News

စခန်းသိမ်းတိုက်ပွဲ စတင်မည်ဟု ပြည်သူ့တော်လှန်ရေးတပ်မတော် ကြေညာ

လူအင်အားနဲ့ လက်နက်အင်အားရှိလာပြီဖြစ်တဲ့အတွက် စခန်းသိမ်းတိုက်ပွဲတွေ စတင်တော့မယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က စစ်အာဏာသိမ်းပြီး ၈ လအကြာမှာ ကြေညာ လိုက်ပါတယ်။စစ်အာဏာသိမ်းပြီးကတည်းက စစ်သင်တန်းတွေပေးခဲ့တဲ့ ပြည်သူ့တော်လှန်ရေးတပ် PRA ဟာ ၈ လအကြာမှာ စစ်သင်တန်း အပတ်စဉ် ၉ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး လူအင်အားနဲ့

လက်နက်အင်အား ရှိလာပြီဖြစ်တဲ့အတွက် စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတော့မယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော်ရဲ့ ဗိုလ်ဂျပန်ကြီးက ပြောပါတယ်။ကျနော်တို့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) မှာ အကြမ်းဖက်မင်း‌အောင်လှိုင်သစ္စာခံ အကြမ်းဖက်တပ်ကို တိုက်ခိုက်ဖို့ရာ လုံလောက်တဲ့ အင်အားရရှိလာတာကြောင့် အခုလို စစ်ကြေညာရတာပါ။ အခုလို စစ်ကြောညာပြီးပြီဆိုတော့

ကျနော်တို့သင်တန်းတွေကို ခဏနားထားမယ်ဗျ။ အခုလည်း စစ်ကောင်စီတွေရဲ့ လုံခြုံရေးတင်ကြပ်ထားတဲ့ကြားက ကျနော်တို့သင်တန်းအမှတ်စဉ် ၉ အထိ သင်တန်းပေးနိုင်ခဲ့တယ်။မိန်းကလေးသင်တန်းက အမှတ်စဉ် ၂ အထိ သင်တန်းပေးနိုင်ခဲ့တယ်။ အခုလို လုံလောက်တဲ့အင်အားရလာပြီဆိုတော့ ကျနော်တို့တိုက်ခိုက်ရေးဘက်ပြုလုပ်တော့မှာကြောင့် အခုလိုစစ်မျက်နှာဖွင့်ကြောညာရတာပါလို့ ပြောပါတယ်။

ပြည်သူ့တော်လှန်ရေးတပ် PRA ဟာ မြန်မာနိုင်ငံတဝန်း ပြောက်ကျားတပ်သားတွေ ဖြန့်ထားတဲ့ အဖွဲ့ဖြစ်ပြီး စစ်ကောင်စီက ပြည်သူတွေကို အနိုင်ကျင့်အကြမ်းဖက်နေတာကို ရပ်တန်းကရပ်ဖို့ တိုက်တွန်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

ပြည်သူတွေဟာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေ ရသလို ကိုဗစ်-၁၉ ဒဏ်ကြောင့် ရပ်တည်ရခက်ခဲနေတဲ့အတွက် စစ်မျက်နှာတွေကို စောစောဖွင့်နိုင်ဖို့ ကြိုးစားတာလို့ ပြည်သူ့တော်လှန်ရေးတပ် PRA တာဝန်ရှိသူတစ်ဦး ပြောပါတယ်။

စက်တင်ဘာ ၇ ရက်နေ့တုန်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG က တုံ့ပြန်စစ်ဆင်နွှဲဖို့ ကြေညာချက်ကိုလည်း ပြည်သူ့တော်လှန်ရေးတပ် PRA က ထောက်ခံခဲ့ပါတယ်။PRA ဟာ အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့အဖွဲ့ဖြစ်ပြီး နိုင်ငံတကာစစ်စည်းကမ်းတွေကို လေးစားလိုက်နာသွားမယ်လို့ PRA တာဝန်ရှိသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်နေ့က တွန်းလှန်စစ်ခေါ်ပြီး အချိန်တစ်ပတ်အကြာ စက်တင်ဘာ ၁၄ ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်လို့ သေဆုံးတဲ့ ပြည်သူ ၇၈ ယောက်အထိ ရှိခဲ့ပါတယ်။

