News

တပ္ရင္းမႉး ၁ ဦး စီးနင္းလိုက္ပါလာသည့္ စစ္ယာဥ္တန္းအား ဗိုလ္ေက်ာ္သက္ ဦးေဆာင္သည့္ DKBA ခြဲထြက္အဖြဲ႕မွ ၾကားျဖတ္တိုက္ခိုက္

ေကာ့ကရိတ္အနီး အာရွလမ္းမတြင္ တိုက္ပြဲျဖစ္၊ စစ္ေကာင္စီယာဥ္တန္းကို လက္နက္ခိုင္အဖြဲ႕ ၁ ခုမွ ၾကားျဖတ္တိုက္ခိုက္ဟုဆို
ရန္ကုန္၊ ေအာက္တိုဘာ ၁

ကရင္ျပည္နယ္၊၊ ေကကာ့ကရိတ္-က်ိဳက္ဒုံ လမ္းဆုံအနီး၊ ဘားအံ-ျမဝတီ အာရွလမ္းမ အေရွ႕ဘက္ျခမ္းတြင္ ယေန႔ ေအာက္တိုဘာလ ၁ ရက္ နံနက္ ၉ နာရီဝန္းက်င္တြင္ စစ္ေကာင္စီတပ္ႏွင့္ DKBA ခြဲထြက္အဖြဲ႕မ်ား တိုက္ပြဲျဖစ္ပြားသည္ဟု ေဒသသတင္းရင္းျမစ္မ်ားတြင္ ေဖာ္ျပသည္။

အၾကမ္းဖက္စစ္ေကာင္စီမွ တပ္ရင္းမႉး ၁ ဦး စီးနင္းလိုက္ပါလာသည့္ စစ္ယာဥ္တန္းအား ဗိုလ္ေက်ာ္သက္ ဦးေဆာင္သည့္ DKBA ခြဲထြက္အဖြဲ႕မွ ၾကားျဖတ္တိုက္ခိုက္ရာက တိုက္ပြဲ ျဖစ္ပြားသည္ဟု ေဒသသတင္းရင္းျမစ္ Klo FM တြင္ ေဖာ္ျပသည္။

ေဒသသတင္းရင္းျမစ္ KIC သတင္းဌာနတြင္မူ စစ္ေကာင္စီတပ္ႏွင့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တို႔ ပစ္ခတ္မႈျဖစ္ေၾကာင္း ေဒသခံတစ္ဦးအား ကိုးကား၍ ေဖာ္ျပထားသည္။

“KNU နဲ႔ စစ္ေကာင္စီတပ္နဲ႔ ပစ္တာ၊ မနက္ ကိုးနာရီေလာက္မွာစျဖစ္တယ္။ အခု ကိုးနာရီခြဲအထိ ပစ္ေနတုန္းပါပဲ။ လက္နက္ႀကီးေကာ၊ လက္နက္ငယ္ေကာ အစုံပဲ ပစ္တာ”ဟု ၎ေကာ့ကရိတ္ေဒသခံက ေကအိုင္စီသို႔ ေျပာသည္။

တိုက္ပြဲျဖစ္ပြားမႈအေသးစိတ္ႏွင့္ ႏွစ္ဖက္က်ဆုံးစာရင္း သီးျခားအတည္မျပဳနိုင္ေသးေပ။
ဓါတ္ပုံ – အာရွလမ္းမတြင္ ေတြ႕ရသာ DKBA တပ္ဖြဲ႕ဝင္မ်ား (ပုံအေဟာင္း)
Photo Crd – ကရင္အမ်ိဳးသားမီဒီယာ

unicode

ကော့ကရိတ်အနီး အာရှလမ်းမတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီယာဉ်တန်းကို လက်နက်ခိုင်အဖွဲ့ ၁ ခုမှ ကြားဖြတ်တိုက်ခိုက်ဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၁

ကရင်ပြည်နယ်၊၊ ကေကာ့ကရိတ်-ကျိုက်ဒုံ လမ်းဆုံအနီး၊ ဘားအံ-မြဝတီ အာရှလမ်းမ အရှေ့ဘက်ခြမ်းတွင် ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် DKBA ခွဲထွက်အဖွဲ့များ တိုက်ပွဲဖြစ်ပွားသည်ဟု ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီမှ တပ်ရင်းမှူး ၁ ဦး စီးနင်းလိုက်ပါလာသည့် စစ်ယာဉ်တန်းအား ဗိုလ်ကျော်သက် ဦးဆောင်သည့် DKBA ခွဲထွက်အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲ ဖြစ်ပွားသည်ဟု ဒေသသတင်းရင်းမြစ် Klo FM တွင် ဖော်ပြသည်။

ဒေသသတင်းရင်းမြစ် KIC သတင်းဌာနတွင်မူ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံတစ်ဦးအား ကိုးကား၍ ဖော်ပြထားသည်။

“KNU နဲ့ စစ်ကောင်စီတပ်နဲ့ ပစ်တာ၊ မနက် ကိုးနာရီလောက်မှာစဖြစ်တယ်။ အခု ကိုးနာရီခွဲအထိ ပစ်နေတုန်းပါပဲ။ လက်နက်ကြီးကော၊ လက်နက်ငယ်ကော အစုံပဲ ပစ်တာ”ဟု ၎င်းကော့ကရိတ်ဒေသခံက ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုအသေးစိတ်နှင့် နှစ်ဖက်ကျဆုံးစာရင်း သီးခြားအတည်မပြုနိုင်သေးပေ။
ဓါတ်ပုံ – အာရှလမ်းမတွင် တွေ့ရသာ DKBA တပ်ဖွဲ့ဝင်များ (ပုံအဟောင်း)
Photo Crd – ကရင်အမျိုးသားမီဒီယာ