News

”အသက် ၁၈နှစ်အရွယ် ကောင်မလေးရှေ့မှာ ဒီကောင်မလေးက

အသက်၁၈နှစ်အရွယ်ကောင်မလေးရှေ့မှာဒီကောင်မလေးကဗိုလ်ကြီးအတွက်ဆိုပြီးသူတို့ဟာနဲ့သူတို့ဝေစုခွဲနေကြတာ(မင်းတပ်မြို့မှCDMကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့်ဆက်သွယ်မေးမြန်ချက်

ပြီးခဲ့သည့် စက်တင်ဘာလ၂၆ရက်ကမင်းတပ်မြို့အရှေ့ပြင်ရပ်ကွက်များတွင်စစ်ကောင်စီလုံခြုံရေးအဖွဲ့များကနေအိမ်များကိုမွှေနှောက်ရှာဖွေနေကြစဉ်CDMဝင်ထားသည့်ကျန်းမာရေးဝန်ထမ်းအမျိုးသမီးက ထိုဖြစ်ရပ်ကို မျက်မြင်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်

သတင်းအရရှာဖွေခြင်းလား၊လုံခြုံရေးအတွက်ရှာဖွေခြင်းလားဆိုသည်ကိုမသိရသော်လည်းနေအိမ်တွင်ရှိသည့်အမျိုးသမီးများရှေ့တွင်ဒါကတော့ဗိုလ်ကြီးအတွက်၊ဒါကတော့မင်းအတွက်”ဟုဆိုကာအမျိုးသမီးများကို သက်မဲ့ပစ္စည်းတစ်ခုသဖွယ် “ဒါ” ဟု နာမ်စားသုံးကာ ပစ္စည်း ဝေစုခွဲတမ်းချသကဲ့သို့ ပြုမူလုပ်ဆောင်နေခဲ့သည်ဟု သူကဆိုသည်

မေး။သတင်းတွေမှာကြားနေရတယ်။လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့စစ်ကောင်စီတပ်တွေကပြုမူလုပ်ဆောင်ကြံရွယ်ကြတယ်ဆိုတာနဲပတ်သက်ပြီးပြောပြပေးပါ။ဖြေ။ပထမဆုံးသူတို့တွေကင်းလှည့်လာကြတာ။ အိမ်နီးနားတွေကို ပတ်ပြီးတော့ မွှေနှောက်ရှာဖွေကြတာ။ အဲဒီမှာ ကျွန်မကCDMဆိုတော့ သူတို့လာစစ်တာနဲ့ အိမ်နားမှာပဲ ပုန်းနေတာ။ ပထမ စစ်သားလေးယောက်လာပြီးတော့

ကျွန်မဘယ်မှာလဲ၊ဘယ်သွားသလဲဆိုပြီးဘေးအိမ်တွေမှာမေးကြတယ်။တအောင့်လောက်ကြာတော့အယောက်၄၀နီးပါးပြန်လာပြီးအိမ်နားပတ်ဝန်းကျင်ကအိမ်တိုင်းကိုပတ်မွှေပြီးကျွန်မကိုပဲထပ်ထပ်မေးကြပြန်တယ်။ ကျွန်မတို့အိမ်ရဲ့ နှစ်အိမ်ခြားက ကောင်မလေးကို ခေါ်သွားချင်ကြတယ်။ ဒီကောင်မလေးက ဗိုလ်ကြီးအတွက် ဆိုပြီး သူတို့ဟာနဲ့ သူတို့ဝေစုကိုခွဲနေကြတာ။

