News

ပခုက္ကူတွင် အိမ်ပြင်ထွက်သူများကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က သေနတ်ဖြင့်ချိန်ပြီး ဖားခုန်ခုန်ခိုင်း

1 October, 2021
ပခုကၠဴၿမိဳ႕မွာ အထက ၁ ေက်ာင္းနားဝန္းက်င္မွာ စက္တင္ဘာ ၃၀ ရက္ေန႔က လာသမွ်လူေတြကို စစ္နဲ႔ရဲေတြက ေသနတ္နဲ႔ခ်ိန္ၿပီး ေနပူထဲ ဖားခုန္ခုန္ခိုင္းတာ၊ ဒူးေထာက္သြားခိုင္းတာ၊ ေျခေထာက္နဲ႔ ကန္တာေတြ ျပဳလုပ္ခိုင္းတယ္လို႔ ၿမိဳ႕ခံေဒသခံေတြဆီက သိရပါတယ္။

“ဟုတ္တယ္ လာသမွ် လူေတြကို စစ္နဲ႔ရဲနဲ႔ေပါင္းၿပီးေတာ့ ေသနတ္နဲ႔တဖက္က ခ်ိန္ထားတယ္။ ေနပူက်ဲက်ဲထဲကို ဖားခုန္ခုန္ခိုင္းတယ္။ ဒူးေထာက္လမ္းသြားခိုင္းတယ္။ ေႏွးေနရင္ ေျခေထာက္ေတြနဲ႔ကန္တယ္။ တကယ္ ဒီအခ်ိန္ထြက္လာၾကတဲ့လူေတြက အိမ္ကလူေတြ က်န္းမာေရးမေကာင္းလို႔ ေဆးထြက္ဝယ္ရတာေတြရွိတယ္။

အႏၲရာယ္ၾကားထဲကို သူတို႔လည္း ဘယ္ထြက္ခ်င္ပါ့မလဲ မျဖစ္မေနလုပ္စရာေတြရွိတာေတြ လူေတြမွာလည္းရွိတယ္၊ မေန႔ကေတာ့ ဒီေန႔ အျပင္မထြက္ရအမိန႔္ေတာ့ လွည့္ေအာ္တာေတြရွိတယ္” လို႔ ၿမိဳ႕ေဒသခံတစ္ဦးကေျပာပါတယ္။

စက္တင္ဘာ ၃၀ ရက္ ေန႔ မနက္ ၁၀ နာရီက ညေန ၅ နာရီအတြင္း အျပင္ထြက္သူေတြကို ပစ္မိန႔္ေပးထားတယ္လို႔ စက္တင္ဘာ ၂၉ ရက္ေန႔က ရဲကားစစ္ကားေတြနဲ႔ လွည့္လည္သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။

စက္တင္ဘာ ၃၀ရက္ေန႔ည ၈ နာရီခြဲအခ်ိန္ေလာက္ကလည္း အမွတ္ ၃ ၿမိဳ႕ေရွာင္လမ္းဘက္မွာ ေသနတ္နဲ႔ ပစ္သံေတြ ေတာက္ေလ်ာက္ၾကားေနရတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

အခုလို ပခုကၠဴၿမိဳ႕ကို ပစ္မွတ္ထားတင္းၾကပ္ေနတာဟာ စက္တင္ဘာ ၂၈ ရက္ေန႔ညေနက ဗုံးေပါက္ကြဲၿပီး ရဲႏွစ္ဦး ေသဆုံးခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ေဒသခံေတြက ယူဆပါတယ္။

စက္တင္ဘာ ၂၉ ရက္ေန႔ကလည္း ၿမိဳ႕အဝင္ ေနရာေတြမွာ ပိတ္ဆို႔ထားၿပီး ညေန ၅ နာရီေက်ာ္မွ ဝင္ခြင့္ေပးခဲ့တာေၾကာင့္ ေစာင့္ဆိုင္းေနရတဲ့ ယာဥ္တန္း တစ္မိုင္ေက်ာ္ေလာက္အထိ ရွိခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

Unicode

1 October, 2021
ပခုက္ကူမြို့မှာ အထက ၁ ကျောင်းနားဝန်းကျင်မှာ စက်တင်ဘာ ၃၀ ရက်နေ့က လာသမျှလူတွေကို စစ်နဲ့ရဲတွေက သေနတ်နဲ့ချိန်ပြီး နေပူထဲ ဖားခုန်ခုန်ခိုင်းတာ၊ ဒူးထောက်သွားခိုင်းတာ၊ ခြေထောက်နဲ့ ကန်တာတွေ ပြုလုပ်ခိုင်းတယ်လို့ မြို့ခံဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ် လာသမျှ လူတွေကို စစ်နဲ့ရဲနဲ့ပေါင်းပြီးတော့ သေနတ်နဲ့တဖက်က ချိန်ထားတယ်။ နေပူကျဲကျဲထဲကို ဖားခုန်ခုန်ခိုင်းတယ်။ ဒူးထောက်လမ်းသွားခိုင်းတယ်။ နှေးနေရင် ခြေထောက်တွေနဲ့ကန်တယ်။ တကယ် ဒီအချိန်ထွက်လာကြတဲ့လူတွေက အိမ်ကလူတွေ ကျန်းမာရေးမကောင်းလို့ ဆေးထွက်ဝယ်ရတာတွေရှိတယ်။

အန္တရာယ်ကြားထဲကို သူတို့လည်း ဘယ်ထွက်ချင်ပါ့မလဲ မဖြစ်မနေလုပ်စရာတွေရှိတာတွေ လူတွေမှာလည်းရှိတယ်၊ မနေ့ကတော့ ဒီနေ့ အပြင်မထွက်ရအမိန့်တော့ လှည့်အော်တာတွေရှိတယ်” လို့ မြို့ဒေသခံတစ်ဦးကပြောပါတယ်။

စက်တင်ဘာ ၃၀ ရက် နေ့ မနက် ၁၀ နာရီက ညနေ ၅ နာရီအတွင်း အပြင်ထွက်သူတွေကို ပစ်မိန့်ပေးထားတယ်လို့ စက်တင်ဘာ ၂၉ ရက်နေ့က ရဲကားစစ်ကားတွေနဲ့ လှည့်လည်သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။

စက်တင်ဘာ ၃၀ရက်နေ့ည ၈ နာရီခွဲအချိန်လောက်ကလည်း အမှတ် ၃ မြို့ရှောင်လမ်းဘက်မှာ သေနတ်နဲ့ ပစ်သံတွေ တောက်လျောက်ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို ပခုက္ကူမြို့ကို ပစ်မှတ်ထားတင်းကြပ်နေတာဟာ စက်တင်ဘာ ၂၈ ရက်နေ့ညနေက ဗုံးပေါက်ကွဲပြီး ရဲနှစ်ဦး သေဆုံးခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ယူဆပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့ကလည်း မြို့အဝင် နေရာတွေမှာ ပိတ်ဆို့ထားပြီး ညနေ ၅ နာရီကျော်မှ ဝင်ခွင့်ပေးခဲ့တာကြောင့် စောင့်ဆိုင်းနေရတဲ့ ယာဉ်တန်း တစ်မိုင်ကျော်လောက်အထိ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။