News

ပူတာအို PDF စစ္ေၾကျငာၿပီးေနာက္ အာဏာသိမ္းစစ္ေခါင္းေဆာင္ ပူတာအိုခရီးစဥ္မေသခ်ာျဖစ္ေန

ပူတာအို PDF စစ္ေၾကျငာၿပီးေနာက္ စစ္အာဏာသိမ္းအၾကမ္းဖက္စစ္ေခါင္းေဆာင္ ပူတာအိုခရီးစဥ္မေသခ်ာျဖစ္ေန

စစ္အာဏာသိမ္းအၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္သည္ ေအာက္တိုဘာလဆန္းပိုင္း အတြင္း ကခ်င္ျပည္နယ္အတြင္း ေဒသမ်ားသို႔ သြားေရာက္ရန္ စီစဥ္ထားေသာ္လည္း ခရီးစဥ္ပ်က္ျပယ္နိုင္ဖြယ္ရွိေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ အေျခစိုက္ မပခ စစ္တပ္အသိုင္းအဝိုင္းထံက သိရသည္

အစက လူႀကီးလမ္းေၾကာင္းက ဒီစေန၊တနဂ္ေႏြလို႔ ​ၾကားတယ္။ ေနာက္ၿပီးရက္ေရႊ႕တယ္လို႔လည္း ၾကားတယ္။ လူႀကီးလမ္းေၾကာင္း ပ်က္တယ္လည္းၾကားတယ္ ရက္ပိုင္းအတြင္း ၂ ေခါက္ျပန္လာတာေတာ့ရွားပါတယ္

ဒုခ်ဳပ္လမ္း ေၾကာင္းလို႔ လည္းၾကားတယ္ အမ်ိဳးမ်ိဳးၾကားေနတာဘဲ။ ထုံးစံကေတာ့ လာတာမလာတာထက္ ဒီဘက္ကေတာ့အကုန္ Stand by ျပင္ ထားရတာဘဲ။ လာ မလာ ေတာ့ မေသခ်ာေတာ့ဘူး ဟု မပခ တပ္မိသားစုဝင္တဦးက MPAသို႔ ေျပာသည္

လက္ရွိတြင္ ျမစ္ႀကီးနားၿမိဳ႕အပါအဝင္ ကခ်င္ ျပည္နယ္ၿမိဳ႕နယ္မ်ား အတြင္း ဆက္လက္၍ လုံျခဳံေရးတိုးျမႇင့္တင္းက်ပ္ထားေၾကာင္းသိရသည္

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၉ ရက္ စစ္ေခါင္း ေဆာင္၏ ကခ်င္ျပည္ နယ္ခရီးစဥ္ အတြင္း လုံ ျခဳံေရးအေျခအေနအရ မသြားေရာက္ခဲ့ရသည့္ ပူတာအို၊ေခါင္လန္ဖူးေဒသမ်ားရွိ ရဝမ္ ဌာေနျပည္ သူ႔စစ္မ်ား၊ နယ္ျခားေစာင့္တပ္မ်ားႏွင့္ ေတြ႕ဆုံရန္ဆႏၵရွိေနေၾကာင္း သိရသည္

အဆိုပါ ပထမအႀကိမ္ခရီးစဥ္အတြင္း ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္-KIAက ပူတာအိုၿမိဳ႕ သို႔ စစ္ေခါင္းေဆာင္၏လုံျခဳံေရးတပ္ဖြဲ႕မ်ားကို ျဖတ္သန္းခြင့္မျပဳခဲ့ဘဲ ယခုတေခါက္ တေက်ာ့ျပန္ ခရီးစဥ္အတြက္လည္း ပူတာအို PDFတပ္ဖြဲ႕မွလည္း တိုက္ခိုက္ရန္ အဆင္သင့္ျဖစ္ေနၿပီဟု ထုတ္ျပန္ ေၾကညာထားေၾကာင္း သိရသည္ Ref: MPA

unoicode

ပူတာအို PDF စစ်ကြေငြာပြီးနောက် စစ်အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် ပူတာအိုခရီးစဉ်မသေချာဖြစ်နေ

စစ်အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အောက်တိုဘာလဆန်းပိုင်း အတွင်း ကချင်ပြည်နယ်အတွင်း ဒေသများသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ခရီးစဉ်ပျက်ပြယ်နိုင်ဖွယ်ရှိကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် မပခ စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်

အစက လူကြီးလမ်းကြောင်းက ဒီစနေ၊တနဂ်နွေလို့ ​ကြားတယ်။ နောက်ပြီးရက်ရွှေ့တယ်လို့လည်း ကြားတယ်။ လူကြီးလမ်းကြောင်း ပျက်တယ်လည်းကြားတယ် ရက်ပိုင်းအတွင်း ၂ ခေါက်ပြန်လာတာတော့ရှားပါတယ်

ဒုချုပ်လမ်း ကြောင်းလို့ လည်းကြားတယ် အမျိုးမျိုးကြားနေတာဘဲ။ ထုံးစံကတော့ လာတာမလာတာထက် ဒီဘက်ကတော့အကုန် Stand by ပြင် ထားရတာဘဲ။ လာ မလာ တော့ မသေချာတော့ဘူး ဟု မပခ တပ်မိသားစုဝင်တဦးက MPAသို့ ပြောသည်

လက်ရှိတွင် မြစ်ကြီးနားမြို့အပါအဝင် ကချင် ပြည်နယ်မြို့နယ်များ အတွင်း ဆက်လက်၍ လုံခြုံရေးတိုးမြှင့်တင်းကျပ်ထားကြောင်းသိရသည်

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် စစ်ခေါင်း ဆောင်၏ ကချင်ပြည် နယ်ခရီးစဉ် အတွင်း လုံ ခြုံရေးအခြေအနေအရ မသွားရောက်ခဲ့ရသည့် ပူတာအို၊ခေါင်လန်ဖူးဒေသများရှိ ရဝမ် ဌာနေပြည် သူ့စစ်များ၊ နယ်ခြားစောင့်တပ်များနှင့် တွေ့ဆုံရန်ဆန္ဒရှိနေကြောင်း သိရသည်

အဆိုပါ ပထမအကြိမ်ခရီးစဉ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်-KIAက ပူတာအိုမြို့ သို့ စစ်ခေါင်းဆောင်၏လုံခြုံရေးတပ်ဖွဲ့များကို ဖြတ်သန်းခွင့်မပြုခဲ့ဘဲ ယခုတခေါက် တကျော့ပြန် ခရီးစဉ်အတွက်လည်း ပူတာအို PDFတပ်ဖွဲ့မှလည်း တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဟု ထုတ်ပြန် ကြေညာထားကြောင်း သိရသည် Ref: MPA