News

ဆြီဒင္နိုင္ငံျခားေရးဝန္ႀကီးႏွင့္ ေတြ႕ဆုံျခင္း သံတမန္ေရးရာ တိုးတက္မႈဟု NUG ေျပာ

ဆြီဒင္နိုင္ငံျခားေရးဝန္ႀကီး မစၥ Ann Linde ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးနိုင္ျခင္းသည္ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) အတြက္ သံတမန္ေရးရာ တိုးတက္မႈ တခုပင္ျဖစ္ေၾကာင္း NUG ၏ နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ေျပာသည္

ဆြီဒင္နိုင္ငံျခားေရးဝန္ႀကီးႏွင့္ NUG နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ အပါအဝင္ NUG ၏ ခ်က္သမၼတ နိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ ဦးလင္းသန္႔တို႔ စက္တင္ဘာ ၂၉ ရက္က အြန္လိုင္းမွတဆင့္ ႐ုပ္သံျဖင့္ ေတြ႕ဆုံေဆြးေႏြးခဲ့မႈႏွင့္ ပတ္သက္ ၍ ဧရာဝတီက ေမးျမန္းရာ ေဒၚဇင္မာေအာင္က ထိုသို႔ ေျဖၾကားျခင္း ျဖစ္သည္

၎က  အရင္တုန္းကလည္း သက္ဆိုင္ရာ နိုင္ငံျခားေရးဝန္ႀကီးဌာနက အဆင့္ျမင့္အရာရွိေတြနဲ႔ ေတြ႕တာေတာ့ ရွိတယ္ အခုကေတာ့ ဝန္ႀကီးနဲ႔ ေတြ႕ၿပီးေတာ့ ေတြ႕ဆုံတဲ့အေၾကာင္းကို Publicly (လူသိရွင္ၾကား) ထုတ္ျပန္တဲ့ အေၾကာင္းကေတာ့ ထူးျခားခ်က္တခုပဲ ျဖစ္ပါတယ္ ေနာက္တခုက ဆြီဒင္ကိုယ္တိုင္က UN (ကုလသမဂၢ) ရဲ့ Credential (ကိုယ္စားလွယ္စိစစ္ လက္ခံေရး) ေကာ္မတီမွာလည္း သူက အဖြဲ႕ဝင္အေနနဲ႔ ပါလာတယ္ေပါ့။ ဒါက NUG အတြက္ သံတမန္ေရးရာ တိုးတက္မႈရွိ တဲ့ ေတြ႕ဆုံမႈလို႔ ေျပာလို႔ရပါတယ္ ဟု ဆိုသည္

ဆြီဒင္နိုင္ငံတြင္ NUG ၏ ကိုယ္စားလွယ္ထားလိုပါက ျပႆနာမရွိဟု ဆြီဒင္ဘက္က သေဘာထားရွိၿပီး ဆြီဒင္ အပါအဝင္ စကင္ဒီေနးဗီးယန္းနိုင္ငံမ်ား၏ ကိုယ္စားလွယ္အျဖစ္ ဦးလင္းသန္႔က တာဝန္ယူမည္ ျဖစ္ေသာေၾကာင့္ ဦးလင္းသန္႔ပါ အ စည္းအေဝးသို႔ တက္ေရာက္ျခင္း ျဖစ္ေၾကာင္း ေဒၚဇင္မာေအာင္က ေျပာသည္

က်မတို႔ဘက္က ဆြီဒင္မွာ ထားမယ္ဆိုရင္လည္း ဆြီဒင္ဘက္က ျပႆနာမရွိပါဘူး။ အခုေလာေလာဆယ္ေတာ့ ခ်က္က ကိုယ္စားလွယ္က ပူးတြဲၿပီး တာဝန္ယူေနတယ္။ က်မတို႔ဘက္ကလည္း ကိုယ္စားလွယ္ေတြ ခန္႔အပ္ဖို႔ ျပင္ဆင္ေန တာ ရွိပါတယ္” ဟု ၎က ဆိုသည္

ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ျမန္မာနိုင္ငံတြင္း လက္ရွိ ျဖစ္ေပၚေနေသာ နိုင္ငံေရး အေျခအေနမ်ား၊ စစ္ေကာင္စီ၏ အာဏာသိမ္း ရန္ ႀကိဳးပမ္းခဲ့မႈေၾကာင့္ ျဖစ္ေပၚလာရေသာ အခက္အခဲ အက်ပ္အတည္းမ်ားႏွင့္ ဒီမိုကေရစီအေရး လႈပ္ရွားမႈ အေျခအေန မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း NUG ဘက္က သတင္းထုတ္ျပန္ထားသည္

