အေမရိကန္မွာျပသမယ့္ ႐ုပ္ရွင္ဇာတ္လမ္းတြဲတြင္ ပါဝင္သ႐ုပ္ေဆာင္မယ့္ နိုင္ငံေက်ာ္မင္းသမီးႀကီး ေမဝင္းေမာင္
မင္းသမီးႀကီးသ႐ုပ္ေဆာင္ေမဝင္းေမာင္ဟာႏွစ္ေပါင္း၃၀အတြင္းသူမရဲ့အႏုပညာေတြကိုမေဖာ္ထုတ္ဘဲေနလာခဲ့ေပမယ့္NBC၊Channelကတင္ဆက္တဲ့NewAmsterdamတီဗီဇာတ္လမ္းတြဲမွာ၊ေဟမာတံခြန္၊ဆိုတဲ့ျမန္မာအမ်ိဳးသမီးႀကီးတစ္ေယာက္အေနနဲ႔ပါဝင္သ႐ုပ္ေဆာင္မွာျဖစ္တဲ့အေၾကာင္းကိုသူမရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာအခုလိုပဲေရးသားထားပါတယ္
အေတြအၾကဳံ၊အသစ္မဟုတ္ေသာအသစ္၊ႏွစ္ေပါင္းသုံးဆယ္ေလာက္အတြင္းမွာလုံးဝနီးပါးေခါက္ထားခဲ့ရတဲ့ကိုယ့္ရဲ့အႏုပညာနဲ႔ပါတ္သက္ၿပီး လႈပ္ရွားမႈတစ္ခုအတြက္ပါဝင္ဖို႔အခြင့္အေရးတစ္ခုေပၚလာခဲ့ပါတယ္၊တီးေခါက္ၾကည့္တယ္၊ျဖစ္နိုင္မယ္လို႔ထင္တယ္၊ႀကိဳးစားၾကည့္တယ္၊လႈပ္ရွားခြင့္ရခဲ့ပါတယ္ ဒီလိုနဲ႔ပဲတစ္ေယာက္တည္းတစ္စိမ္းစစ္စစ္မဟုတ္ တဲ့တစ္စိမ္းတို႔အလည္NewYorkကိုခ်ီတက္လာခဲ့ပါတယ္
လႈပ္ရွားျဖစ္ေတာ့လည္းအဆင္ေျပပါတယ္၊တစ္စိမ္းေတြရဲ့အလည္မွာလို႔ဆိုရင္ရေပမယ့္တစ္ကယ္ေတာ့ကိုယ္တစ္သက္လုံးရင္းႏွီးခဲ့တဲ့လုပ္ငန္းခြင္မို႔စိမ္းတယ္လို႔မခံစားရပဲစိတ္ေအးခ်မ္းစြာသက္ေတာင့္သက္သာရွိခဲ့ပါတယ္ ဟုတ္ပါတယ္၊ဒီကTelevisionဇာတ္လမ္းတြဲတစ္ခုမွာျမန္မာလူမ်ိဳးသ႐ုပ္ေဆာင္အမ်ိဳးသမီးလိုတယ္ဆိုလို႔ေလၽွာက္ၾကည့္ရာကZoomနဲ႔Auditionလုပ္ ျဖစ္ခဲ့ၿပီးအေရြးခံရၿပီးNewYorkကိုသြားျဖစ္ခဲ့ပါတယ္
အဲဒီအခ်ိန္မွာLAကျမန္မာျပည္အတြက္ရံပုံေငြပြဲမွာပါဝင္ဖို႔ရွိေနတဲ့အတြက္NewYorkကိုႏွစ္ေခါက္သြားခဲ့ရပါတယ္။ျမန္မာလူမ်ိဳးေနာက္ထပ္ႏွစ္ေယာက္နဲ႔လည္းေတြ႕ဆုံျဖစ္ၿပီးအတူတြဲၿပီးသ႐ုပ္ေဆာင္ခြင့္ရခဲ့ပါတယ္၊ေဟမာတံခြန္၊ဆိုတဲ့ျမန္မာအမ်ိဳးသမီးႀကီးအျဖစ္ NBC Channelက NewAmsterdam ဆိုတဲ့ TV၊Seriesမွာဧည့္သည္သ႐ုပ္ေဆာင္၊GuestStar၊အေနနဲ႔ပါဝင္ခြင့္ရခဲ့တာပါ
