News

မန္တလေးတွင် ကင်းလှည့်နေသော ရဲဆိုင်ကယ်ကို ကားဖြင့်ဝင်တိုက် ပုလဲမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ၄၁ လမ်းအနီးတွင် ကင်းလှည့်နေသော ရဲဆိုင်ကယ်ကို ကားဖြင့် ဝင်တိုက်ပြီး

မောင်းနှင်သွားစဉ် စစ်ကောင်စီတပ်များက ကားကို လိုက်လံ ပစ်ခတ် ဖမ်းဆီးခဲ့သော်လည်း လူဖမ်းမိခြင်းမရှိဘဲကားကိုသာ ဖမ်းမိကြောင်း သိရှိရသည်

စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာီရတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်အနီး၄၁လမ်းတွင်ကင်းလှည့်နေသောရဲဆိုင်ကယ်နှစ်စီးကို

ကားတစ်စီးက တိုက်လိုက်ကြောင်း ၄၁ လမ်း ၈၇ လမ်း နှင့် ၈၆ လမ်းကြားတွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသော ဆိုင်ကယ်နှစ်စီးကို တိုက် မိခြင်းဖြစ်ကြောင်း သိရှိရသည်

အသေအချာတော့ကားကိုကရိန်းနဲ့ဆွဲတယ်ပြောနေတယ် ကားဘီးပေါက်ပြီးပြားနေတယ်ကားမောင်းသမားကလွတ်သွားတယ်ဟုမန္တလေးမှတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်

အခြားဒေသခံတချို့ကမူ ရဲဆိုင်ကယ်ကို တိုက်သောကားသမားကိုဖမ်းမိသည်ဟုဆိုကြပြီးရန်ကုန်ခေတ်သစ်အနေဖြင့်ရဲဆိုင်ကယ်ကို ကားဖြင့်

လိုက်တိုက်သည့်ဖြစ်စဉ်ကိုသာ အတည်ပြုနိုင်ကာ ကားသမား ဖမ်းမိခြင်း ရှိ မရှိ ကို မူ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်

အလားတူစစ်ကိုင်းတိုင်းပုလဲမြိုကနယ်နှောကန်ကျေးရွာအနီးတွင်ယနေ့နံနက်ပိုင်းစစ်ကောင်စီယာဉ်တန်းကိုပြည်သူ့ကာကွယ်ရေးတပ်များက မိုင်း ၆ လုံးခွဲ၍

တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ အထိအခိုက် သေဆုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရှိရသည်

ဓာတ်ပုံ မန္တလေး မဟာအောင်မြေမြို့နယ်တွင် ဧပြီလအတွင်း ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ

zawgyi



စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နီာရတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်အနီး၄၁လမ်းတွင်ကင်းလှည့်နေသောရဲဆိုင်ကယ်နှစ်စီးကို