NUG ၏ ခ်က္သမၼတနိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ ဦးလင္းသန္႔က ေဆြးေႏြးပြဲတြင္ ကုလသမဂၢဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ဆက္လက္ တာဝန္ထမ္းေဆာင္နိုင္ေရး ဆြီဒင္နိုင္ငံဘက္က ကူညီပံ့ပိုးမႈ အေၾကာင္းမ်ား ေဆြးေႏြးခဲ့သည္ ဟုလည္း ေျပာသည္

ဦးေက်ာ္မိုးထြန္းရဲ့ Credential ကိစၥ၊ Continuity (ဆက္လက္တည္ရွိေနျခင္း) ျဖစ္ေရး ဆြီဒင္ရဲ့ အခန္းက႑ အမ်ား ႀကီး အကူအညီ ရခဲ့ပါတယ္။ အဲဒီကိစၥ ေျပာျဖစ္တယ္ ျပည္တြင္း အေျခအေနေတြ ေျပာျဖစ္တယ္ က်ေနာ္တို႔ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ၊ နိုင္ငံတကာဆီက လိုအပ္ေနတဲ့ အကူအညီေတြနဲ႔ ပတ္သက္လို႔ ထည့္သြင္းေဆြးေႏြး ျဖစ္ပါတယ္  ဆြီဒင္ ကေတာ့ က်ေနာ္တို႔ လက္ရွိ လုပ္ေနတဲ့အေပၚမွာ စာနာနားလည္တယ္ လို႔ေျပာပါတယ္ ဟု ၎က ေျပာသည္

ၿပီးခဲ့သည့္ စက္တင္ဘာ ၂၃ ရက္ကလည္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းႏွင့္ အမ်ိဳးသား ညီညြတ္ေရးအစိုးရ (NUG) အဖြဲ႕ဝင္ ဝန္ႀကီး ၂ ဦးတို႔သည္ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး အတိုင္ပင္ခံ Mr. Derek Chollet တို႔ႏွင့္ အြန္လိုင္းမွတဆင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေသးသည္

အဆိုပါ ေဆြးေႏြးပြဲတြင္ လက္ရွိ ျမန္မာနိုင္ငံတြင္း ျဖစ္ေပၚေနေသာ စစ္တပ္၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား၊ ကိုဗစ္ ကာကြယ္ေရး ကိစၥရပ္မ်ား၊ ျမန္မာနိုင္ငံ ဒီမိုကေရစီ ေဖာ္ေဆာင္နိုင္ေရး အေမရိကန္ဘက္က တတ္နိုင္သမၽွ ကူညီေနမႈ မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးခဲ့ေၾကာင္း NUG ထံမွ သိရသည္

လက္ရွိတြင္ NUG ကိုယ္စားျပဳ ကိုယ္စားလွယ္ ၆ ဦးကို အဂၤလန္၊ ျပင္သစ္၊ ဩစေၾတးလ်၊ ခ်က္သမၼတနိုင္ငံႏွင့္ ေတာင္ ကိုရီးယားနိုင္ငံတို႔က တရားဝင္ အသိအမွတ္ျပဳ ခန္႔အပ္လႊာမ်ား ေပးအပ္ထားၿပီး ကိုယ္စားလွယ္မ်ား အေနျဖင့္ တာဝန္မ်ား ထမ္းေဆာင္ေနၿပီ ျဖစ္ေၾကာင္း NUG နိုင္ငံျခားဝန္ႀကီးဌာနဘက္က ေျပာဆိုထားသည္

unicode

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မစ္စ Ann Linde နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် သံတမန်ရေးရာ တိုးတက်မှု တခုပင်ဖြစ်ကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် NUG ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်တို့ စက်တင်ဘာ ၂၉ ရက်က အွန်လိုင်းမှတဆင့် ရုပ်သံဖြင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ပတ်သက် ၍ ဧရာဝတီက မေးမြန်းရာ ဒေါ်ဇင်မာအောင်က ထိုသို့ ဖြေကြားခြင်း ဖြစ်သည်