NewAmsterdamကေဆး႐ုံတစ္႐ုံကအျဖစ္အပ်က္ေတြကိုတင္ျပတဲ့Seriesျဖစ္ပါတယ္၊ေဟမာေခၚ MissTakhonကလူနာတစ္ဦးေပါ့၊တစ္ျခားျမန္မာသ႐ုပ္ေဆာင္တစ္ဦးကေဟမာရဲ့ေျမးမေလးအျဖစ္သ႐ုပ္ေဆာင္ရၿပီးေနာက္တစ္ဦးကေတာ့ျမန္မာသံ႐ုံးကအမႈထမ္းတစ္ေယာက္အေနနဲ႔သ႐ုပ္ေဆာင္ရပါတယ္။တြဲၿပီးသ႐ုပ္ေဆာင္ရတဲ့အဓိကသ႐ုပ္ေဆာင္ ဆရာဝန္Maxအျဖစ္သ႐ုပ္ေဆာင္သူကRyan Eggoldျဖစ္ပါတယ္
Blacklistကိုၾကည့္ဖူးရင္သူ႔ကိုသိပါလိမ့္မယ္၊တိုတိုေျပာရရင္ေတာ့အစစ အဆင္ေျပပါတယ္၊ေနာက္မွရိုက္ကြင္းအေတြ႕အၾကဳံေလးေတြကိုစိတ္ဝင္စားၾကတယ္ဆိုရင္ေရးပါဦးမယ္Season4ရဲ့Episode5၊ThisBeTheVerse၊မွာ ပါဝင္ရတာပါ၊Season4ကအခုစေနပါၿပီ၊Episode 5ကOctoberလထဲမွာလႊင့္မွာျဖစ္ပါတယ္၊Tuesday ေတြမွာလႊင့္ပါတယ္၊ၾကားထဲမွာဘာအေၾကာင္းေၾကာင့္မွအေျပာင္းအလဲမရွိပဲအစီအစဥ္အတိုင္းျပရင္ October19thမွာျဖစ္ပါမယ္
Credit
unicode
အမေရိကန်မှာပြသမယ့် ရုပ်ရှင်ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မယ့် နိုင်ငံကျော်မင်းသမီးကြီး မေဝင်းမောင်
မင်းသမီးကြီးသရုပ်ဆောင်မေဝင်းမောင်ဟာနှစ်ပေါင်း၃ဝအတွင်းသူမရဲ့အနုပညာတွေကိုမဖော်ထုတ်ဘဲနေလာခဲ့ပေမယ့်NBC၊Channelကတင်ဆက်တဲ့NewAmsterdamတီဗီဇာတ်လမ်းတွဲမှာ၊ဟေမာတံခွန်၊ဆိုတဲ့မြန်မာအမျိုးသမီးကြီးတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်မှာဖြစ်တဲ့အကြောင်းကိုသူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာအခုလိုပဲရေးသားထားပါတယ်
အတွေအကြုံ၊အသစ်မဟုတ်သောအသစ်၊နှစ်ပေါင်းသုံးဆယ်လောက်အတွင်းမှာလုံးဝနီးပါးခေါက်ထားခဲ့ရတဲ့ကိုယ့်ရဲ့အနုပညာနဲ့ပါတ်သက်ပြီး လှုပ်ရှားမှုတစ်ခုအတွက်ပါဝင်ဖို့အခွင့်အရေးတစ်ခုပေါ်လာခဲ့ပါတယ်၊တီးခေါက်ကြည့်တယ်၊ဖြစ်နိုင်မယ်လို့ထင်တယ်၊ကြိုးစားကြည့်တယ်၊လှုပ်ရှားခွင့်ရခဲ့ပါတယ် ဒီလိုနဲ့ပဲတစ်ယောက်တည်းတစ်စိမ်းစစ်စစ်မဟုတ် တဲ့တစ်စိမ်းတို့အလည်NewYorkကိုချီတက်လာခဲ့ပါတယ်