အချိန်တစ်ပတ်အတွင်း အနောက်မြောက်တိုင်း စစ်ဒေသတည်ရှိရာ မကွေးတိုင်းမှာ ပြည်သူ ၃၁ ယောက်ကျဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာတော့ ပြည်သူ ၂၈ ယောက်အထိ ကျဆုံးခဲ့ပါတယ်။သေဆုံးနှုန်းတွေအရ အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီက အဓိက ဖိအားပေးတိုက်ခိုက်နေတာ တွေ့နိုင်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာတွေကို ရပ်တန်းကရပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ People Revolution Army (PRA) တာဝန်ရှိသူကပြောဆိုခဲ့ပါတယ်။

Zawgyi

လူအင္အားနဲ႔ လက္နက္အင္အားရွိလာၿပီျဖစ္တဲ့အတြက္ စခန္းသိမ္းတိုက္ပြဲေတြ စတင္ေတာ့မယ္လို႔ ျပည္သူ႔ေတာ္လွန္ေရးတပ္မေတာ္ PRA က စစ္အာဏာသိမ္းၿပီး ၈ လအၾကာမွာ ေၾကညာ လိုက္ပါတယ္။စစ္အာဏာသိမ္းၿပီးကတည္းက စစ္သင္တန္းေတြေပးခဲ့တဲ့ ျပည္သူ႔ေတာ္လွန္ေရးတပ္ PRA ဟာ ၈ လအၾကာမွာ စစ္သင္တန္း အပတ္စဥ္ ၉ အထိ ဖြင့္လွစ္ႏိုင္ခဲ့ၿပီး လူအင္အားနဲ႔

လက္နက္အင္အား ရွိလာၿပီျဖစ္တဲ့အတြက္ စခန္းသိမ္းတိုက္ပြဲေတြ ဆင္ႏႊဲေတာ့မယ္လို႔ ျပည္သူ႔ေတာ္လွန္ေရးတပ္မေတာ္ရဲ႕ ဗိုလ္ဂ်ပန္ႀကီးက ေျပာပါတယ္။က်ေနာ္တို႔ ျပည္သူ႔ေတာ္လွန္ေရး တပ္မေတာ္ (PRA) မွာ အၾကမ္းဖက္မင္း‌ေအာင္လႈိင္သစၥာခံ အၾကမ္းဖက္တပ္ကို တိုက္ခိုက္ဖို႔ရာ လုံေလာက္တဲ့ အင္အားရရွိလာတာေၾကာင့္ အခုလို စစ္ေၾကညာရတာပါ။ အခုလို စစ္ေၾကာညာၿပီးၿပီဆိုေတာ့

က်ေနာ္တို႔သင္တန္းေတြကို ခဏနားထားမယ္ဗ်။ အခုလည္း စစ္ေကာင္စီေတြရဲ႕ လုံၿခဳံေရးတင္ၾကပ္ထားတဲ့ၾကားက က်ေနာ္တို႔သင္တန္းအမွတ္စဥ္ ၉ အထိ သင္တန္းေပးႏိုင္ခဲ့တယ္။မိန္းကေလးသင္တန္းက အမွတ္စဥ္ ၂ အထိ သင္တန္းေပးႏိုင္ခဲ့တယ္။ အခုလို လုံေလာက္တဲ့အင္အားရလာၿပီဆိုေတာ့ က်ေနာ္တို႔တိုက္ခိုက္ေရးဘက္ျပဳလုပ္ေတာ့မွာေၾကာင့္ အခုလိုစစ္မ်က္ႏွာဖြင့္ေၾကာညာရတာပါလို႔ ေျပာပါတယ္။