၎င်းက  အရင်တုန်းကလည်း သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတွေနဲ့ တွေ့တာတော့ ရှိတယ်  အခုကတော့ ဝန်ကြီးနဲ့ တွေ့ပြီးတော့ တွေ့ဆုံတဲ့အကြောင်းကို Publicly (လူသိရှင်ကြား) ထုတ်ပြန်တဲ့ အကြောင်းကတော့ ထူးခြားချက်တခုပဲ ဖြစ်ပါတယ်  နောက်တခုက ဆွီဒင်ကိုယ်တိုင်က UN (ကုလသမဂ္ဂ) ရဲ့ Credential (ကိုယ်စားလှယ်စိစစ် လက်ခံရေး) ကော်မတီမှာလည်း သူက အဖွဲ့ဝင်အနေနဲ့ ပါလာတယ်ပေါ့။ ဒါက NUG အတွက် သံတမန်ရေးရာ တိုးတက်မှုရှိ တဲ့ တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်  ဟု ဆိုသည်

ဆွီဒင်နိုင်ငံတွင် NUG ၏ ကိုယ်စားလှယ်ထားလိုပါက ပြဿနာမရှိဟု ဆွီဒင်ဘက်က သဘောထားရှိပြီး ဆွီဒင် အပါအဝင် စကင်ဒီနေးဗီးယန်းနိုင်ငံများ၏ ကိုယ်စားလှယ်အဖြစ် ဦးလင်းသန့်က တာဝန်ယူမည် ဖြစ်သောကြောင့် ဦးလင်းသန့်ပါ အ စည်းအဝေးသို့ တက်ရောက်ခြင်း ဖြစ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောသည်

ကျမတို့ဘက်က ဆွီဒင်မှာ ထားမယ်ဆိုရင်လည်း ဆွီဒင်ဘက်က ပြဿနာမရှိပါဘူး အခုလောလောဆယ်တော့ ချက်က ကိုယ်စားလှယ်က ပူးတွဲပြီး တာဝန်ယူနေတယ်။ ကျမတို့ဘက်ကလည်း ကိုယ်စားလှယ်တွေ ခန့်အပ်ဖို့ ပြင်ဆင်နေ တာ ရှိပါတယ် ဟု ၎င်းက ဆိုသည်

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများ၊ စစ်ကောင်စီ၏ အာဏာသိမ်း ရန် ကြိုးပမ်းခဲ့မှုကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲ အကျပ်အတည်းများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှု အခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း NUG ဘက်က သတင်းထုတ်ပြန်ထားသည်

NUG ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်က ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရေး ဆွီဒင်နိုင်ငံဘက်က ကူညီပံ့ပိုးမှု အကြောင်းများ ဆွေးနွေးခဲ့သည် ဟုလည်း ပြောသည်

“ဦးကျော်မိုးထွန်းရဲ့ Credential ကိစ္စ၊ Continuity (ဆက်လက်တည်ရှိနေခြင်း) ဖြစ်ရေး ဆွီဒင်ရဲ့ အခန်းကဏ္ဍ အများ ကြီး အကူအညီ ရခဲ့ပါတယ်။ အဲဒီကိစ္စ ပြောဖြစ်တယ်။ ပြည်တွင်း အခြေအနေတွေ ပြောဖြစ်တယ်။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နိုင်ငံတကာဆီက လိုအပ်နေတဲ့ အကူအညီတွေနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေး ဖြစ်ပါတယ်။ ဆွီဒင် ကတော့ ကျနော်တို့ လက်ရှိ လုပ်နေတဲ့အပေါ်မှာ စာနာနားလည်တယ် လို့ပြောပါတယ်” ဟု ၎င်းက ပြောသည်

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်ကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီး ၂ ဦးတို့သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အတိုင်ပင်ခံ Mr. Derek Chollet တို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်

အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကိုဗစ် ကာကွယ်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေး အမေရိကန်ဘက်က တတ်နိုင်သမျှ ကူညီနေမှု များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း NUG ထံမှ သိရသည်

လက်ရှိတွင် NUG ကိုယ်စားပြု ကိုယ်စားလှယ် ၆ ဦးကို အင်္ဂလန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံနှင့် တောင် ကိုရီးယားနိုင်ငံတို့က တရားဝင် အသိအမှတ်ပြု ခန့်အပ်လွှာများ ပေးအပ်ထားပြီး ကိုယ်စားလှယ်များ အနေဖြင့် တာဝန်များ ထမ်းဆောင်နေပြီ ဖြစ်ကြောင်း NUG နိုင်ငံခြားဝန်ကြီးဌာနဘက်က ပြောဆိုထားသည်