မေး။ ။ ပုန်းရှောင်နေတယ်လည်း ပြောတယ်။စစ်ကောင်စီတပ်တွေကဝေစုခွဲနေတယ်ဆိုပြီးလည်းပြောတယ်။အဲဒီကိစ္စကိုဘယ်လိုသိရတာလဲဖြေ။။ကျွန်မကပုန်းရှောင်နေတယ်ဆိုပေမယ့်သူတို့ကိုတွေ့မြင်ရတဲ့ အနီးအနားမှာရှိတယ်။ ကာယကံရှင်တွေရဲ့ပြောပြတာတွေ လည်းရှိတယ်။ အခုဆိုရင် အဲဒီအသက် ၁၈ နှစ်အရွယ်ကောင်မလေးနဲ့ ကျွန်မအတူတူ ထွက်ပြေးနေတာ

မေး။ ။ ဆက်ပြောပါအုံးဖြေ။ ။ ခုနကပြောသလို ဘေးနှစ်အိမ်ကျော်က အသက် ၁၈ နှစ်အရွယ်ကောင်မလေးကို သူတို့က အတင်းဆွဲခေါ်သွားချင်ကြတာ။ သူတို့ပြောချင်သလို ပြောကြပြီး “ဗိုလ်ကြီးအတွက်၊ ဒါကတော့ မင်းအတွက်” အဲဒီလိုပြောကြတာ၊ အိမ်မှာရှိတဲ့ အစားအသောက်တွေကိုလည်း သူတို့ စားဖို့ သောက်ဖို့ ယူသွားမယ်လို့ ပြောတယ်။ နင်တို့ပြေးချင်ရင်လည်း ပြေးမလွတ်ဘူး။ အကုန်လုံးထွက်ပြေးရဲရင် ပြေးကြည့် အကုန်လုံးကို ပစ်သတ်ပစ်မယ်ဆိုပြီး ပြောနေတာ

အဲဒီချိန်မှာ ကလေးလေး လေးနှစ်အရွယ်ရယ်၊ ၁၀ နှစ်ကျော်အရွယ်နဲ့ အိမ်ထောင်ဦးစီးတစ်ယောက် အပါအဝင် ယောက်ျားတွေကို ထိုင်ခိုင်းပြီးတော့ သေနတ်ဒင်နဲ့ ထုဖို့လုပ်နေတာတော့ ကျွန်မကိုယ်တိုင်တွေ့တယ်။ ဘာမှမသိသေးတဲ့ ကလေးလေး လေးနှစ်အရွယ် ယောကျ်ားလေးကိုတောင်မှ အလွတ်မပေးဘူး။ ကျွန်မတော့ တောက်လျှောက်ပုန်းနေတာ၊ ကျွန်မကိုလည်း ဒီကတစ်‌ယောက်ဘယ်မှာလဲ ၊ ဘယ်သွားတာလဲလို့ပဲ အမြဲမေးကြတယ်။

ကျွန်မကကျန်းမာရေးဌာနမှာ လုပ်နေတာကို သူတို့ထဲက တစ်ယောက်က သိနေပုံရတယ်။ တစ်ယောက်ယောက်က ပြောလို့လည်း ဖြစ်နိုင်တယ်။ အိမ်ဘေးနားက တစ်ယောက်ကိုဆိုလည်း အခုနက ပြောသလို ဝေစုခွဲနေ သလိုမျိုး ပြောနေကြတာ။ အဲဒီချိန်တူမလေးနဲ့ အိမ်ရှင်အဖွားကြီးလည်း ရှိတယ်။ မသန်စွမ်းသူလည်းရှိတဲ့ အခါကျတော့ မသန်စွမ်းကိုလည်းတွေ့ရင်ပစ်သတ်မှာလို့ပြောလို့

အခုဆိုမသန်စွမ်းတဲ့သူလည်း ထွက်ပြေးရတယ်မေး။ ။ တခြားအိမ်တွေမှာရော ဒီလိုစစ်လား။ အခုဖြေကြားပေးနေတဲ့ ကာယကံရှင်နဲ့ ခုနကပြောတဲ့ ကောင်မလေးအိမ်ကို ဘာဖြစ်လို့ စစ်ကောင်စီက အတင်းစစ်တာလဲ