လှုပ်ရှားဖြစ်တော့လည်းအဆင်ပြေပါတယ်၊တစ်စိမ်းတွေရဲ့အလည်မှာလို့ဆိုရင်ရပေမယ့်တစ်ကယ်တော့ကိုယ်တစ်သက်လုံးရင်းနှီးခဲ့တဲ့လုပ်ငန်းခွင်မို့စိမ်းတယ်လို့မခံစားရပဲစိတ်အေးချမ်းစွာသက်တောင့်သက်သာရှိခဲ့ပါတယ်။ဟုတ်ပါတယ်၊ဒီကTelevisionဇာတ်လမ်းတွဲတစ်ခုမှာမြန်မာလူမျိုးသရုပ်ဆောင်အမျိုးသမီးလိုတယ်ဆိုလို့လျှောက်ကြည့်ရာကZoomနဲ့Auditionလုပ် ဖြစ်ခဲ့ပြီးအရွေးခံရပြီးNewYorkကိုသွားဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာLAကမြန်မာပြည်အတွက်ရံပုံငွေပွဲမှာပါဝင်ဖို့ရှိနေတဲ့အတွက်NewYorkကိုနှစ်ခေါက်သွားခဲ့ရပါတယ် မြန်မာလူမျိုးနောက်ထပ်နှစ်ယောက်နဲ့လည်းတွေ့ဆုံဖြစ်ပြီးအတူတွဲပြီးသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်၊ဟေမာတံခွန်၊ဆိုတဲ့မြန်မာအမျိုးသမီးကြီးအဖြစ် NBC Channelက NewAmsterdam ဆိုတဲ့ TV၊Seriesမှာဧည့်သည်သရုပ်ဆောင်၊GuestStar၊အနေနဲ့ပါဝင်ခွင့်ရခဲ့တာပါ
NewAmsterdamကဆေးရုံတစ်ရုံကအဖြစ်အပျက်တွေကိုတင်ပြတဲ့Seriesဖြစ်ပါတယ်၊ဟေမာခေါ် MissTakhonကလူနာတစ်ဦးပေါ့၊တစ်ခြားမြန်မာသရုပ်ဆောင်တစ်ဦးကဟေမာရဲ့မြေးမလေးအဖြစ်သရုပ်ဆောင်ရပြီးနောက်တစ်ဦးကတော့မြန်မာသံရုံးကအမှုထမ်းတစ်ယောက်အနေနဲ့သရုပ်ဆောင်ရပါတယ် တွဲပြီးသရုပ်ဆောင်ရတဲ့အဓိကသရုပ်ဆောင် ဆရာဝန်Maxအဖြစ်သရုပ်ဆောင်သူကRyan Eggoldဖြစ်ပါတယ်
Blacklistကိုကြည့်ဖူးရင်သူ့ကိုသိပါလိမ့်မယ်၊တိုတိုပြောရရင်တော့အစစ အဆင်ပြေပါတယ်၊နောက်မှရိုက်ကွင်းအတွေ့အကြုံလေးတွေကိုစိတ်ဝင်စားကြတယ်ဆိုရင်ရေးပါဦးမယ်Season4ရဲ့Episode5၊ThisBeTheVerse၊မှာ ပါဝင်ရတာပါ၊Season4ကအခုစနေပါပြီ၊Episode 5ကOctoberလထဲမှာလွှင့်မှာဖြစ်ပါတယ်၊Tuesday တွေမှာလွှင့်ပါတယ်၊ကြားထဲမှာဘာအကြောင်းကြောင့်မှအပြောင်းအလဲမရှိပဲအစီအစဉ်အတိုင်းပြရင် October19thမှာဖြစ်ပါမယ် Credit