Knowledge

ေအာင္လံလႊင့္ခ်ီေႏြဦးထီ ယေန႔စဖြင့္၊ ကံထူးသူ ၆၀ ေက်ာ္ ဆုေၾကးေငြမ်ားျပန္လႉ

ေအာင္လံလႊင့္ခ်ီေႏြဦးထီ ယေန႔စဖြင့္၊ ကံထူးသူ ၆၀ ေက်ာ္ ဆုေၾကးေငြမ်ားျပန္လႉ ရန္ကုန္၊ ေအာက္တိုဘာ ၁

အမ်ိဳးသားညီညႊတ္ေရးအစိုးရ NUG ၏ ပထမဆုံးအႀကိမ္ ေအာင္လံလႊင့္ခ်ီေႏြဦးထီ ေရွ႕ေျပးစီမံခ်က္ Pilot Projectကိုယေန႔နံနက္ ၉ နာရီမွစတင္ဖြင့္လွစ္ခဲ့သည္

ထီေပါက္စဥ္မွာ ထီတိုက္လို႔ရေနပါၿပီ ဟု ေအာင္လံလႊင့္ခ်ီေႏြဦးထီ တရားဝင္ လူမႈကြန္ရက္စာမ်က္ႏွာမွေၾကညာသည္ ထီထိုးစဥ္ကကဲ့သို႔ ေႏြဦးထီ chat bot ထဲကိုဝင္ၿပီး chat bot cards ေလးမ်ားထဲမွ ထီေပါက္စဥ္ ဆိုသည့္ ကတ္ကိုႏွိပ္ၿပီးဝင္ေရာက္ထီတိုက္နိုင္သည္ဟု အသိေပးထားသည္ ထို႔ျပင္ ကံထူးခဲ့သည့္ ၇၅ ဦးထဲမွ ၆၂ ဦးသည္ ဆုေၾကးေငြမ်ားကို ျပန္လည္လႉဒါန္းရန္ဆႏၵျပဳထားၾကၿပီး ၎တို႔ကို အမ်ိဳးသားညီညြတ္ေရးအစိုးရ

စီမံကိန္း၊ ဘ႑ာေရး ႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာနမွ ေက်းဇူးတင္ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးပို႔သြားမည္ျဖစ္ေၾကာင္း NUG က ဆိုသည္

NUG ၏ ေအာင္လံလႊင့္ခ်ီေႏြဦးထီ ကို စက္တင္ဘာလ ၁၅ ရက္မွစတင္၍ အြန္လိုင္းမွတစ္ဆင့္ ေရာင္းခ်ခဲ့ၿပီး စတင္ေရာင္းခ်သည့္ေန႔တြင္ပင္ ၁ နာရီအတြင္း သတ္မွတ္ေစာင္ေရအားလုံးကို ေရာင္းခ်နိုင္ခဲ့သည္

ေအာင္လံလႊင့္ခ်ီေႏြဦးထီ ေရာင္းရေငြအတြင္းမွ ၇၀ ရာခိုင္ႏႈန္းကို CDM ဝန္ထမ္းမ်ားကို ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္ Ref: Burma Associated Press

unicode

အောင်လံလွှင့်ချီနွေဦးထီ ယနေ့စဖွင့်၊ ကံထူးသူ ၆၀ ကျော် ဆုကြေးငွေများပြန်လှူ ရန်ကုန်၊ အောက်တိုဘာ ၁

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ပထမဆုံးအကြိမ် အောင်လံလွှင့်ချီနွေဦးထီ ရှေ့ပြေးစီမံချက် Pilot Projectကိုယနေ့နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ခဲ့သည်

ထီပေါက်စဉ်မှာ ထီတိုက်လို့ရနေပါပြီ ဟု အောင်လံလွှင့်ချီနွေဦးထီ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှကြေညာသည် ထီထိုးစဉ်ကကဲ့သို့ နွေဦးထီ chat bot ထဲကိုဝင်ပြီး chat bot cards လေးများထဲမှ ထီပေါက်စဉ် ဆိုသည့် ကတ်ကိုနှိပ်ပြီးဝင်ရောက်ထီတိုက်နိုင်သည်ဟု အသိပေးထားသည်

ထို့ပြင် ကံထူးခဲ့သည့် ၇၅ ဦးထဲမှ ၆၂ ဦးသည် ဆုကြေးငွေများကို ပြန်လည်လှူဒါန်းရန်ဆန္ဒပြုထားကြပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ

စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးပို့သွားမည်ဖြစ်ကြောင်း NUG က ဆိုသည်

NUG ၏ အောင်လံလွှင့်ချီနွေဦးထီ ကို စက်တင်ဘာလ ၁၅ ရက်မှစတင်၍ အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ပြီး စတင်ရောင်းချသည့်နေ့တွင်ပင် ၁ နာရီအတွင်း သတ်မှတ်စောင်ရေအားလုံးကို ရောင်းချနိုင်ခဲ့သည်

အောင်လံလွှင့်ချီနွေဦးထီ ရောင်းရငွေအတွင်းမှ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည် Ref: Burma Associated Press