video ဖိုင်များဖြင့် ရှင်းလင်းပြောကြားစဉ် သူတို့သတ်ခဲ့တဲ့သူတွေဟာ အွန်လိုင်းပေါ်ကနေ မြှောက်ပင့်ပေးပြီး ဒလန်ဆိုလို့သာ သတ်ရတာ ဒလန်ဟုတ်မှန်း မဟုတ်မှန်းလည်း သူတို့ ကိုယ်တိုင်မသိဘူး။

ဒီလိုသွေးဆူလွယ်တဲ့ တက်ကြွတဲ့ကလေးတွေကို မိမိတို့ရဲ့ နိုင်ငံရေး လိုဘပြည့်စေဖို့ အတ္တစိတ်တစ်ခုထဲနဲ့ လမ်းမှားရောက်အောင် ဒီ NUG အကြမ်းဖက်တွေ၊ အစွန်းရောက် NLD တွေက အသုံးချပြီး တွန်းပို့နေတာဖြစ်ပါတယ်။ တချို့နယ်တွေဆိုရင် ပိုဆိုးပါတယ်။ အကြမ်းဖက်သင်တန်းကို မဖြစ်မနေတက်ခိုင်း ပါတယ်။ မတက်ရင် ဒလန်လို့စွပ်စွဲတယ်” ဟု ၎င်းမှပြောကြားခဲ့သည်။

ဆက်လက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းမှ “ပြောချင်တာကတော့ ဒီ NUG အစွန်းရောက်တွေအနေနဲ့ ခင်ဗျားတို့ ကိုယ်တိုင် ခင်ဗျားတို့ရဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေဟာ အောင်မြင်မယ်လို့ ယုံကြည်ရင် ဒီကလေးတွေကို မြှောက်ပင့်သွေးထိုးပေးနေဖို့မလိုပါဘူး။ အသုံးမချပါနဲ့။ ခင်ဗျားတို့ကိုယ်တိုင်ထွက်လာခဲ့လို့ ကျွန်တော်ပြောချင်ပါ တယ်” ဟု ပြောကြားခဲသည်။

ထို့အပြင် အဆိုပါ ကလေးတွေကို ယခုအခြေအနေမျိုးရောက်အောင် မြှောက်ပင့်ပေးသည့် ပြည်ပတွင် ထွက် ပြေးနေသည့် NUG ခေါင်းဆောင်တွေ တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်ဖြစ်ပြီး ပေးဆပ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အလားတူ နီပိန်း နီပိန်းလို့ ခေါ်ဝေါ်သုံးနှုန်းနေတာတွေရှိပါတယ်။ အဲဒီအခေါ်အဝေါ်အသုံးအနှုန်း ကျွန်တော် ဘယ်တုန်းကမှ မသုံးခဲ့ဘူး။ ဒီနေရာမှာတော့ ပြောရတော့မယ်။ နီပိန်းတင်မကတော့ဘူး။ ပိတ်ပါပိတ်နေတာ နီပိတ်ဖြစ်နေပါပြီဟု ၎င်းမှ ပြောကြားခဲ့သည်PeopleMedia

Zawgyi

NUG အေနနဲ႔ လုပ္ရပ္ေတြ ေအာင္ျမင္မယ္လို႔ယုံၾကည္ရင္ ခင္ဗ်ားတို႔ကိုယ္တိုင္ထြက္လာခဲ့လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုလိုက္သည္။စက္တင္ဘာ ၃၀ ရက္ေန႔၌ ေနျပည္ေတာ္တြင္က်င္းပျပဳလုပ္သည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္း စာရွင္းလင္းပြဲတြင္ ၎မွ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္

အဆိုပါရွင္းလင္းပြဲတြင္ အသက္မျပည့္ေသးသည့္ ကေလးငယ္မ်ားမွ ဒလန္ဟုစြပ္စြဲကာ လုပ္ႀကံသတ္ျဖတ္ျခင္းခံ ခဲ့ရသည့္ သူမ်ားႏွင့္ပတ္သက္ၿပီး Video ဖိုင္မ်ားျဖင့္ ရွင္းလင္းေျပာၾကားစဥ္ သူတို႔သတ္ခဲ့တဲ့သူေတြဟာ အြန္လိုင္းေပၚကေန ေျမႇာက္ပင့္ေပးၿပီး ဒလန္ဆိုလို႔သာ သတ္ရတာ ဒလန္ဟုတ္မွန္း မဟုတ္မွန္းလည္း သူတို႔ ကိုယ္တိုင္မသိဘူး။

ဒီလိုေသြးဆူလြယ္တဲ့ တက္ႂကြတဲ့ကေလးေတြကို မိမိတို႔ရဲ႕ ႏိုင္ငံေရး လိုဘျပည့္ေစဖို႔ အတၱစိတ္တစ္ခုထဲနဲ႔ လမ္းမွားေရာက္ေအာင္ ဒီ NUG အၾကမ္းဖက္ေတြ၊ အစြန္းေရာက္ NLD ေတြက အသုံးခ်ၿပီး တြန္းပို႔ေနတာျဖစ္ပါတယ္။ တခ်ိဳ႕နယ္ေတြဆိုရင္ ပိုဆိုးပါတယ္။ အၾကမ္းဖက္သင္တန္းကို မျဖစ္မေနတက္ခိုင္း ပါတယ္။ မတက္ရင္ ဒလန္လို႔စြပ္စြဲတယ္” ဟု ၎မွေျပာၾကားခဲ့သည္။

ဆက္လက္ၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ “ေျပာခ်င္တာကေတာ့ ဒီ NUG အစြန္းေရာက္ေတြအေနနဲ႔ ခင္ဗ်ားတို႔ ကိုယ္တိုင္ ခင္ဗ်ားတို႔ရဲ႕ ေအာက္တန္းက်တဲ့လုပ္ရပ္ေတြဟာ ေအာင္ျမင္မယ္လို႔ ယုံၾကည္ရင္ ဒီကေလးေတြကို ေျမႇာက္ပင့္ေသြးထိုးေပးေနဖို႔မလိုပါဘူး။ အသုံးမခ်ပါနဲ႔။ ခင္ဗ်ားတို႔ကိုယ္တိုင္ထြက္လာခဲ့လို႔ ကြၽန္ေတာ္ေျပာခ်င္ပါ တယ္” ဟု ေျပာၾကားခဲသည္။

ထို႔အျပင္ အဆိုပါ ကေလးေတြကို ယခုအေျခအေနမ်ိဳးေရာက္ေအာင္ ေျမႇာက္ပင့္ေပးသည့္ ျပည္ပတြင္ ထြက္ ေျပးေနသည့္ NUG ေခါင္းေဆာင္ေတြ တာဝန္ယူ၊ တာဝန္ခံရလိမ့္မည္ျဖစ္ၿပီး ေပးဆပ္ရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ ရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

အလားတူ နီပိန္း နီပိန္းလို႔ ေခၚေဝၚသုံးႏႈန္းေနတာေတြရွိပါတယ္။ အဲဒီအေခၚအေဝၚအသုံးအႏႈန္း ကြၽန္ေတာ္ ဘယ္တုန္းကမွ မသုံးခဲ့ဘူး။ ဒီေနရာမွာေတာ့ ေျပာရေတာ့မယ္။ နီပိန္းတင္မကေတာ့ဘူး။ ပိတ္ပါပိတ္ေနတာ နီပိတ္ျဖစ္ေနပါၿပီဟု ၎မွ ေျပာၾကားခဲ့သည္PeopleMedia