News

လာမယ့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(ပီအာစနစ်)နဲ့ ကျင်းပနိုင်ရေးအသေးစိတ်ပြင်ဆင်နေပြီးဖြစ်၍ အားလုံးကဆုံးဖြတ်ပြီးတာနဲ့ ဆောင်ရွက်မယ်လို့ UECဆို

လာမယ့်ရွေးကောက်ပွဲမှာ မဲအများနဲ့ အနိုင်ရသူ အကုန်ယူအစား အချိုးကျကိုယ်စားပြုစနစ်(ပီအာစနစ်)နဲ့ အစားထိုးဖို့ ရှိ၊မရှိ ဒီကနေ့ ကျင်းပတဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တစ်ဦး မေးခဲ့တာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အားလုံးက ဆုံးဖြတ်ပြီးတာနဲ့ လုပ်မယ်လို့ အဖြေပေးခဲ့ပါတယ်

ဦးခင်မောင်ဦးက ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အသစ်နဲ့ နိုင်ငံရေးပါတီတွေ ဖေဖော်ဝါရီလက တစ်ကြိမ်၊မေလက တစ်ကြိမ် ၂ကြိမ်တွေ့ဆုံတာမှာ တက်ရောက်လာခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက အချိုးကျကိုယ်စားပြုစနစ်ကို ထောက်ခံခဲ့ကြပြီးဖြစ်တယ်လို့ ပြောပါတယ်။…

ဒီ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လိုအပ်တဲ့ ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းတွေကို အသေးစိတ်ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်း ဦးခင်မောင်ဦးကဆက်ပြောပါတယ်။…နောက်ပြီး အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးခဲ့ရင် ကိုယ်စားလှယ်အရေအတွက်က အခုအတိုင်းပဲ ပြောင်း လဲမှာမဟုတ်တဲ့အကြောင်း၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့

မဲဆန္ဒနယ်သတ်မှတ်တာကိုတော့ ကျယ်ပြန့်စွာသတ်မှတ်ဖို့ ရှိတဲ့အကြောင်း၊ဒါဟာ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ဆန့်ကျင်ခြင်းမရှိဘူးလို့လည်းပြောပါတယ်။…ဆက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ဒေသတွေရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ၊နောက်ပြီး တိုင်း၊ပြည်နယ်တွေက တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်ဒါတွေကိုတော့

ရွေးကောက်ပွဲအဆက်ဆက်ကျင့်သုံးခဲ့တဲ့ နိုင်သူအကုန်ယူ အတိုင်းပဲ ဆောင်ရွက်မယ်လို့ပါ ဦးခင်မောင်ဦးရဲ့ ပြောကြားချက်တွေအရ သိရပါတယ်ပီအာစနစ်အသေးစိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အသေးစိတ်မထုတ်ပြန်သေးပါဘူး။…

ပါတီနိုင်ငံရေးလေ့လာသူအချို့ကတော့ ပီအာစနစ်ကျင့်သုံးရေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီတွေက သဘောတူလက်ခံခဲ့တယ်ဆိုတဲ့အပေါ် အစည်းအဝေး မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့တဲ့ အင်အားကြီးမဲနိုင်နိုင်ငံ ရေးပါတီကြီးတွေရဲ့ သဘောထားကိုရော မေးဖို့ မလိုဘူးလားလို့ မေးခွန်းထုတ်ကြပါတယ်။..

ပီအာစနစ်ကျင့်သုံးရေးကို ပထမအကြိမ်အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အဆိုတစ်ခုတင်ပြီး ဆုံးဖြတ်ခဲ့တာရှိဖူးပါတယ်။ဒါပေမယ့် တိုင်းရင်းသားပါတီအချို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့တဲ့ အတွက် ပြည်သူ့လွတ်တော်ဆီမရောက်တော့ဘဲ ရပ်တန့်သွားခဲ့ရတာရှိပါတယ်။…

Zawgyi

လာမယ့္ေ႐ြးေကာက္ပြဲမွာ မဲအမ်ားနဲ႔ အႏိုင္ရသူ အကုန္ယူအစား အခ်ိဳးက်ကိုယ္စားျပဳစနစ္(ပီအာစနစ္)နဲ႔ အစားထိုးဖို႔ ရွိ၊မရွိ ဒီကေန႔ က်င္းပတဲ့ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာသတင္းေထာက္တစ္ဦး ေမးခဲ့တာကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက အားလုံးက ဆုံးျဖတ္ၿပီးတာနဲ႔ လုပ္မယ္လို႔ အေျဖေပးခဲ့ပါတယ္