ျပည္သူ႔ေတာ္လွန္ေရးတပ္ PRA ဟာ ျမန္မာႏိုင္ငံတဝန္း ေျပာက္က်ားတပ္သားေတြ ျဖန႔္ထားတဲ့ အဖြဲ႕ျဖစ္ၿပီး စစ္ေကာင္စီက ျပည္သူေတြကို အႏိုင္က်င့္အၾကမ္းဖက္ေနတာကို ရပ္တန္းကရပ္ဖို႔ တိုက္တြန္းထားတဲ့အဖြဲ႕ျဖစ္ပါတယ္။

ျပည္သူေတြဟာ စစ္ေကာင္စီရဲ႕အၾကမ္းဖက္မႈေတြေၾကာင့္ စားဝတ္ေနေရးအခက္အခဲႀကဳံေန ရသလို ကိုဗစ္-၁၉ ဒဏ္ေၾကာင့္ ရပ္တည္ရခက္ခဲေနတဲ့အတြက္ စစ္မ်က္ႏွာေတြကို ေစာေစာဖြင့္ႏိုင္ဖို႔ ႀကိဳးစားတာလို႔ ျပည္သူ႔ေတာ္လွန္ေရးတပ္ PRA တာဝန္ရွိသူတစ္ဦး ေျပာပါတယ္။

စက္တင္ဘာ ၇ ရက္ေန႔တုန္းက အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က တုံ႔ျပန္စစ္ဆင္ႏႊဲဖို႔ ေၾကညာခ်က္ကိုလည္း ျပည္သူ႔ေတာ္လွန္ေရးတပ္ PRA က ေထာက္ခံခဲ့ပါတယ္။PRA ဟာ အမ်ိဳးသားညီၫြတ္ေရးအစိုးရက တရားဝင္အသိအမွတ္ျပဳထားတဲ့အဖြဲ႕ျဖစ္ၿပီး ႏိုင္ငံတကာစစ္စည္းကမ္းေတြကို ေလးစားလိုက္နာသြားမယ္လို႔ PRA တာဝန္ရွိသူက ေျပာပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရက စက္တင္ဘာ ၇ ရက္ေန႔က တြန္းလွန္စစ္ေခၚၿပီး အခ်ိန္တစ္ပတ္အၾကာ စက္တင္ဘာ ၁၄ ရက္ေန႔အထိ ႏိုင္ငံတဝွမ္းမွာ စစ္ေကာင္စီက အၾကမ္းဖက္သတ္ျဖတ္လို႔ ေသဆုံးတဲ့ ျပည္သူ ၇၈ ေယာက္အထိ ရွိခဲ့ပါတယ္။

အခ်ိန္တစ္ပတ္အတြင္း အေနာက္ေျမာက္တိုင္း စစ္ေဒသတည္ရွိရာ မေကြးတိုင္းမွာ ျပည္သူ ၃၁ ေယာက္က်ဆုံးခဲ့ၿပီး စစ္ကိုင္းတိုင္းမွာေတာ့ ျပည္သူ ၂၈ ေယာက္အထိ က်ဆုံးခဲ့ပါတယ္။ေသဆုံးႏႈန္းေတြအရ အေနာက္ေျမာက္တိုင္းစစ္ေဒသကို စစ္ေကာင္စီက အဓိက ဖိအားေပးတိုက္ခိုက္ေနတာ ေတြ႕ႏိုင္ၿပီး အျပစ္မဲ့ျပည္သူေတြကို ဖမ္းဆီးသတ္ျဖတ္တာ၊ ေနအိမ္ေတြကို မီးရႈိ႕တာေတြကို ရပ္တန္းကရပ္ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ဖို႔ People Revolution Army (PRA) တာဝန္ရွိသူကေျပာဆိုခဲ့ပါတယ္။