အာဏာရှင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ PDF လူငယ်လေးတစ်ဦးဖြစ်တဲ့စိုင်းဟာ ၊ ချစ်သူကောင်မလေးနဲ့အတူ လွတ်မြောက်နယ်မြေကိုထွက်သွားခဲ့ပြီး။ အာဏာရှင်တော်လှန်မည့် လမ်းကိုရဲရဲဝင့်ဝင့်ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်
ထိုသို့ ရွေးချယ်ခဲ့သောလမ်းမှာ စိုင်းဟာစိတ်မကောင်းစွာ အာဏာရှင်ကိုတော်လှန်းရင်းကျဆုံးသွားခဲ့ရပြီး။ ချစ်သူကောင်မလေးဖြစ်သူတစ်ဦးသာ ကျန်ရှိခဲ့ပြီး စိတ်မကောင်းဖြစ်နေရသည်ကို မြင်တွေ့ရပါတယ်
“တဖွဖွနဲ့ ပူဆာနေတဲ့အချိန်တုန်းက မဝယ်ပေးနိုင်ခဲ့လို့တောင်းပန်ပါတယ်စိုင်း ရေတကယ်ဆို ဒီပုံထဲမှာယူနီဖောင်းအပြည့်အစုံနဲ့ လက်နှက်ရပြီဆိုပြီး..အရမ်းပျော်နေတဲ့သူက နင် ဖြစ်နေရမှာကို အခုတော့နာကျည်းချက်တွေနဲ့ လက်နှက် ကိုင်ထားရတဲ့သူကငါ ဖြစ်နေပါရော့လားကျေနပ်ပါစိုင်းရကောင်းရာမွန်ရာ ဘုံဘဝကနေကြည့်ပြီးပြုံးပျော်နေနိုင်ပါစေစိုင်းရေလို့ ရေးသားဖော်ပြထားပါတယ်ခင်ဗျာ
Zawgyi