ဖြေ။ ။ အသက် ၁၈ နှစ်အရွယ် မိန်းကလေးအိမ်ရဲ့ ဘုရားစင်အောက်မှာ အလံအနီရောင်လေး ထိုးထားတာတွေ့တော့ ဒါကဘာလဲ ၊ဘာသဘောလဲ ဒီပုံစံအတိုင်းဆိုရင် ဒီကလူတွေအကုန်လုံးကို ဖမ်းသွားလို့တောင်ရတယ်။ ဒီအိမ်နဲ့ ဒီအနီးအနားက အိမ်တွေကို မီးရှို့လို့တောင်ရတယ် ။ တစ်ရပ်ကွက်လုံး မီးရှို့ပစ်မှာဆိုပြီး ခြိမ်းခြောက်ခဲ့တယ်။ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဖြစ်တာပေါ့နော်။

ဝန်ထမ်းတွေ CDM ပါဝင်ရင်ဖမ်းသွားမယ်။ အဲဒီလိုတွေလည်းပြောတယ်။ အိမ်ထောင်ရှိရင်လည်း အမျိုးသားတွေကို ပစ်သတ်မယ် အဲဒီလိုတွေပြောတာ။ ပြီးတော့ ဒီကောင်မလေးကိုတော့ ဗိုလ်ကြီးအတွက်ခေါ်သွားရမှာပဲ ဆိုပြီး ပြောတဲ့အခါမှာ အိမ်ဘေးနားက အဘွားကြီးတစ်ယောက်ကလည်း ပြောကူတယ်။ ကျွန်မအမေကလည်း ပြောကူတယ်။

သူတို့က ဘာမှမသိဘူး။ သိတဲ့ အရွယ်လည်း မဟုတ်ဘူး ဆိုပြီး အဲဒီလိုပြောကူတဲ့ အခါကျတော့ ကောင်မလေး ကို ပြန်လွှတ်ပေးတယ်။ အိမ်မှာ အသားရှိရင် အသားပေး ဆိုပြီး မရမက အတင်းယူသွားကြတယ်။ အိမ်မှာရှိတဲ့ ကြက်တစ်ကောင်ကိုလည်း ယူသွားကြတယ်။ လူကိုတော့ပြန်ချန်ထားခဲ့ကြတယ်။

မေး။ ။ ဒါဆိုရင်အခု မင်းတပ်မြို့ပေါ်မှာ မိန်းကလေးငယ်တွေ လုံခြုံမှုရှိသေးရဲ့လား။ဖြေ။ ။ လုံခြုံမှုမရှိတော့ဘူး။ သူတို့တွေက ဘယ်မိန်းကလေးကိုမှ ချန်မှာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင်၊ အန္တရာယ်ရှိတယ်။ ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ လင်ရှိ မယားတောင်ယောက်ျားကို ပစ်သတ်မယ် ဘာညာ ပြောနေတာ

အိမ်ကတူမလေးကို ဆိုရင်လည်း သူရဲ့ ဖုန်းနံပါတ် မရမက တောင်းယူကြတယ်။ ဖုန်းနံပါတ် မပေးပြန်ရင်လည်း တစ်မျိုးလုပ်သွားမှာ စိုးရပြန်တယ်လေ။ကြောက်အားလန့်အားနဲ့ ဖုန်းနံပါတ်တွေပေးတော့ စစ်ကောင်စီတပ်သားတွေက တစ်ညလုံးပဲ လာလို့ရပြီလား။ လာမှာနော် ။ လာအိပ်တော့မယ်၊ လာခွင့်မပေးရင် ပစ်သတ်မှာလို့ အဲဒီလို တစ်ညလုံး ဖုန်းဆက်ခြိမ်းခြောက်တာ။ ဒါကြောင့် ကျွန်မတို့တော့ တခြားမှာ ရှောင်နေကြရပြီ။ တစ်ချို့မိန်းကလေးတွေလည်း ပြေးဖို့ပြင်နေကြတယ်