News

ဝက်လက်မြို့နယ်တွင် စက်တင်ဘာလအတွင်း Mytel တာဝါတိုင် ၈ ခုကိုဖျက်ဆီးပြီး ဒလန် ၂ ဦးသုတ်သင်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် စက်တင်ဘာလအတွင်း

စစ်အုပ်စုပိုင် Mytel တာဝါတိုင် ရှစ်ခုကို ဖျက်ဆီးကာ

ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး နှစ်ဦးကို ရှင်းလင်းခဲ့ကြောင်း

ဝက်လက်အခြေပြုလှုပ်ရှားနေသည့် ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့ထံမှ သိရသည်

အဆိုပါအဖွဲ့သည် စက်တင်ဘာလမှ အောက်တိုဘာလ ၁ရက် အထိ Mytel တာဝါတိုင် ရှစ်ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်

ဝက်လက်မြို့နယ်ရှိမ်းမကားလမ်းဆုံအနီးရှိmytelဆက်သွယ်ရေးတာဝါတိုင်ကိုယနေ့အောက်တိုဘာလ၁ရက်နံနက်၂နာရီမိနစ်၃၀တွင်ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ဗုံးဖောက်ခွဲ မီးရှို့ဖျက်ဆီးလိုက်သည်

လာရောက်ပြုပြင်ပေးသော မည်သည့်ဝန်ထမ်းကိုမဆို လုံးဝ သက်ညှာသွားမည်မဟုတ်ဟု ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ဆိုသည်

ဝက်လက်မြို့နယ် မင်းကုန်းကျေးရွာ ပျူစောထီးအဖွဲ့ဝင် ဦးဖိုးခိုင်သည် စက်တင်ဘာလ ၁၁ ရက်က အသတ်ခံခဲ့ရပြီး

ဘင်တဲကုန်းရွာမှ ဒလန် အောင်ကျော်ဆန်းသည် စက်တင်ဘာ ၂၆ ရက်တွင် အသတ်ခံခဲ့ရသည်

ယင်းအပြင် သစ်ဆိမ့်ရွာအနီးရှိ Mytel တာဝါတိုင် ဖက်သန်းကြီးရွာအနီးရှိ Mytel တာဝါတိုင် ဟံလင်းရှေ့Mytel တာဝါတိုင်

ဟံလင်းတောင်ရှိ Mytelတာဝါတိုင် နောပင်ရွာ Mytel တာဝါတိုင် မင်းကုန်းရွာနှင့်သရိုင်ကြားရှိmytel တာဝါတိုင်နှင့်

ယင်းမတောရွာ mytel ဆက်သွယ်ရေးတာဝါတိုင်တို့အား စက်တင်ဘာလအတွင်း ယင်းအဖွဲ့က ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်

အာဏာသိမ်း စစ်ကောင်စီအား အုပ်ချုပ်ရေး ယန္တရားလည်ပတ်အောင် ကူညီဆောင်ရွက်ပေးနေသည့် အရာမှန်သမျှကို

တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အဆိုပါ ဖောင်းဒိုင်းဖောင်းဒိုင်း အဖွဲ့က ကြေညာထားသည်

zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုခရိုင္ ဝက္လက္ၿမိဳ႕နယ္တြင္ စက္တင္ဘာလအတြင္း

စစ္အုပ္စုပိုင္ Mytel တာဝါတိုင္ ရွစ္ခုကို ဖ်က္ဆီးကာ

ပ်ဴေစာထီးအဖြဲ႕ဝင္ စစ္ေကာင္စီသတင္းေပး ႏွစ္ဦးကို ရွင္းလင္းခဲ့ေၾကာင္း

ဝက္လက္အေျချပဳလႈပ္ရွားေနသည့္ ေဖာင္းဒိုင္းေဖာင္းဒိုင္းအဖြဲ႕ထံမွ သိရသည္

အဆိုပါအဖြဲ႕သည္ စက္တင္ဘာလမွ ေအာက္တိုဘာလ ၁ရက္ အထိ Mytel တာဝါတိုင္ ရွစ္ခုကို ဖ်က္ဆီးခဲ့ျခင္းျဖစ္သည္

ဝက္လက္ၿမိဳ႕နယ္ရွိမ္းမကားလမ္းဆုံအနီးရွိmytelဆက္သြယ္ေရးတာဝါတိုင္ကိုယေန႔ေအာက္တိုဘာလ၁ရက္နံနက္၂နာရီမိနစ္၃၀တြင္ေဖာင္းဒိုင္း ေဖာင္းဒိုင္းအဖြဲ႕က ဗုံးေဖာက္ခြဲ မီးရွို႔ဖ်က္ဆီးလိုက္သည္

လာေရာက္ျပဳျပင္ေပးေသာ မည္သည့္ဝန္ထမ္းကိုမဆို လုံးဝ သက္ညႇာသြားမည္မဟုတ္ဟု ေဖာင္းဒိုင္း ေဖာင္းဒိုင္းအဖြဲ႕က ဆိုသည္

ဝက္လက္ၿမိဳ႕နယ္ မင္းကုန္းေက်းရြာ ပ်ဴေစာထီးအဖြဲ႕ဝင္ ဦးဖိုးခိုင္သည္ စက္တင္ဘာလ ၁၁ ရက္က အသတ္ခံခဲ့ရၿပီး

ဘင္တဲကုန္းရြာမွ ဒလန္ ေအာင္ေက်ာ္ဆန္းသည္ စက္တင္ဘာ ၂၆ ရက္တြင္ အသတ္ခံခဲ့ရသည္

ယင္းအျပင္ သစ္ဆိမ့္ရြာအနီးရွိ Mytel တာဝါတိုင္ ဖက္သန္းႀကီးရြာအနီးရွိ Mytel တာဝါတိုင္ ဟံလင္းေရွ႕Mytel တာဝါတိုင္

ဟံလင္းေတာင္ရွိ Mytelတာဝါတိုင္ ေနာပင္ရြာ Mytel တာဝါတိုင္ မင္းကုန္းရြာႏွင့္သရိုင္ၾကားရွိmytel တာဝါတိုင္ႏွင့္

ယင္းမေတာရြာ mytel ဆက္သြယ္ေရးတာဝါတိုင္တို႔အား စက္တင္ဘာလအတြင္း ယင္းအဖြဲ႕က ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္

အာဏာသိမ္း စစ္ေကာင္စီအား အုပ္ခ်ဳပ္ေရး ယႏၲရားလည္ပတ္ေအာင္ ကူညီေဆာင္ရြက္ေပးေနသည့္ အရာမွန္သမၽွကို

တိုက္ခိုက္ေခ်မႈန္းသြားမည္ျဖစ္ေၾကာင္း အဆိုပါ ေဖာင္းဒိုင္းေဖာင္းဒိုင္း အဖြဲ႕က ေၾကညာထားသည္