News
အာဏာသိမ်းခေါင်းဆောင် ပူတာအိုခရီးစဉ် ထပ်မံရွေ့ဆိုင်းလိုက်ရ
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ကချင်ပြည်နယ်ပူတာအိုမြို့သို့သွားရောက်ရေးဒုတိယအကြိမ်ကြိုးစားမှုကလည်းပျက်ပြယ်သွားပြန်ပြီဟုစစ်ဘက်သတင်းအရင်းအမြစ်များကပြောဆိုကြောင်း မဇ္ဈိမ သတင်းမှာ ဖော်ပြထားပါတယ်
အာဏာသိမ်းခေါင်းဆောင်အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာလအတွင်းက မြစ်ကြီးနားမြို့ သို့ သွားရောက်ခိုက် ပူတာအိုကိုပါသွားရန်စီစဉ်ထားခဲ့သော်လည်း လုံခြုံရေး စိတ်မချရသည့်အတွက် ခရီးစဉ်ပျက်ပြယ်ခဲ့ရာက အောက်တိုဘာလ ဆန်းပိုင်း တွင် သွားရောက်ရန်ခရီးစဉ်စီစဉ်ခဲ့ပြန်သည်
သို့သော်ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PUTAOPDFမှအာဏာရှင်ဖြုတ်ချရန်အဆင်သင့်ဖြစ်ကြောင်းကြေညာထားပြီးနောက်မှာတော့ခရီးစဉ်ကိုထပ်မံရွေ့ဆိုင်းထားကြောင်းစစ်ဘက်သတင်းအရင်းအမြစ်က ပြောသည်။
လူကြီးလမ်းကြောင်းကမြေပြင်အခြေအနေမရှင်းသေးဘူးလို့ပြောလို့ခရီးစဉ်ကို‌ထပ်ရွေ့ဆိုင်းထားတယ်လို့ပြောတယ် ဟုသတင်းအရင်းအမြစ်ကပြောသည်။အာဏာသိမ်းခေါင်းဆောင်အစကလူကြီးလမ်းကြောင်းက ဒီစနေ၊တနဂ်နွေလို့ ​ကြားတယ်  နောက်ပြီးရက်ရွှေ့တယ်လို့လည်း ကြားတယ်။ လူကြီးလမ်းကြောင်း ပျက်တယ်လည်းကြားတယ် ရက်ပိုင်းအတွင်း ၂
ခေါက်ပြန်လာတာတော့ရှားပါတယ်  ဒုချုပ်လမ်း ကြောင်းလို့ လည်းကြားတယ်။ အမျိုးမျိုးကြားနေတာဘဲ ထုံးစံကတော့ လာတာမလာတာထက် ဒီဘက်ကတော့အကုန် Stand by ပြင် ထားရတာဘဲ  လာ မလာ တော့ မသေချာတော့ဘူး ဟု မပခ တပ်မိသားစုဝင်တဦးက ပြောကြောင်း MPA သတင်းမှာဖော်ပြထားပါတယ်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သည့်သတင်းရင်းမြစ်ကတော့VIPလမ်းကြောင်းလုံခြုံရေးအတွက်နယ်မြေခံတပ်ရင်းများကလုံခြုံရေးအခြေအနေဆောင်ရွက်နိုင်ခြင်းမရှိသေးခြင်းကြောင့်ခရီးစဉ်ကိုရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်
စစ်ကောင်စီ၏ ကချင်ပြည်နယ် မြစ်ကြီးနာခရီးစဉ်စက်တင်ဘာလအတွင်းပူတာအိုကိုတက်ကာပြည်သူ့စစ်ခေါင်းဆောင်ပိုင်းနှင့်တွေ့ဆုံဖို့စီစဉ်ခဲ့သော်လည်းကချင်လွတ်မြောက်ရေးတပ်မတော်KIAတပ်မဟာ (၁၏ လမ်းပိတ်ဆို့မှုကြောင့် ခရီးစဉ်ကို ရွေ့ဆိုင်းခဲ့သည်
အဆိုပါပထမအကြိမ်ခရီးစဉ်အတွင်ကချင်လွတ်မြောက်ရေးတပ်မတော်KIAကပူတာအိုမြို့သို့စစ်ခေါင်းဆောင်၏လုံခြုံရေးတပ်ဖွဲ့များကိုဖြတ်သန်းခွင့်မပြုခဲ့ဘဲယခုတခေါက်တကျော့ပြန်ခရီးစဉ်အတွက်လည်း ပူတာအို PDFတပ်ဖွဲ့မှလည်း တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဟု ထုတ်ပြန် ကြေညာထားကြောင်း သိရသည်ပူတာအို PDF သည် KIO/KIA ၏ ဦးဆောင်မှုအောက်တွင်ရှိနေသေးကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်ကထုတ်ပြန်ထားသည်
zawgyi