News

စစ်ကောင်စီသတင်းပေး ဒလန် ၅ ဦးကို ကရင်နီပြည်ရဲဌာနက ဖမ်းဆီးရမိ

ကရင်နီပြည်ရဲတပ်ဖွဲ့KSPသည်သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ပြီးလွန်ခဲ့သောရက်ပိုင်းအတွင်းမသင်္ကာသူ၁၀ဦးအား ဖမ်းဆီးကြောင်း

စစ်ဆေးမေးမြန်းပြီး ၅ ဦးအား ပြန်လွှတ်ပေး၍ သက်သေအထောက်အထားခိုင်လုံသော သတင်းပေး အမျိုးသား ၅ ဦးအား

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း KSP မှ သတင်းထုတ်ပြန်သည်

မသင်္ကာသူ ၁၀ဦးအားကရင်နီပြည်ရဲဌာနမှစစ်ဆေးမေးမြန်ရာကျား ၄ ဦး မ၁ဦးမှာသက်သေအထောက်အထားပြည့်စုံခိုင်လုံမှုမရှိပါသဖြင့်

သက်ဆိုင်ရာ မိသားစုထံကောင်းမွန်စွာ ပြန်လည်းလွဲပြောင်းပေးခဲ့ကြောင်း အခြားတရားခံ ၅ ဦးအား

ဖမ်းဆီးထားကြောင်း လိုအပ်သလို ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့ KSP မှ ထုတ်ပြန်ထားသည်

KSP ၏ ရဲဝန်ဆောင်မှုလုပ်ငန်းများမှာ ရာဇဝတ်နှိမ်နင်းရေး ရိမ်းဂျားကယ်ဆယ်ရေး လူထုလုံခြုံရေးထောက်လှမ်းရေး မှုခင်းနှင့် ရုံးအဖွဲ့တို့ဖြစ်ကြောင်း သိရသည်