အရာအားလုံးဆုံးရႈံးရမယ္ဆိုတာ သိၿပီးသားပါ အေမ
အေမ့ကို စြန႔္ခြာခဲ့တဲ့သား (လုံး၀) ခြင့္မလႊတ္ပါနဲ႔
ျပည္သူအားလုံးအတြက္ သားမွန္တဲ့လမ္းေ႐ြးခဲ့တာျဖစ္လို႔သားေနာင္တမရဘူး အဆုံးထိဆက္ေလွ်ာက္မယ္
သား စစ္ပညာေတြ အားလုံးတတ္ေျမာက္ေအာင္သင္ယူခြင့္ေပးပါ
သား ေတာ္လွန္ေရးရဲေဘာ္ေတြကို ကာကြယ္ခြင့္ေပးပါ
သား လက္တစ္စုပ္စာအာဏာရွင္ကို အျမစ္ျဖတ္ခြင့္ေပးပါ
သား ျပည္သူလူထုရဲ႕အသက္အိုးအိမ္စည္းစိမ္ ကာကြယ္ခြင့္ေပးပါ
တိုင္းရင္းသားအားလုံးပါ၀င္တဲ့ ၿငိမ္းခ်မ္းေသာ ဖက္ဒရယ္ျပည္ေထာင္စုႀကီးကို သား ေျခ သား လက္နဲ႔တည္ေဆာက္ခြင့္ေပးပါအေမ
တစ္ႏိုင္ငံလုံးမတရားမႈႀကီးေအာက္က လြတ္ေျမာက္ဖို႔အရာအားလုံးစြန႔္လႊတ္ၿပီး ေတာ္လွန္ေပးေနတဲ့သား နဲ႔အတူရဲေဘာ္ေတြ ထမင္းစားဖို႔ သား အလႉခံစားရပါတယ္
ကိုယ့္က်ိဳးအတြက္ အလႉခံေနတာမဟုတ္ေၾကာင္း ယုံၾကည္ေအာင္သားရဲ႕စစ္မွန္တဲ့ျပည္သူ႔စစ္သားဘ၀ကိုခ်ျပလိုက္ရတာပါ
5လေလာက္ မဆက္သြယ္ပဲ ပစ္ထားမိခဲ့တာနားလည္ေပးပါ အေမ”မိဘကိုမၾကည့္ပဲ ျပည္သူကိုသာၾကည့္မိခဲ့တယ္”ဒီအတြက္အေမ့မွာအျပစ္မရွိပါဘူး
အားလုံးသားအပစ္ေတြပါ။မိဘကိုစြန႔္လႊတ္လိုက္ရတာထက္ ဒီထက္ဆုံးရႈံးစရာဘာမွမရွိေတာ့ပါဘူး
ေတာ္လွန္ေရးေအာင္ျမင္ၿပီးဆုံးတဲ့ေန႔ အသက္ရွင္ေနေသးရင္အိမ္ျပန္စရာမရွိတဲ့သူတစ္ေယာက္ ျဖစ္႐ုံကလြဲလို႔အဆင္ေျပပါတယ္အေမ🥺
သား အေမ့ကို အရမ္းခ်စ္ပါတယ္♥️
ရႈိင္းထက္ေဇာ္
unicode
အရာအားလုံးဆုံးရှုံးရမယ်ဆိုတာ သိပြီးသားပါ အမေ။
အမေ့ကို စွန့်ခွာခဲ့တဲ့သား (လုံးဝ) ခွင့်မလွှတ်ပါနဲ့။
ပြည်သူအားလုံးအတွက် သားမှန်တဲ့လမ်းရွေးခဲ့တာဖြစ်လို့သားနောင်တမရဘူး အဆုံးထိဆက်လျှောက်မယ်။
သား စစ်ပညာတွေ အားလုံးတတ်မြောက်အောင်သင်ယူခွင့်ပေးပါ။
သား တော်လှန်ရေးရဲဘော်တွေကို ကာကွယ်ခွင့်ပေးပါ။
သား လက်တစ်စုပ်စာအာဏာရှင်ကို အမြစ်ဖြတ်ခွင့်ပေးပါ။
သား ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ခွင့်ပေးပါ။
တိုင်းရင်းသားအားလုံးပါဝင်တဲ့ ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို သား ခြေ သား လက်နဲ့တည်ဆောက်ခွင့်ပေးပါအမေ။
တစ်နိုင်ငံလုံးမတရားမှုကြီးအောက်က လွတ်မြောက်ဖို့အရာအားလုံးစွန့်လွှတ်ပြီး တော်လှန်ပေးနေတဲ့သား နဲ့အတူရဲဘော်တွေ ထမင်းစားဖို့ သား အလှူခံစားရပါတယ်။
ကိုယ့်ကျိုးအတွက် အလှူခံနေတာမဟုတ်ကြောင်း ယုံကြည်အောင်သားရဲ့စစ်မှန်တဲ့ပြည်သူ့စစ်သားဘဝကိုချပြလိုက်ရတာပါ။
5လလောက် မဆက်သွယ်ပဲ ပစ်ထားမိခဲ့တာနားလည်ပေးပါ အမေ”မိဘကိုမကြည့်ပဲ ပြည်သူကိုသာကြည့်မိခဲ့တယ်”ဒီအတွက်အမေ့မှာအပြစ်မရှိပါဘူး။
အားလုံးသားအပစ်တွေပါ။မိဘကိုစွန့်လွှတ်လိုက်ရတာထက် ဒီထက်ဆုံးရှုံးစရာဘာမှမရှိတော့ပါဘူး။
တော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့နေ့ အသက်ရှင်နေသေးရင်အိမ်ပြန်စရာမရှိတဲ့သူတစ်ယောက် ဖြစ်ရုံကလွဲလို့အဆင်ပြေပါတယ်အမေ🥺
သား အမေ့ကို အရမ်းချစ်ပါတယ်♥️
ရှိုင်းထက်ဇော်