ဦးခင္ေမာင္ဦးက ေဖေဖာ္ဝါရီ၁ရက္ေနာက္ပိုင္း အသစ္ျပန္လည္ဖြဲ႕စည္းခဲ့တဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္ မရွင္အသစ္နဲ႔ ႏိုင္ငံေရးပါတီေတြ ေဖေဖာ္ဝါရီလက တစ္ႀကိမ္၊ေမလက တစ္ႀကိမ္ ၂ႀကိမ္ေတြ႕ဆုံတာမွာ တက္ေရာက္လာခဲ့ၾကတဲ့ ႏိုင္ငံေရးပါတီေတြက အခ်ိဳးက်ကိုယ္စားျပဳစနစ္ကို ေထာက္ခံခဲ့ၾကၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။…

ဒီ့အတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က လိုအပ္တဲ့ ဥပေဒ၊နည္းဥပေဒ၊လုပ္ထုံးလုပ္နည္းေတြကို အေသးစိတ္ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔လည္း ဦးခင္ေမာင္ဦးကဆက္ေျပာပါတယ္။…ေနာက္ၿပီး အခ်ိဳးက် ကိုယ္စားျပဳစနစ္ကို က်င့္သုံးခဲ့ရင္ ကိုယ္စားလွယ္အေရအတြက္က အခုအတိုင္းပဲ ေျပာင္း လဲမွာမဟုတ္တဲ့အေၾကာင္း၊ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ လုပ္ပိုင္ခြင့္ျဖစ္တဲ့

မဲဆႏၵနယ္သတ္မွတ္တာကိုေတာ့ က်ယ္ျပန႔္စြာသတ္မွတ္ဖို႔ ရွိတဲ့အေၾကာင္း၊ဒါဟာ ၂၀၀၈ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံဥပေဒနဲ႔ ဆန႔္က်င္ျခင္းမရွိဘူးလို႔လည္းေျပာပါတယ္။…ဆက္ၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ေဒသေတြရဲ႕ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေနရာ၊ေနာက္ၿပီး တိုင္း၊ျပည္နယ္ေတြက တိုင္းရင္းသားေရးရာ မဲဆႏၵနယ္ဒါေတြကိုေတာ့

ေ႐ြးေကာက္ပြဲအဆက္ဆက္က်င့္သုံးခဲ့တဲ့ ႏိုင္သူအကုန္ယူ အတိုင္းပဲ ေဆာင္႐ြက္မယ္လို႔ပါ ဦးခင္ေမာင္ဦးရဲ႕ ေျပာၾကားခ်က္ေတြအရ သိရပါတယ္ပီအာစနစ္အေသးစိတ္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က အေသးစိတ္မထုတ္ျပန္ေသးပါဘူး။…

ပါတီႏိုင္ငံေရးေလ့လာသူအခ်ိဳ႕ကေတာ့ ပီအာစနစ္က်င့္သုံးေရးကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ႏိုင္ငံေရးပါတီေတြက သေဘာတူလက္ခံခဲ့တယ္ဆိုတဲ့အေပၚ အစည္းအေဝး မတက္ေရာက္ဘဲ သပိတ္ေမွာက္ခဲ့တဲ့ အင္အားႀကီးမဲႏိုင္ႏိုင္ငံ ေရးပါတီႀကီးေတြရဲ႕ သေဘာထားကိုေရာ ေမးဖို႔ မလိုဘူးလားလို႔ ေမးခြန္းထုတ္ၾကပါတယ္။..

ပီအာစနစ္က်င့္သုံးေရးကို ပထမအႀကိမ္အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ အဆိုတစ္ခုတင္ၿပီး ဆုံးျဖတ္ခဲ့တာရွိဖူးပါတယ္။ဒါေပမယ့္ တိုင္းရင္းသားပါတီအခ်ိဳ႕နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကိုယ္စားလွယ္ေတြ ကန႔္ကြက္ခဲ့တဲ့ အတြက္ ျပည္သူ႔လြတ္ေတာ္ဆီမေရာက္ေတာ့ဘဲ ရပ္တန႔္သြားခဲ့ရတာရွိပါတယ္။…