အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင် ဟာဆိုရင် ချစ်စရာကောင်းတဲ့ သားသား မီးမီးလေးတွေကို မွေးထုတ်ထားခဲ့ပြီးသည့်တိုင်အောင် တစ်သားတစ်မွေးကြီး လှပလာခဲ့ရတာပဲ ဖြစ်ပါတယ်
အခုချိန်ထိ ဘာမှ မပြောင်းလဲဘဲ ပိုပိုပြီးသာ လှလာတဲ့ မြန်မာမင်းသမီးဆိုရင် ဘယ်သူ့ကို ပြေးမြင်ကြလဲ။ ဟုတ်ပါတယ် အိန္ဒြာကျော်ဇင်ပါ
အဝတ်အစား ဝတ်ဆင်တဲ့အခါ နေရာဒေသလိုက် လုံလုံခြုံခြုံလေးနဲ့ ဖက်ရှင်ကျအောင် ဝတ်ဆင်တတ်သူမို့ ဖက်ရှင်ဘုရင်မလို့ သူမကို တင်စားရတဲ့အထိပါပဲ။ သူမဝတ်လိုက်တဲ့ ဖက်ရှင်တိုင်းကလည်း နှစ်ခါပြန် မကြည့်မိဘဲ မနေနိုင်အောင်ကို ဆွဲဆောင်မှုရှိသူပါ…
ထိပ်တန်းမင်းသမီး စာရင်းဝင်တဲ့ အိန္ဒြာကျော်ဇင်ဟာ တစ်ချိန်က ကြော်ငြာတွေမှာလည်း မပါမဖြစ် ပါဝင်ရသလို ဇာတ်ကားပေါင်းများစွာလည်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်
အရွယ်တင်နုပျိုပြီး အနုပညာအရည်သွေး ရှိသူမို့လည်း လက်ရှိအချိန်ထိ ပရိသတ် အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့ပြင် အူဝဲဟာ ပရိသတ်တိုင်း ချစ်နေရတဲ့ အနုပညာရှင် တစ်ဦးဖြစ်တာနဲ့အညီ လူမှုဆက်ဆံရေး နယ်ပယ်မှာရော နာမည်ပျက် မရှိခဲ့တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်
ရုပ်ရှင် သရုပ်ဆောင်ပြေတီဦးအတွက် ရှေ့သွားနောက်လိုက်ညီတဲ့ ဇနီးသည်ဖြစ်သလို သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် မိသားစုဘဝလေး ပိုင်ဆိုင်ထားတာမို့ သူမကို အားကျရနေတဲ့ ပရိသတ်တွေ ရှိနေတာပါ…
လက်တလောမှာတော့ ပရိသတ်တို့ မြင်ချင်လှတဲ့ အကယ်ဒမီအူဝဲ ရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘဝပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်
ငယ်ဘဝထဲက အနုပညာပိုးပါလာတဲ့ အူဝဲကတော့ အခုချိန်ထိကို ငယ်ရုပ်လေးအတိုင်းပါပဲ။ ပရိသတ်အချစ်တော် အိန္ဒြာကျော်ဇင် လည်းအမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
Zawgyi
အရမ္းကို ခ်စ္စရာေကာင္းလြန္းတဲ့ ႏိုင္ငံေက်ာ္ ထပ္ဆင့္အကယ္ဒမီ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္ ဟာဆိုရင္ ခ်စ္စရာေကာင္းတဲ့ သားသား မီးမီးေလးေတြကို ေမြးထုတ္ထားခဲ့ၿပီးသည့္တိုင္ေအာင္ တစ္သားတစ္ေမြးႀကီး လွပလာခဲ့ရတာပဲ ျဖစ္ပါတယ္
အခုခ်ိန္ထိ ဘာမွ မေျပာင္းလဲဘဲ ပိုပိုၿပီးသာ လွလာတဲ့ ျမန္မာမင္းသမီးဆိုရင္ ဘယ္သူ႔ကို ေျပးျမင္ၾကလဲ။ ဟုတ္ပါတယ္ အိျႏၵာေက်ာ္ဇင္ပါ
အဝတ္အစား ဝတ္ဆင္တဲ့အခါ ေနရာေဒသလိုက္ လုံလုံၿခဳံၿခဳံေလးနဲ႔ ဖက္ရွင္က်ေအာင္ ဝတ္ဆင္တတ္သူမို႔ ဖက္ရွင္ဘုရင္မလို႔ သူမကို တင္စားရတဲ့အထိပါပဲ။ သူမဝတ္လိုက္တဲ့ ဖက္ရွင္တိုင္းကလည္း ႏွစ္ခါျပန္ မၾကည့္မိဘဲ မေနႏိုင္ေအာင္ကို ဆြဲေဆာင္မႈရွိသူပါ…
ထိပ္တန္းမင္းသမီး စာရင္းဝင္တဲ့ အိျႏၵာေက်ာ္ဇင္ဟာ တစ္ခ်ိန္က ေၾကာ္ျငာေတြမွာလည္း မပါမျဖစ္ ပါဝင္ရသလို ဇာတ္ကားေပါင္းမ်ားစြာလည္း ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္
အ႐ြယ္တင္ႏုပ်ိဳၿပီး အႏုပညာအရည္ေသြး ရွိသူမို႔လည္း လက္ရွိအခ်ိန္ထိ ပရိသတ္ အခိုင္အမာ ရရွိထားတာ ျဖစ္ပါတယ္။ ဒါ့ျပင္ အူဝဲဟာ ပရိသတ္တိုင္း ခ်စ္ေနရတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္တာနဲ႔အညီ လူမႈဆက္ဆံေရး နယ္ပယ္မွာေရာ နာမည္ပ်က္ မရွိခဲ့တဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္
႐ုပ္ရွင္ သ႐ုပ္ေဆာင္ေျပတီဦးအတြက္ ေရွ႕သြားေနာက္လိုက္ညီတဲ့ ဇနီးသည္ျဖစ္သလို သားတစ္ေယာက္ သမီးတစ္ေယာက္နဲ႔အတူ ေပ်ာ္႐ႊင္ၾကည္ႏူးဖြယ္ မိသားစုဘဝေလး ပိုင္ဆိုင္ထားတာမို႔ သူမကို အားက်ရေနတဲ့ ပရိသတ္ေတြ ရွိေနတာပါ…
လက္တေလာမွာေတာ့ ပရိသတ္တို႔ ျမင္ခ်င္လွတဲ့ အကယ္ဒမီအူဝဲ ရဲ႕ ခ်စ္စရာေကာင္းတဲ့ ငယ္ဘဝပုံေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္
ငယ္ဘဝထဲက အႏုပညာပိုးပါလာတဲ့ အူဝဲကေတာ့ အခုခ်ိန္ထိကို ငယ္႐ုပ္ေလးအတိုင္းပါပဲ။ ပရိသတ္အခ်စ္ေတာ္ အိျႏၵာေက်ာ္ဇင္ လည္းအျမန္ဆုံးျပန္လည္လြတ္ေျမာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္